Part 1

604 50 5
                                    


ပြာကြည်နေတဲ့ကောင်းကင်ကြီးနဲ့အတူ
နှုတ်ဆက်အပြုံးပန်း​ေ၀ရင်း အသီးနံ့လေး
မွှေးပျံ့ရင်း စာအုပ်လေးတွေကိုကိုင်ကာ
Bus ကားဂိတ်မှာအချိန်တစ်ခုထိစောင့်ပြီး
နားထဲ နားကြပ်ကလေးတွေကိုထိုးကာ
ကားပေါ်တက်ဘေးပြတင်းကိုကြည့်ရင်း
ကျောင်းပထမဆုံးနေ့ကို ကြည်လင်စွာ
ဖြတ်သန်းဖို့ရာ Kim Taehyung
အသင့်ဖြစ်နေတော့သည် ...

ကားထဲမယ် ကလေးတွေ အဘွားအိုတွေ
လူစုံစုံလင်လင်ပါလာရင်း မောင်းသူ
ကလည်းဂရုတစိုက်မောင်းနှင်နေရင်းနဲ့မှ

''၀ုန်း''

အရှိန်ပြင်းပြင်းအုပ်လိုက်တဲ့ ဘရိတ်ကြောင့်
ကလေးတွေဟာလည်းငိုရင်း
Kim Taehyung တစ်ယောက် ရင်ဘတ်ကို
ရှေ့ကားခုံတန်းဖြင့်ရိုက်မိသွားသည်

ပြတင်းပေါက်မှအပြင်ကိုအကဲခတ်ကြည့်တော့
ရှေ့မှာ၀င်ပိတ်သလိုဖြစ်သွားတဲ့ အနက်ရောင်ကား

''1313...''

ဘာမှကြီးကြီးမားမားလည်းမဖြစ်ပေမဲ့
ထိုကားအနက်ဟာလည်း ဘာကိစ္စမှမရှိခဲ့သလို
ခပ်မြန်မြန်ဆက်မောင်းထွက်သွားတော့သည်

''ဘာကြီးလဲ ရိုင်းလိုက်တာ... အ့
ငါ့ရင်ဘတ်အောင့်တောင်အောင့်တယ် ''

.........

စူထော်နေတဲ့ နှုတ်ခမ်းလေးနဲ့ ကျောင်းအ၀မှာ
ရင်တဖိဖိလမ်းလျှောက်နေရင်း
နေလုံးကြီးကလည်း လင်းဖြာနေအောင်
ရွှေအိုရောင်ဆံပင် သိပ်သိပ်လေးတွေကို
အတောက်ပဆုံးဖြစ်အောင် ပံ့ပိုးနေသယောင်

''Kim Taehyung''

ပုံမှန်ထက်ပိုကျယ်၀န်းသွားတဲ့မျက်၀န်းလေးတွေနဲ့
အသံလာရာဘက်ကို အာရုံစိုက်ရင်း
ကြည့်ကာ ချိုမြိန်မြိန်ပြုံးပြလိုက်သည်

''aww ... jin hyung ကျွန်တော်က
အကိုနိုင်ငံခြားသွားပြီထင်နေတာ''

''အာ အဲ့ဒါတွေက ဘွဲ့ယူပြီးမှပေါ့ကွာ''

''အော် ဟုတ်ကဲ့''

''ဘာလို့ ရင်တဖိဖိ လုပ်နေတာလဲ
ရင်တုန်နေတာလား ပထမဆုံးဆိုတော့''

''အဲ့လို မဟုတ်ပါဘူး hyung ''

''ဒါဆို နေရာသွားဦးထားမလား
နေရာက ဘယ်ထိုင်ထိုင်ရတာပဲ
ဒီတိုင်း အကို့ကို တစ်ချက်ကူညီပေးမလား''

Candy Love 🔮Where stories live. Discover now