Chapter-52

1K 129 0
                                    

Unicode

ဟဲဇီကျုံးနှင့်ဖန်ဟောင်သည်အရှေ့သို့ဆက်လျှောက်သွားလိုက်သည်။သူတို့သည်ပါးစပ်ပေါက်ဆိုးတဲ့ဆိုင်ပိုင်ရှင်ရဲ့ဆိုင်ရှေ့တွင်အကြာကြီးမနေခဲ့ပေ။ထိုလူသည်သူဆိုင်သို့ဝယ်ရန်တစ်ယောက်မှမလာသည်ကိုမြင်သောအခါသူဆိုင်ကိုသိမ်းလိုက်ပြီးနေ့လည်စာစားရန်အိမ်ပြန်ဖို့ပြင်ဆင်လိုက်သည်။သူ့အိမ်တွင် ကောင်းမွန်သောပစ္စည်းများနှင့်စားနပ်ရိက္ခာအများအပြားရှိသောကြောင့်သူ့ကသူ့လက်နက်များကို စျေးသက်သက်သာသာဖြင့်ရောင်းချရန်ဆန္ဒမရှိပေ။ အပြင်မှာခဏလောက်သာဆိုင်ခင်းဖို့လိုအပ်ပြီး နာမည်ကောင်းရပြီးသွားရင်ငါးအကြီးကြီး(သူ့ဆိုင်တွင်ပစ္စည်းအများကြီးဝယ်မယ့်လူ)တွေကသူ့တံခါးကိုလာခေါက်လိမ့်မည်။

သီးချင်းလေးတစ်ပုဒ်ကိုညည်းနေရင်းနဲ့အဆောက်အအုံအစုအဝေးဆီသို့ဝင်သွားသည်။ဒုတိယလမ်း ထောင့်ချိုးသို့ရောက်သောအခါလေပြင်းတစ်ခုကတိုက်ခတ်လာသည်။ထိုအမျိုးသားကသူ့ခေါင်းကိုလှည့် မကြည့်နိုင်ခင်မျက်လုံးကမည်းမှောင်လာပြီးမြေပြင် ပေါ်သို့လှဲကျသွားကာနောက်ထပ်မထနိုင်တော့ပေ။ အခြေစိုက်စခန်းအတွင်း၌ဇွန်ဘီ၏ခြိမ်းခြောက်နိုင်မူတွေအားရှင်းလင်းပြီးသွားပြီဖြစ်သော်လည်းလူသားအချင်းချင်း၏အန္တာရယ်မှာပြင်ပရှိအန္တာရယ်လောက်မများပင်မယ့်အန္တာရယ်များနေဆဲဖြစ်သည်။အထူးသဖြင့်အခြေစိုက်စခန်းတွင်လျှပ်စစ်ဓာက်အားကန့်သက်ထားသောကြောင့်လမ်းဘေးရှိCCTVကင်မရာ များသည်အလှဆင်ထားသလိုသာဖြစ်နေပြီးလူသတ်မှုများမကြာခဏဖြစ်နေသည်။

ဟဲဇီကျုံးနှင့်ဖန်ဟောင်သည်ဓားကြီးတစ်ချောင်းနှင့် အနောက်တိုင်းဓားတစ်ချောင်းကိုဆန်ဆယ်တင်း တစ်အိတ်နှင့်အလဲလှယ်မလုပ်ခင်လမ်းဘေးစျေးတွင်အကြာကြီးနေခဲ့သည်။ထိုလက်နက်နှစ်ခုသည်တကယ့်လက်နက်အစစ်မဟုတ်သော်လည်းရိုက်ကူး ရေးကဇာက်ဝင်ပစ္စည်းအသုံးအဆောင်များဖြစ်သည်။ဓားများသည်သံမဏိအစစ်ဖြင့်ပြုလုပ်ထားတာမဟုတ်သော်လည်းဟဲဇီကျုံးကထိုဓားတွေကိုရွှေစွမ်းအင်ထပ်ပေါင်းထည့်ပြီးအရင်ကအသုံးပြုခဲ့သောစတီးပိုက်တွေထက်တော့ပိုကောင်းသည်။

ပြန်လည်မွေးဖွားပြီးနောက်အချစ်လေးဖန်ဟောင်နှင့်ကမ္ဘာပျက်ကပ်နေ့ရက်များဆီသို့Where stories live. Discover now