If Possible ( Part- 7 )

255 8 0
                                    

( Unicode )

"ဘာဖြစ်လာတာလဲ ဘာလို့ဒီမှာနေနေရတာလဲ"

" ကိုယ်မင်းကိုစောင့်နေခဲ့တာ  ကိုယ်ဒီနေ့သိပ်ကို ပင်ပန်းနေတာမို့ပါ "

လက်နှစ်ဖက်ကိုအားနဲ့တင်းတင်းကျပ်ကျပ်ပို၍
ပွေ့ဖက်လိုက်တော့ ကျွန်တော့်ခန္ဓာကိုယ်လေး
သူ့ရင်ခွင်ထဲတွင် နစ်မြှုပ်သွားခဲ့ရလေသည်

" ဘာတွေဖြစ်ခဲ့တာလဲဟင် "

ရင်ခွင်ထဲကနေ တစ်ခဏထွက်လိုက်ကာ ရင်းဆက်ရဲ့ မျက်နှာကိုမော့ကြည့်မိသည်. စိတ်ပူလိုက်တာဗျာ ခင်ဗျားအခုလိုဖြစ်နေတော့
ကျွန်တော်မနေတတ်ဘူးဗျ. ရင်ထဲသိပ်ကို
မွန်းကျပ်တာတအားပဲ

" Company ကိစ္စ . ကိုယ်တို့စီစဉ်ထားတဲ့
Project တွေပေါက်ကြားသွားတယ်လေ ကိုယ်တို့ အုပ်စုကသစ္စာဖောက်တစ်ယောက်ကြောင့်
ပေါ့၊ အခုဘာမှလုပ်မရတော့ဘူး .... ဟက် !
ဒီ Project အတွက်အများကြီး ရင်းထားရတာ
ပိုက်ဆံကိုနှမြောနေတာတော့မဟုတ်ဘူး ကိုယ့်
အိပ်မက်အတွက်နှမြောနေတာ "

ကျွန်တော်စိတ်မကောင်းဖြစ်မိပါသည်။ မျက်စိ
ပျက်မျက်နှာပျက်ဖြစ်နေသည့်သူ့ပုံစံ ၊ ငိုထား
သည်ကြောင့် နီရဲနေတဲ့သူ့မျက်ဝန်းအိမ်လေး
သူ့အိပ်မက်တွေကို အကောင်အထည်ဖော်ရုံပဲ
ရှိသေး အခုတော့ တစ်စစီဖြစ်သွားတဲ့သူ့အိပ်မက်လေး ... သူ့ဆုံးရှုံးမှုကြောင့် သူသိပ်ကို
ခံစားနေရသည်ဖြစ်သည်

" ဘယ်သူနဲ့လာတာလဲ ကားသမားလည်းမတွေ့
ပါလား "

" ဟင့်အင်း သူမပါဘူး ကိုယ့်ဖာသာမောင်းပြီး
လာတာ. ဟိုမှာ ကိုယ့်ကားလေ "

" ဘာလို့တစ်ယောက်တည်းလာတာလဲ အခန့်မသင့်ဘဲ လမ်းမှာတစ်ခုခုဖြစ်ရင်ဘယ်လို
လုပ်မလဲ "

ပါးစပ်ထဲမှာရှိသမျှအရာအားလုံးကို ဒလည်ဆတ်ရေရွတ်၍ လက်နှစ်ဖက်ကိုတင်းတင်းဆုပ်ထားမိကာ ရင်းဆက်၏မျက်နှာအား တည့်တည့်မတ်မတ်ကြည့်၍ အော်ငေါက်မိလေ
တော့သည်၊ ရင်းဆက်ကတော့ ကြောင်အစွာ
ရပ်ကြည့်နေမိရင်း ထိုသူ၏ပြောပုံဆိုပုံကြောင့်
ဟန်ပါပါဖြင့် ရယ်မိလိုက်သည်

" ဟမ် . ဘာ ဘာ ... အဟွန်း ဘာလို့ရယ်တာလဲ"

" အဟက် ... မင်းပြောနေတာကိုက ရယ်ချင်စရာကောင်းနေလို့ "

If possible ~Where stories live. Discover now