If Possible ( Part - 13 )

332 11 0
                                    

( Unicode )

တည်တံ့က သူသီးသန့်နေတဲ့ကွန်ဒိုတိုက်ခန်းမှာ
ဒီညတော့ ခရောင်ကိုဒီမှာပဲအိပ်သွားလိုက်ပါဆိုပြီးမနည်းပြောရှာရတယ်။ အန်တီ့ကိုအကျိုးအကြောင်းတစ်ခုခုလိမ်ပြောပြီး ဖုန်းဆက်လိုက်မယ်ဟုပြောခါမှ ခရောင်လည်းလက်ခံခဲ့တယ်။ အခုတော့ခရောင်ဟာ ဆိုဖာပေါ်မှာငိုင်တိငိုင်တိုင်ညှိုးငယ်စွာထိုင်နေပြီး လက်နှစ်ဖက်ကိုတင်းတင်းကျပ်ကျပ်ပူး၍ဆုပ်ကိုင်ထားရင်း အတွေးပေါင်းများစွာဖြင့် ဒီညဟာလည်းသူ့အတွက်မလှပခဲ့...

" ညီ ညီအိပ်ရင်ဒီကုတင်ပေါ်မှာပဲအိပ်လိုက်နော်
အစ်ကို ဧည့်ခန်းက ဆိုဖာပေါ်မှာအိပ်လိုက်မယ်"

" ဟင့်အင်း မဟုတ်တာ ဒါအစ်ကို့အခန်း အစ်ကိုပိုင်တာပဲဟာ ရပါတယ် ကျွန်တော်
အဆင်ပြေတယ် ဖြစ်သလိုအိပ်လည်းဘာမှ
မဖြစ်ဘူး "

" ရပါတယ် ညီသာကျယ်ကျယ်ဝန်းဝန်းအိပ်
အိပ်ရေးဝဝလည်းအိပ်နော် အိပ်တော့မလား "

" ဟင့်အင်း "

ညီ့အခုတွေးနေသည့်အကြောင်းနဲ့ ခံစားချက်ကို
ကျွန်တော်လေးလေးနက်နက်နားလည်တာမို့
ကျွန်တော်အများကြီးလည်းမမေးချင်တော့ပေ
ညီ ပို၍စိတ်ထိခိုက်မှာကိုလည်းမလို‌လားသလို
ညီဝမ်းနည်းတာလည်းထပ်မမြင်ချင်တော့ပေ။

" ညီ "

" ကျွန်တော့်ကိုအဆင်ပြေတယ်လို့မေးမလို့
မလား ၊ ပြေပါတယ် ကိုဉာဏ် ကျွန်တော်ဘာမှ
မဖြစ်ဘူးနော် "

" သေချာလား ညီ "

" အင်း သေချာပါတယ် ၊ ကိုဉာဏ် မျက်နှာမှာ
ထိခိုက်ထားတာပဲ ရောင်နေတယ် ဆေးဘူး
ဘယ်မှာထားလဲ ကျွန်တော်လိမ်းပေးမယ် "

" အိမ်ရှေ့နံရံမှာကပ်ထားတဲ့ ခြင်းလေးထဲမှာ
ရှိတယ် ညီ "

" ဪ ဟုတ်ပြီ ခဏစောင့် ကျွန်တော်သွားယူ
လိုက်ဦးမယ် "

ခရောင်က အိမ်ရှေ့ကိုခပ်သုတ်သုတ်ထွက်သွားပြီး ဆေးဘူးကိုအမြန်သွားယူကာ တည်တံ့ဆီ
ပြန်လာခဲ့သည်။ တည်တံ့ဘေးနားကပ်ထိုင်လိုက်ကာ ဆေးဘူးကိုဖွင့် အနီရောင်ဆေးအဖုံးကိုဖွင့်လိုက်၍ ဂွမ်းတံလေးဖြင့် ဆေးကိုစွပ်လိုက်သည်။ ပြီးမှ တည်တံ့မျက်နှာပေါ်က
ရောင်ကိုင်းနေတဲ့အနာကို ငြိမ်ငြိမ်သာသာလေး
တို့ပေးနေတော့ တည်တံ့က ခရောင်မျက်နှာ
လေးကိုငေးကြည့်မိသည်။ ခရောင်ကတော့
အနာကိုသာ အာရုံစိုက်လိမ်းပေးနေတာမို့
တည်တံ့သူ့ကိုကြည့်လို့ကြည့်နေမှန်းတောင်
သတိမထားမိ။တည်တံ့က ခရောင်ကိုငေးမိ
နေရင်း ချိုမြိန်တဲ့အပြုံးတစ်ခုကိုခပ်ပြုံးပြုံး ပြုံးလိုက်မိတော့

If possible ~Where stories live. Discover now