If Possible ( Part-5 )

360 16 2
                                    

( Unicode )

[ ဇာတ်လမ်းတစ်ခုအဖြစ်နဲ့သာ ဖတ်ရှုပေးပါရန်
တိုက်တွန်းအပ်ပါသည် ]

" မင်းနာမည်ကို ငါမသိရသေးဘူးနော် "

" မသိချင်ပါနဲ့ သိတော့ကော အစ်ကိုကဘာလုပ်
မလို့လဲ "

" အယ် မင်းနာမည်ကိုခေါ်လို့ရတာပေါ့ အခုက
ဘယ်လိုခေါ်လို့ခေါ်ရမှန်းမသိနဲ့ ‌. ပြောလိုက်
တော့ကော မင်းကဘာဖြစ်သွားမှာမို့လို့ "

" ဟုတ်ပါပြီ . ကျွန်တော့်ကို "ခ" လို့ပဲမှတ်ထား
ပေးပါ ဒါဆိုရင် "

" ခ ဟုတ်လား "

" အင်း "

" အင်း ... ဒါဆိုကောင်းပြီလေ "ခ" လို့ပဲ‌ခေါ်တာပေါ့ မင်းပြောတဲ့အတိုင်း "

" ကောင်းပါပြီ . ဒါဆိုကျွန်တော်မုန့်သွားဖုတ်လို့
ရပြီမလားဗျ "

" အင်း ရပြီ ရပါပြီ "

" ဟုတ် "

ကျောခိုင်းလိုက်ပြီး သက်ပြင်းဖြည်းဖြည်းချင်းချလိုက်ကာ မီးဖိုချောင်ထဲဝင်သွားလေရဲ့ ၊ ရင်းဆက်ကတော့ ပြုံးပြုံးနဲ့ကျန်ခဲ့တယ်

" ဒီနားမှာတင်ထားတဲ့ ဘောပင်နဲ့စာရွက်က
ယူသုံးလို့ရလား "

ရှေ့ကနေ အော်မေးလိုက်တဲ့ ရင်းဆက်ရဲ့အသံ
ကြောင့်အထဲကနေ ခရောင်ကလှမ်းပြောလိုက်လေသည်

" ဗျာ . ဟုတ် ယူသုံးလို့ရပါတယ် "

" ဟုတ်ပြီ "

စာရွက်လေးကို ဖြတ်ပိုင်းဖြတ်လိုက်ပြီး
ဘောပင်တစ်ချောင်းနဲ့ စာရေးခဲ့လေရဲ့ ၊ ရေးပြီးတာနဲ့ ကော်ဖီခွက််ကိုအောက်ကနေခံတဲ့ ဖန်
ပန်းကန်ပြားလေးပေါ်မှာ ခေါက်ရက်လေးတင်
ပြီး ဆိုင်ထဲကနေထွက်သွားခဲ့တယ် ၊ ခရောင်လည်း ရင်းဆက်ထွက်သွားတာကိုသိတာနဲ့
နောက်ဖေးက‌ထွက်လာပြီး ကော်ဖီခွက်ကိုယူသိမ်းဖို့လုပ်ပေမယ့် စာရွက်ခေါက်ထားတာလေးတွေ့တာနဲ့ ဖြန့်ပြီးဖတ်ကြည့်လိုက်တော့ စာထဲမှာက ...

" ဒီကို မကြာမကြာလာခဲ့မယ်နော် "

                                                From
                                        Khant Yinn Satt

အားပါပါနဲ့ပါးစပ် နားရွက်ပေါ်တပ်ချိတ်လောက်သည်အထိ ကျွန်တော်ပြုံးမိနေပါတော့သည်... ခင်ဗျားရဲ့ဆွဲဆောင်မှုတွေက ဟိုးငယ်ငယ်လေးထဲကပင်အခုထိ. ကျွန်တော့်ကို
တစ်ရက်ကလေးတောင် မေ့ရအောင်မလုပ်ပစ်နိုင်ခဲ့ပါလေသလား. ခင်ဗျားကိုချစ်ပါသည်. သိပ်ကိုချစ်မိပါသည်. ခင်ဗျား၏အပြောအဆို အမူအရာ အနေအထိုင်မျိုးစုံ ခြုံ၍ဆိုရမည်ရှိသော် ခင်ဗျားနဲ့ပတ်သက်သည့်အရာမှန်သမျှ
မြတ်နိုးမိပါသည်. ယခုထိတိုင်အောင် ကျွန်တော့်စိတ်ကိုဖမ်းစားနိုင်သည့်သူကား ခင်ဗျား
တစ်ယောက်ထဲပင် .

If possible ~Where stories live. Discover now