Part -2-

1.6K 86 2
                                    

Unicode

ကိုကို့ရဲ့ကူညီပေးမှုနဲ့ ကျွန်တော်ဟာ ရုံးမှာ အဆောင်နေခွင့်ရခဲ့တယ် ။ ကျွန်တော်တို့ရုံးဝန်းက ဆောက်လုပ်ရေးဆိုက်နှင့် သိပ်မဝေးလှသောနေရာမှာ တည်ရှိတယ် ။ ခြံဝန်းအကျယ်ကြီးရဲ့အထွက်နားမှာ HR, Civil , M&E , Purchasing , Store အစရှိသဖြင့် ရုံးခန်းတွဲပေါင်းများစွာရှိပြီး အတွင်းဘက်မှာတော့ အိမ်ထောင်သည်လိုင်းခန်း ၊ လူပျိုဆောင် ၊ အပျိုဆောင် တို့ထားရှိပြီး ခြံဝန်းရဲ့အောက်ဆုံးဘက်နေရာတွင် ကိုယ်ပိုင် AG plant ရှိပါတယ် ။ 

ကျွန်တော်နေရမယ့် နေရာက ကိုကို့အခန်းရဲ့ ဘေးဆောင်မှာဖြစ်ပြီး ကိုကိုတို့အဆောင်က တစ်ထပ်တည်းဖြစ်ပေမယ့် ကျွန်တော်ရတဲ့အခန်းကတော့ နှစ်ထပ်ဆောင်မှာဖြစ်သည် ။ 

ကိုကိုက ကျွန်တော့်ရဲ့ပစ္စည်းအချို့ကို ကူသယ်ပေးနေရင်း အခန်းလိုက်ပြတယ် ။ 

"အခန်းဖော်မရှိတော့ တစ်ယောက်တည်းအဆင်ပြေတာပေါ့ ။ တစ်ခုခုလိုအပ်ရင် အကို့ကိုပြော ။ မေဇယ်မှာ ထမင်းသွားစားဖို့ ညနေကျရင် အကိုဖုန်းဆက်လိုက်မယ် ဆင်းခဲ့နော် "

"ဟုတ်ကဲ့အကို "

Sunday ပိတ်ရက်ဖြစ်သဖြင့် ကျွန်တော်နှင့်ကိုကိုက ညနေတစ်ပိုင်းအလုပ်နားခဲ့ကြသည်။ တကယ်တမ်းတော့ ကျွန်တော့်ကြောင့် ကိုကိုရောနားလိုက်ခြင်းပါ ။ လုပ်ငန်းပြီးစီးမှုက အရေးကြီးနေသော်လည်း ကျွန်တော်အဆောင်ပြောင်းဖို့ စီစဉ်ထားသောကြောင့် ကိုကိုက လိုအပ်သည်အားလုံးကို လိုက်လံကူညီပေးနိုင်ရန် နေ့တစ်ပိုင်းနားခဲ့သည်။

အခန်းတွင်းရှိကုတင်ပေါ်တွင် ခတ္တမျှဝင်ရောက်လှဲလျောင်းလိုက်ပြီး မျက်လုံးတို့ကို အနားပေးသည့်အနေနှင့် မှိတ်ချလိုက်တော့ အတွေးထဲသို့ ကိုကိုဝင်ရောက်လာသည်။ 

မဖြစ်နိုင်သည့်အိပ်မက်ကို ဆက်မက်နေလျှင် ရူးရုံပဲရှိမှာမို့ အတတ်နိုင်ဆုံး ကိုကို့အပေါ်မှာ မတွယ်ငြိမိစေရန် ကြိုးစားနေပေမယ့် အမြဲပေါ်လာတတ်သည့်အတွေးထဲမှ ကိုကို့ကို ထုတ်ပစ်လိုက်ရန် ဝန်လေးနေခဲ့တယ်။

ကျွန်တော့်အခန်းမှာအစွန်ဆုံးဖြစ်၍ ကပ်လျက်နေရာမှရှိသော ကိုကိုအခန်းကို အပေါ်စီးမှနေလှမ်းမြင်နေရ၏။ ကိုကိုတို့အဆောင်နှင့် ကျွန်တော့်အဆောင်မှာ လမ်းကျဉ်းကလေးသာခြားသည်။ 

Ram Non ( ရမ်နွန် )Where stories live. Discover now