Part 5

115 20 6
                                    

Narra အရေးမပါတဲ့သူတစ်ယောက်လို့ ကျန်ခဲ့ရသည်ကို မုန်းသည် ၀င်ရောကာမှ ထွက်ပြေးခံရသည်ကိုတော့ လက်မခံနိုင် ...

''ငါ လိုချင်တာကို ငါ့နည်းငါ့ဟန်နဲ့
ရအောင်ယူပြမယ်´´

ထို စကားတွင် Narra ရဲ့ ၀မ်းနည်းမှုတွေ မာနတွေတစ်လှေကြီးပါနေပေတော့သည်

..........

ဖုန်းကလင်းလာတာမို့ Taehyung အိတ်ထဲက ထုတ်ပြီးကြည့် လိုက်စဥ်

[ ''Kim Taehyung Id 2132 ကိုလုပ်ငန်းခွင်တာ၀န်ကျေပွန်အောင်လုပ်ဆောင်နိုင်ခြင်းမရှိသောကြောင့် အလုပ်မှ ထုတ်ပယ် ´´ ]

''အာ သေပါပြီ မနည်း ကျောင်းချိန်နဲ့ ညှိရှာထားရတဲ့ အချိန်ပိုင်းအလုပ်လေး ကုန်ပါပြီ´´

စိတ်ညစ်သွားဟန် မျက်နှာလေးကို လျစ်လျူမရှုနိုင်သူ ကြည့်နေရင်းမနေနိုင်တော့ဟန်မေးထွက်လာသည်

''ဘာလို့ လဲ အကို ´´

''အချိန်ပိုင်းအလုပ်က အလုပ်ထုတ်လိုက်လို့လေ´´

''အာ အဲ့ဒါလေးများ´´

''ဘယ်လိုအဲ့ဒါလေးများလည်း Jungkook ရယ် အကိုက အဲ့ဒါလေးရှိမှ အဆင်ပြေမှာ အခုတော့သွားပါပြီ ´´

''ကျုပ်အလုပ်ပေးနေသားပဲ´´

''ဘာအလုပ်လဲ ´´

''ကျုပ်အိမ်မှာ နေစားငြိမ်းနဲ့ ကျုပ်ကိုဂိုက်ပြပေးပေါ့´´

''ဟာ ဖြစ်ပါ့မလား ´´

''ကျုပ်တို့ကအလုပ်ကိစ္စပြောနေတာပဲဟာ
အလုပ်လိုတွေးပါ ကျုပ် နှစ်ဆပေးမယ်´´

Jungkook နဲ့ အတူနေပြီး အလုပ်"ရတာ အများကြီးပိုသက်သာမှာပဲ အခုလုပ်နေရတာတွေထက်တော့ အဆောင်လည်းနေစရာမှမလိုတော့ဘဲ ငွေတောင်အပိုထွက်လာမှာကို ...

မနေနိုင်သလို ခုတုတုဖြစ်နေတာက ကိုယ့်ရင်ခုန်သံတွေ ပိုတိုးလာမှာကြောက်မိတာများလား

''အကို ... ကျုပ်နဲ့ အပြန်လိုက်ခဲ့ရမယ်
ကျုပ်ဒါပဲပြောမယ်´´

''အာ Jungkook ကလည်း.... ´´

''ကဲကဲ ... အားလုံးနားထောင်မယ်  မနက်ဖြန်ကျရင် ကျောင်းသားသစ်တစ်ယောက်ပြောင်းလာမှာ အဲ့ဒါခင်"မင်"ဖေးမ ပြီး ကူညီပေး ကြပါဦး ´´

You've reached the end of published parts.

⏰ Last updated: Oct 22, 2023 ⏰

Add this story to your Library to get notified about new parts!

Candy Love 🔮Where stories live. Discover now