Part 2

166 37 10
                                    

မျက်လုံးချင်းအစီအငေါ်မတည့်တော့သူနှစ်ယောက်ကို Tae hyung အလယ်မှ ဟို ဘက်ကြည့်ဒီဘက်ကြည့်လုပ်နေလိုက်သည်

Jungkook ထတော့မယောင်အချိန်မှာပဲ ဆရာမ ၀င်လာတာမို့ အားလုံးလည်းမတ်တပ်ထ နှုတ်ဆက်ရင်း သင်ခန်းစာကိုစလိုက်ရတော့သည်

.........

စာကိုကုန်းရေးနေတာမှမကြာသေး ခုံပေါ်မေးထောက်ကာ ငိုက်မြည်းနေသူ ရွှေ၀ါရောင်လေးကိုကြည့်ရင်း Jungkook မခို့တရို့တော့ပြုံးလိုက်သေးသည်

''Taehyung ထလေ ဟိုမှာ မှတ်ခိုင်းနေတယ်´´

Jimin အသံကြားမှမျက်လုံးကိုပွတ်ရင်း ဘောပင်လေးထကိုင်ကာ ဟိုခြစ်ဒီခြစ်လုပ်နေတဲ့ကောင်လေး

ထိုကောင်လေး တစ်ယောက်တော့ သူ့ကို အတန်းချိန်တစ်ခုလုံး ငေးမောနေသူ ကိုပင်မမြင်

........

''Jungkook oppa ....
ကျွန်မရဲ့ မုန့်လေးလက်ခံပေးပါနော်´´

ရုတ်တရက်ရှေ့ရောက်လာသူ မိန်းကလေး က လက်ထဲကမုန့်ကိုလည်းကမ်းထားသေးတာမို့ Jungkook မျက်နှာ တင်းသွားပြန်သည်

''ငါဒါတွေမစားဘူး ´´

''ဟို ယူထားပေးပါလား´´

တစ်ခန်းလုံးကလည်း ၀ိုင်းကြည့်နေကြတာမို့ ထိုမိန်းကလေးမှာ ရှက်နေသယောင်

''မလိုဘူး´´

''ဟို ...´´

ခက်ခဲနေတဲ့အနေအထားကိုသဘောမကျဟန် Taehyung ကြည့်နေရင်းစိတ်ထဲမနေနိုင်တော့

''ပေးပေး Tae သေချာပေးပေးမယ်နော် ´´

ရှက်လို့ ငိုတော့မလို ကောင်မလေးလက်ထဲကမုန့်ကိုယူထားလိုက်တာမို့ ကောင်မလေးလည်းကျေးဇူးတင်စကားပြောရင်းသက်ပြင်းချကာ ပြန်ထွက်သွားနိုင်တော့သည်

''ခင်ဗျား လုပ်ပြန်ပြီလား´´

''ဟိုလေ အဲ့ဒါက သူအရမ်းရှက်နေတာ´´

''ခင်ဗျားနဲ့ဘာဆိုင်လို့လဲ လာ ကျုပ်နောက်လိုက်ခဲ့´´

Taehyung လက်ကိုဆွဲရင်း ဒီစာသင်ခန်းအပြင်ဘက်ကိုထွက်ကာ အောက်ဆုံးထပ်ထောင့်က computer ခန်းထဲ၀င်ရင်း အထဲမှပိတ်လိုက်သည်

Candy Love 🔮Where stories live. Discover now