Chapter 3.2

52 16 2
                                    


ကျောက်စိမ်းတောင်ဂိုဏ်းက လျန်ကျောင့်မှာလည်း တပည့်တစ်ယောက်ဖြစ်ပြီး ငယ်ရွယ်သော်လည်း သူက သူတို့ကို အတော်လေးရှက်နေလေသည်။ ကုရွှမ်းယန်က သူ့ဂိုဏ်းနာမည်ကို ပြောပြီးသည်နှင့် သူ့(လျန်ကျောင့်) မျက်လုံးများတောက်ပလာကာ " ဒါဆို မင်းက ကုရွှမ်းယန်ဖြစ်ရမယ်။ "
သူ့အပြုအမူကို ရှက်ရွံ့သွားပြီး စတင်၍ ရှင်းပြလာသည်။ " အသက်၁၈ နှစ်အရွယ်မှာ ရွှေအမြုတေအဆင့်ကို ဝင်ရောက်နိုင်ခဲ့တဲ့


အစိမ်းရောင်တောင်ထွဍ်ဂိုဏ်းက ကျွမ်းကျင်တဲ့ တပည့်ခေါင်းဆောင် ကုရွှမ်းယန်အကြောင်းကို ငါကြားဖူးတယ်။ ငါနောက်ဆုံးတော့ သူ့ကို လူချင်းတွေ့နိုင်မဲ့ အခွင့်အရေးကို ဒီနေ့ရခဲ့ပြီ။"


ကုရွှမ်းယန်က နှိမ့်နှိမ့်ချချဖြင့် တုံ့ပြန်လာသည်။" ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အဲ့ဒါက ချဲ့ကားပြောကြတာပါ။ ကျောက်စိမ်းတောင်ဂိုဏ်းက မရေမတွက်နိုင်အောင်များတဲ့ ပင်ကိုစွမ်းရည်တွေကြောင့် ကျော်ကြားတယ်။ မျှော်လင့်ထားသလိုပဲ တွေ့လိုက်ရတော့ ယုံသွားပါပြီ။ "


ကျုံးယန်သည် ဘေးတွင်ရပ်ကာ ကြွက်တစ်ကောင်လို တိတ်ဆိတ်နေလေသည်။ သူ့နှလုံးသားထဲတွင်တော့ တတွတ်တွတ်ညည်းနေမိသည်။ ' wow! ကျင့်ကြံသူတွေက အရမ်းအတုအယောင်ဆန်တာပဲ။' ရုတ်တရပ် အနည်းငယ် အသက်ကြီးသော အသံတစ်ခုက တစ်ဖက်မှထွက်လာခဲ့သည်။ " ဒီပြဿနာကောင်တွေက ဘာလဲ။"


သူတို့ သုံးယောက်လုံးတစ်ပြိုင်တည်း သူတို့ခေါင်းတွေကို လှည့်ကြည့်မိသည်။ လျန်ကျောင့်ဘေးအခန်းတံခါးက ပွင့်လာပြီး မုတ်ဆိတ်ဖြူလူကြီးတစ်ယောက် ထွက်လာသည်။ စိတ်ပျက်နေသောအကြည့်နှင့် သူကအော်လာပြန်သည်။ "ဒီပြဿနာကောင်တွေက ဘာဖြစ်နေတာလဲ။"


သူတို့ သုံးယောက်မှာ စကားပြောနေသော်လည်းသူတို့၏အသံကို တိုးထားကာ အော်နေတာမျိုးမရှိပေ။ လျန်ကျောင့်က အလျင်အမြန် ခါးကိုင်းကာ နှုတ်ဆက်လိုက်သည်။"အကြီးအကဲ ချန်း"


သူဘယ်သူဆိုတာ ကျုံးယန်ချက်ချင်းသိလိုက်သည်။ လျန်ကျောင့်က သူတို့ကို မိတ်ဆက်ပေးလာသည်။ " ဒါက ဆေးဝါးတိမ်တိုက်ဂိုဏ်းက အကြီးအကဲ ချန်းချင်ပါ။ သူတို့က အစိမ်းရောင်တောင်ထွဍ်ဂိုဏ်းက ညီလေး ကုရွှမ်းယန်နဲ့ ညီလေး ချင်မင်ရှီပါ။"

My Junior Still Hasn't Killed MeWhere stories live. Discover now