Part -1-

3.3K 129 9
                                    

Unicode

ကန်ရေပြင်ကိုဖြတ်ကာ တိုက်ခတ်လာတဲ့လေညင်းဟာ မသာယာနိုင်ခဲ့ ... 

ပတ်ဝန်းကျင်တစ်ခုလုံးတွင် ရံဖန်ရံခါကြားရတတ်သော ကျေးငှက်အော်သံများနှင့်လေတိုးသံမှအပ တိတ်ဆိတ်နေခဲ့သည်။ သို့ရာတွင် ကိုကို့လက်က လက်ပတ်နာရီထံမှ တစ်ချက်ချက်မြည်သံက သူ့အားခြောက်လှန့်နေခဲ့တယ်။ 

သက်ပြင်းတစ်ချက်ချသံ ကိုကို့ဆီမှထွက်ပေါ်လာသည်။ 

အတန်ကြာတိတ်ဆိတ်နေရာမှ စတင်လာခဲ့သော လှုပ်ရှားမှုတစ်ခုဖြစ်သဖြင့် သူ စိုးရိမ်တကြီးမော့ကြည့်လိုက်မိ၏။ 

သည်လူသားကို ချစ်လိုက်ရတာ ... မြတ်နိုးလိုက်ရတာဆိုတာ မည်သူမျှသိမည်မထင်ပါ ။ ကိုကိုကရော သိနိုင်ပါမည်တဲ့လားလေ ... ။ မသိလိုက်မသိဘာသာ အနားမှာနေရင်းကနေ တိုးပွားလာတဲ့ချစ်ခြင်းတရားတွေက ကျွန်တော့်စိတ်ကို အရိုင်းဆန်စေခဲ့သည်။ 

ဘယ်တုန်းကမှ မလွန်ဆန်ခဲ့ဖူးသော ကိုကို့စကားတွေကိုပင် ဆန့်ကျင်ပြီး တဇွတ်ထိုးလုပ်ရပ်တွေ ဖန်တီးခဲ့မိပြီ။

"မင်း ... သိပ်ကြောက်ဖို့ကောင်းတယ် ရမ်နွန် ... "

ဒုတိယအကြိမ်မြောက်ကြားခဲ့ရသည့်အကြောင်းအရာဖြစ်လို့ များစွာမတုန်လှုပ်မိ ။ ဒီစကားကိုပြောတာဟာ ယခုအခါနှင့်ဆို ဒုတိယအကြိမ်မြောက် ...

ကျွန်တော်တိတ်ဆိတ်နေခဲ့မိတယ် ။ အမှန်ပဲလေ ... ကိုကို့စကားတွေမှာ မှားယွင်းခြင်းစိုးစိမျှမပါ ...

"မဖြစ်နိုင်တဲ့အရာတွေကို တွေးပြီးပူလောင်ခံမယ့်အစား အရင်လို ဖြူစင်တဲ့ရမ်နွန်အဖြစ်နဲ့ အကို့အနားမှာဆက်နေပေးပါ့လား ။ အနူးညွတ်တောင်းဆိုတာပါ ... "

ကိုကို့စကားအဆုံးမှာ ကျွန်တော် ပြုံးလိုက်မိတယ် ။ 

သဘောကျရခြင်းအကြောင်းအရင်းတွေဟာ ဒါကြောင့်လည်းဖြစ်ပါလိမ့်မည်။ ကိုကိုဆိုသည်က ဘယ်သောအခါမှ ရန်လိုဒေါသဖြစ်ခြင်း အလျှင်းမရှိခဲ့တဲ့သူ ။ နူးညံ့လွန်းသူတစ်ယောက် ။ ကျွန်တော်အကြိမ်ကြိမ်မှားယွင်းနေခဲ့သည့်တိုင် လမ်းပြပေးချင်နေခဲ့သူ ။ ဆုံးမ,ချင်နေသူ ...

Ram Non ( ရမ်နွန် )Opowieści tętniące życiem. Odkryj je teraz