Chapter-65

700 99 1
                                    

Unicode
ထိုစကားများကိုကြားပြီးနောက်ချန်နင်သည်ခဏ လောက်စဉ်းစားလိုက်ပြီး"စုပေါင်းဆောင်ရွှတ်တဲ့အခါစည်းကမ်းတွေလိုက်နာနေသရွှေ့"ထို့နောက် ကောပင်းဘက်ကိုလှည့်လိုက်ပြီး"Overloardအဖွဲ့က အတွင်းသတင်းရခဲ့တယ်လို့ထင်တယ်၊သူတို့အဖွဲ့ထဲကလူတွေကမျိုးစေ့တွေရောင်းတဲ့နေရာနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုစုဆောင်းရင်းနဲ့ အလုပ်ရှုပ်နေတယ်"
ကောပင်းကမျက်မှောင်ကြုံလိုက်ပြီးခဏလောက် စဉ်းစားလိုက်ကာ"ငါတို့လူတွေကကိုလည်းအဲ့ဒါကို ပိုအာရုံစိုက်ခိုင်းထားပြီးစစ်ဆေးကြည့်ရမယ်၊ငါတို့လမ်းမှာမျိုးစေ့ဆိုင်ရှိမလားဆိုတာကြည့်ကြတာပေါ့၊ လမ်းမှာတွေ့ရင်ငါတို့ရပ်ပြီးတော့မျိုးစေ့တစ်ချို့ယူ ကြတာပေါ့?မင်းနေရာလွတ်မှာလည်းနေရာတွေ အများကြီးကျန်သေးတယ်မလား၊overloardအဖွဲ့မှာ အပင်စွမ်းအားရှင်ရှိတယ်ဆိုရင်တောင်သူတို့မျိုးစေ့ တော်တော်များများကိုစိုက်လို့မရဘူး…အလကားဘဲ"
"အပြင်ဘက်မှာအပင်တော်တော်များများကသေနေ ပြီ"
"ဟုတ်တယ်၊ရာသီဥတုကလည်းတော်တော်ဆိုး ရွှားတယ်ကမ္ဘာပျက်ကပ်စတင်ကတည်းကရာသီဥတုကောင်းတယ်နေ့ဆိုတာမရှိသေးဘူး၊…..ပြီးတော့ အဲ့မျက်နှာဖြူအိုက်လွမ်ကအခြေစိုက်စခန်းဗိုလ်မှူး ဆောင်းရဲ့မြေးမလေးခြေထောက်ကိုဖတ်ထားတယ်ဆိုတာတောင်ငါမေ့လုနီးပါးဖြစ်သွားတယ်၊သူတို့သတင်းအချို့ကြားထားတာဖြစ်နိုင်တယ်"ကောပင်းရဲ့ မျက်လုံးများတောက်ပနေသည်။ခဏကြာပြီးနောက်သူကထိုင်နေရာမှထလိုက်ပြီး"မင်းချောင်လီကို နေရာရှင်းထားဖို့ပြောလိုက်ငါတို့အပြန်ကျရင်အရေး ကြီးတဲ့မျိုးစေ့တွေစုဆောင်းရမယ်အဲ့ဒါကြောင့်ငါတို့ ပြင်ဆင်ထားရမယ်"
ချန်နင်ကအကူညီမဲ့စွာဖြင့်သက်ပြင်းချလိုက်သည်"အဲ့တာက၁ကုဗမီတာဘဲရှိတယ်၊အဲ့တာကြောင့် ပစ္စည်းတွေထည့်ဖို့နေရာကမလုံလောက်ဘူးငါအဲ့ဒီ စွမ်းရည်ကိုဘယ်လိုအဆင့်မြှင့်ရမလဲဆိုတာ မသိတော့ဘူး၊အဲ့လောက်နေရာအကျယ်အဝန်းသေးသေးလေးကလုံလောက်မှာလဲ"
"စိတ်ရှည်စမ်းပါ၊ငါမှာဆိုစွမ်းအားတောင်မရှိဘူး" ကောပင်းကသူ့ကိုမျက်ဖြူလှန်ပြလိုက်သည်.
"စွမ်းအားတွေကအများကြီးရှိတာကို၊ငါကလျိုကျန့်ဖုန်းလိုမျိုးခွန်အားစွမ်းအင်ရှိချင်တာ၊အဲ့တာကဇွန်ဘီတွေနဲ့တိုက်ခိုက်လို့ရတယ်၊ဒါမှမဟုတ်မင်ကောလို မီးစွမ်းအင်ဆိုလည်းကောင်းတာကိုသူ့ဆိုမီးလက်သီးလည်းထိုးလို့ရတယ်"သူ့ကမနာလိုအားကျစွာပြော နေရင်းနဲ့နှုတ်ခမ်းကိုကိုက်ထားသည်။
ကောပင်းသည်သူ့ဖြစ်နေတဲ့ပုံစံကိုကြည့်ပြီးရီမော ကာသူ့ကိုကန်လိုက်သည်။"မင်းကိုကြည့်စမ်း၊မင်း လိုနူးညံသိမ့်မွေ့တဲ့ငါးဆားနူလေးကယောက်ျားပီသချင်နေတုန်းဟုတ်လား၊အခြေစိုက်စခန်းတစ်ခုလုံးမှာတောင်နေရာလွတ်စွမ်းအားရှင်နည်းနည်းဘဲရှိတာ မင်းမသိဘူးလား?မီးစွမ်းအားခွန်အားစွမ်းအင်တွေထက်ပိုတန်ဖိုးရှိနေတာကိုမင်းကမပျော်ဘူးလား? နေရာလွတ်ထဲမှာကိုကာကိုလာဖွတ်ထားလို့ရတယ့် အချိန်တွေမျိုးမှာဆိုလေ"
ချန်နင်ကလည်းရီလိုက်ပြီး"ဟီးဟီးအဲ့တစ်ကြိမ် စုဆောင်းပြီးနောက်မှာတော့ငါပိုကောင်းတဲ့ပစ္စည်းတွေကိုရွှေးနိုင်နေပါပြီကွ….သေနတ်မကိုင်ရတာ တောင်နှစ်တော်တော်ကြာနေပြီ"
"စိတ်မပူပါနဲ့၊ကွန်တိန်နာနှစ်ဆင်းရှိတယ်၊ငါတို့အရင်သတင်းရခဲ့တာကံကောင်းတာဘဲ…..ငါတို့မြန်မြန် လှုပ်ရှားသင့်တယ်၊မဟုတ်ရင်တခြားသူတွေဒီအခွင့် အရေးကိုလုယူသွားပြီးငါတို့ကြိုးပမ်းအားထုတ်မူတွေကအလားကားဖြစ်သွားလိမ့်မယ်"
"ဇီကျုံး၊အဲ့တာကသေနတ်တစ်လက်ဘဲ…"ဖန်ဟောင်ကစိတ်လှုပ်ရှားနေတာမရပ်သေးပေ။ကလေးဘဝထဲကနေခုထိသူဘယ်တုန်းကမှသေနတ်အစစ်တစ်လတ်ကိုမကိုင်ဖူးပေ။မကြာခင်သေနတ်တစ်လက်ကိုကိုင်နိုင်တော့မယ်ဆိုတာသူ့သိရတော့….သူ့မယုံနိုင်သေးပေ။
"အဲ့တာသေနတ်ဘဲ၊ဒါပေမယ့်ငါတို့နဲ့သေချာပေါက် မသင့်တော်ဘူး"ဟဲဇီကျုံးကအမြဲတမ်းသူ့ဆင်ခြင်တုံတရားကိုထိန်းသိမ်းထားသည်။သူ့အရင်ဘဝတုန်းကသူ့သေနတ်မသုံးခဲ့ပေမယ့်သေနတ်ဘယ်တော့မှအသုံးမပြုဖူးတဲ့လူတွေအတွက်သေနက်ထက်လက်သီးသို့မဟုတ်ဓားတစ်ချောင်းကိုတိုက်ရိုက်အသုံးပြု တိုက်ခိုက်တာပိုကောင်းသည်။သို့သော်လည်းအခုသူတို့နှစ်ယောက်တွင်စွမ်းအားရှိသောကြောင့်သေနတ်အသုံးပြုခြင်းထက်စွမ်းအားအသုံးပြုတိုက်ခိုက်ခြင်းသည်အကျိုးသက်ရောက်မူပိုမြင့်မားသည်။
"ဒါပေမယ့်လည်းအဲ့တာသေနတ်ဖြစ်နေတုန်းဘဲ" ဖန်ဟောင်ကသိပေမယ့်လိုချင်တောင်းတနေဆဲဖြစ်သည်။
သူ့ရဲ့လက်ကိုမြှောက်လိုက်ပြီးဟဲဇီကျုံးသည် ဖန်ဟောင်ပါးလေးကိုဆွဲလိုက်သည်"မစိုးရိမ်ပါနဲ့၊ကိုယ်မင်းကိုကြိုက်တဲ့တစ်ခုရွှေးခိုင်းမှာပါ"သူ့အတွက် အဲ့တာကအရုပ်တစ်ရုပ်သာသာဘဲဖြစ်သည်။သူ့အရင်ဘဝတုန်းကလိုချင်တောင်းတခဲ့တဲ့လက်နက်သည်အခုသူ့ချစ်သူကိုကျေနပ်စေနိုင်မယ့်အရုပ်တစ်ရုပ်ဖြစ်နေတာလား?အဲ့တာကိုသဘောပေါက်သွားပြီးနောက်ဟဲဇီကျုံးစိတ်လိုလက်ရပြုံးလိုက်သည်။
နှစ်ယောက်သားဗီလာဧရိယာသို့လျှောက်သွားကြသည်။ဗီလာဧရိယာသို့မဝင်ခင်အိုက်လွမ်နဲ့သူ့အဖွဲ့သားတွေကိုတွေ့လိမ့်မယ်လို့မမျှော်လင့်ထားပေ။ဒီတစ် ခေါက်သူတို့ဘေးမှာလူပိုများလာပြီးသူတို့နဲ့ညှိနှိုင်း ပြီးသွားတဲ့အခြားအဖွဲ့ရဲ့အဖွဲ့ဝင်တွေဖြစ်ပုံရသည်။သူတို့အားလုံးဗီလာဧရိယာရဲ့ဂိတ်မှာရပ်နေကြပြီး…..ပိတ်ဆို့ထားသည်။
အင်းဗီလာဧရိယာကသာမာန်နေရာတော့မဟုတ်ပေ။မှတ်ပုံတင်ရန်လိုအပ်ပြီးဗီလာဧရိယာရဲ့အကြီးကဲဖြစ်ရင်တောင်နေထိုင်သူများကို"အပြင်လူများ"အများ ကြီးခေါ်ဆောင်လာခွင့်မပြုပေ။
ယခုအိုက်လွမ်သည်overloardအဖွဲ့ရဲ့ခေါင်းဆောင် ဖြစ်သည်။သူ့ရဲ့ဗီလာကိုအသင်းရဲ့အခြေချရာနေရာအဖြစ်လုပ်ငန်းစဉ်များကိုလုပ်ဆောင်ခဲ့သော်လည်းအရင်တုန်းကသူ့အသင်းအဖွဲ့ဝင်တွေကိုခေါ်ဆောင်လာခြင်းကအဆင်ပြေပေမယ့်အကယ်လို့ယာယီ  ပူပေါင်းထားတဲ့သူတွေအများကြီးကို…..
ဟဲဇီကျုံးနှင့်ဖန်ဟောင်ကိုသူတို့သတိမထားမိသောကြောင့်တံခါးတွင်သူတို့ရဲ့IDကိုစစ်ဆေးပြီးနောက်သူတို့ဘေးကသေးငယ်တဲ့တံခါးကနေအထဲသို့ ချောချောမွေ့မွေ့ဝင်သွားခဲ့သည်။တံခါးဝနားက ဆူညံသံကိုကြားတော့သူတို့အတင်းပြုံးပြပြီးတော့အထဲသို့လျှောက်လာလိုက်သည်။သူတို့ဂိတ်ကိုမမြင်နိုင်လောက်တဲ့နေရာသို့လမ်းလျောက်ခဲ့ပြီးသော အခါဖန်ဟောင်သည်မရီဘဲမနေနိုင်တော့ပေ" ကျွန်တော်အဲ့မင်းသားကိုမြင်တိုင်းသူ့ကအမြဲတမ်း လူတွေကိုရပ်တန့်စေနိုင်ပြီးလူတွေကဘာမှကိုမလုပ်နိုင်တော့ဘူး"
ဟဲဇီကျုံးလည်းမရီဘဲမနေနိုင်ပေ။တခြားအရာတွေမပြောနဲ့ဉီးအိုက်လွမ်နဲ့တခြားသူတွေဗီလာဧရိယာကိုပထမဆုံးဝင်တဲ့ရက်တုန်းကတောင်သူတို့မဝင်ခင်အပြင်ဘက်က၂၄နာရီလုံခြုံရေးဧရိယာမှာကြားဖြတ် ဝင်လို့ရခဲ့လောက်သည်ဟုခန့်မှန်းမိသည်။
"ကမ္ဘာပျက်ကပ်မှာကျော်ကြားတဲ့မျက်နှာတစ်ခုရှိ တာအသုံးဝင်ပုံတော့မရဘူး"
…………………………
"တစ်ခုမှမရှိတာဘယ်လိုဖြစ်နိုင်မှာလဲ"
"ခေါင်းဆောင်ကိုသတင်းပို့ပါတယ်၊ကျွန်တော်တို့ ပြာတွေမြုပ်ထားတဲ့တွင်းကြီးတွေထဲမှာအဏု မြူကျောက်တုံးတစ်ခုမှမတွေ့ပါဘူး"
မီတင်အခန်းငယ်ထဲတွင်လူပေါင်းများစွာသည်ထိုင် နေပြီးမျက်မှောင်ကြုံကာတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ကြည့်လိုက်ကြသည်။
"ကမ္ဘာပျက်ပြီးတစ်ပတ်အကြာလောက်မှဇွန်ဘီ ခေါင်းတွေထဲမှာအဏုမြူကျောက်တုံးတွေပေါလာတယ်လို့ဒေါက်တာစုကမှန်းဆထားတာမဟုတ်ဘူးလား"
"ဒါပေမယ့်ပြာတွေအတွက်တူးထားတဲ့တွင်းအသစ်ကလွဲပြီးတော့တခြားပြည့်သွားတဲ့တွင်းတွေမှာ ဘာအဏုမြူကျောက်တုံးမှရှာမတွေ့ခဲ့ဘူး"
"အဲ့တာတွေလောင်ကျွမ်းသွားတာဖြစ်နိုင်လောက်လား"
"ဒါပေမယ့်ပြီးခဲ့တဲ့စမ်းသပ်မူတွေမှာတော့….."
"အဲ့ဒီအချိန်တုန်းကအဏုမြူကျောက်တုံးအနည်းငယ်ဘဲပေါ်လာခဲ့တာဖြစ်နိုင်မလား၊ဒါမှမဟုတ်ဇွန်ဘီ ခေါင်းထဲကအဏုမြူကျောက်တုံးကမြေအနေထား ပေါ်မူတည်ပြီးတဖြည်းဖြည်းဖြစ်ပေါ်လာတာလား"
"အဲ့ဒါက…."
"အခုအခြေစိုက်စခန်းထဲမှာဇွန်ဘီတွေလည်းမရှိ တော့ဘူး၊ပတ်ပတ်လည်ဒေသတစ်ဝိုက်မှာဇွန်ဘီတွေရှိပေမယ့်လမ်းတစ်လျောက်မှာလူတွေကဇွန်ဘီတွေကိုပြန်သယ်သွားဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးမလား"
"အပြင်ကအသက်ရှင်ကျန်ရစ်သူတွေကအဏုမြူ ကျောက်တုံးတွေကိုစုဆောင်းနေတာမြန်းလား"
"ဖြစ်နိုင်ချေနည်းလွန်းတယ်၊လူတိုင်းနီးပါးဘယ်သူမှ လုပ်ချင်မှာမဟုတ်ဘူး၊အဏုမြူကျောက်တုံးကိုသူတို့ထူးထုတ်ခဲ့ရင်တောင်တစ်ချု့လူတွေကသူတို့လက်ထဲမှာထားဖို့တောင်ဆန္ဒမရှိကြဘူး….."
"ဒီအရာနဲ့ပတ်သက်ပြီးလူတွေအများကြီးအတွေးရှိ ကြပေမယ့်သူတို့ဇွန်ဘီကိုသက်ပြီးသွားရင်တောင်အဲ့ဒါကိုမတူးထုတ်ချင်ကြဘူး"ထိုအရာများသည်ဇွန်ဘီတွေရဲ့ဉီးနှောက်ထဲ၌သာရှိသည်။အကယ်လို့၄◌င်းကလုံလောက်တဲ့အကျိုးအမြတ်မရှိဘူးဆိုရင်ဘယ်သူကတူးထုတ်ချင်မှာလဲ
လူအိုကြီးအုပ်စုသည်စိတ်ဖိစီးနေသောမျက်နှာများနှင့်ထိုင်နေပြီးဆက်လက်ဆွေးနွေးနေသည်"အဏုမြူကျောက်တုံးလဲလှယ်ဖို့အတွက်ဈေးနှုန်းကိုတိုးလိုက်"
"ဒါပေမယ့်ကျွန်တော်တို့အဲ့အရာရဲ့အသုံးဝင်မူကို ရှာမတွေ့သေးဘူးလေ၊အကယ်လို့တိုးလိုက်မယ်ဆိုရင်…"
"အဲ့ဒီပြဿနာကိုခဏဘေးဖယ်ထားလိုက်တော့အပြင်ဘက်လယ်မြေတွေမှာဘာတွေဖြစ်နေလဲ"
"နေရာတော်များများရဲ့ကောက်ပဲသီးနှံတွေသေကုန်တယ်၊စပါး၊ဂျုံစေ့အကြမ်းအနည်းငယ်ကလွဲပြီးအပင်တိုင်းနီးပါးသေသွားတယ်"
"မျိုးစေ့တွေကကော"
"အစေ့တော်တော်များများကထူးထူးဆန်းဆန်းပျက်စီးသွားတယ်"
"ဒီပြဿနာကိုဖြေရှင်းဖို့နည်းလမ်းမရှိတော့ဘူးလားVacuumထုပ်ပိုးမူပုံစံနဲ့ကောအလုပ်မဖြစ်ဘူးလား"
"အခြေစိုက်စခန်းမှာရှိတဲ့ပစ္စည်းကရိယာကနည်းလွန်းတယ်၊လက္ခဏာသွင်ပြင်တစ်ခုကနေအခြားတစ်ခုက…..အခုထိကောင်းနေသေးတဲ့ရှာဖွေ့လို့ရတဲ့ မျိုးစေ့ကနည်းလွန်းတယ်"
"စားသုံးမူဟာကြီးမားတဲ့ပြဿနာဘဲ၊စိုက်ပျိုးလို့ရတဲ့မျိုးစေ့ကြမ်းအနည်းငယ်ရှိတယ်ဆိုတော့လည်းအဲ့တာကိုအရင်အာရုံစိုက်သင့်တယ်၊အခုငါတို့မှာ ဂျုံ၊စပါးနှင့်စားနပ်ရိက္ခာတွေအများကြိးရှိပေမယ့် အစားအသောက်မပြက်လပ်သွားခင်ကောက်ပဲသီးနှံ ကြမ်းတွေကိုစိုက်ထားရမှာပေါ့"

ပြန်လည်မွေးဖွားပြီးနောက်အချစ်လေးဖန်ဟောင်နှင့်ကမ္ဘာပျက်ကပ်နေ့ရက်များဆီသို့Where stories live. Discover now