🔺အခန်း(၈)🔺

1.6K 17 0
                                    

nextweek...Will be Finished 😍

ချစ်လွန်းတင် ဒီမြို့လေးကိုရောက်လာတာ
၄လတောင်ပြည့်တော့မည်။
နေရေးထိုင်ရေး လုပ်ငန်းကိစ္စတွေကအစ
အရင်က အချိတ်အဆက်နဲ့
ညှိနှိုင်းတိုင်ပင်ရသည်မို့ ဒီလောက်တော့အချိန်ယူရသည်။

အလုပ်တွေများနေတာမို့
သက္ကရာဇ်အကြောင်းကို
မစဉ်းစားဖြစ်ပေမယ့်
အခုအနားယူချိန်မှာတော့
သက္ကရာဇ်အကြောင်းက သူ့ခေါင်းထဲ၀င်လာသည်။

ဘ၀မှာ မိန်းမသားတစ်ဦးကို
ပထမဆုံး စရင်ခုန်မိခြင်း။
ထိုမိန်းမမှာလည်း ပိုင်ဆိုင်သူရှိပြီးသား။
တစ်ချိန်က အရင်းနှီးဆုံးဖြစ်ခဲ့သည့် နေမိုးစွေရဲ့
ချစ်လှစွာသော ဇနီးမယား။

ချစ်လွန်းတင် အလိုလိုနေရင်း
ပူလောင်လာမိသည်။
သက္ကရာဇ်ကို သူ့အနားရှိစေချင်စိတ်တို့က
တားမရတော့။
သူအမြန်ဆုံးအကောင်အထည်ဖော်ရမည်။
ဒါပေမယ့်လည်း နေမိုးစွေကို
ဘယ်လိုမှလျှော့တွက်လို့မရတာကို သူ့လက်အောက်မှာလုပ်ခဲ့ဖူးတာမို့ သိပြီးသား။

ပိုမိုရှည်လျားနေပြီဖြစ်သော ဆံပင်သားတို့ကို
ခပ်ဖွဖွပွတ်ရင်း ချစ်လွန်းတင် ခနဲ့ပြုံးပြုံးမိသည်။
သက္ကရာဇ်ကို အပိုင်ရဖို့ သူကြိုးစားတော့မည်။

..........................

မနက်ခင်းအစောကတည်းက
အလုပ်ကိစ္စဆိုကာ
နေမိုးစွေ ထွက်သွားသည်မို့ သက္ကရာဇ်ပျင်းနေရသည်။
အိမ်ကြီးရှင်သခင်မ ဖြစ်တာကြောင့်လည်း
ဘာအလုပ်တစ်ခုမှ မကူခိုင်းတာကြောင့်
သက္ကရာဇ် ပိုပျင်းမိသည်။

အိမ်အပေါ်ထပ် ၀ရန်တာလက်ရန်းမှာ
မေးတင်ကာ ပျင်းတွဲ့စွာနဲ့ ခြံအပြင်ဘက်ကလမ်းကို ဘာရယ်မဟုတ်မျက်စိကစားမိသည်။

အုတ်ခုံလေးပေါ်မှာ ထိုင်ကာ
အမောဖြေနေသည့်
အသက်၇၀အရွယ် အဘွားအိုတစ်ဦး။
ဘေးမှာတော့ ဘောလုံးတွေထည့်ထားသည့်
ခြင်းကလေး။
ကြည့်ရတာ ဘောလုံးတွေ
လိုက်ရောင်းနေပုံရသည်။

နေပူပူမှာ ဒီအသက်အရွယ်ကြီးနဲ့
ဈေးလိုက်ရောင်းနေသည့် အဘွားအိုကိုကြည့်ကာ
သက္ကရာဇ်သနားမိသွားသည်။

Daddy's Candy 🍭حيث تعيش القصص. اكتشف الآن