"အာ...အိပ်ချင်လိုက်တာ"
Bus ကားမှတ်တိုင်တွင်ရပ်ကာကားစောင့်နေရင်း Gyuvin ညည်းလိုက်သည်။
တနင်္လာနေ့တိုင်းကတကယ်လူကိုပင်ပန်းစေတာပဲ။အခုတောင်အိပ်ရာကထလာတာဖြင့်မိနစ် 30 မကျော်သေး၊ ပြန်အိပ်ချင်နေပြီ။'အလုပ်လုပ်ရတဲ့ရက်နှစ်ရက်ပဲရှိပြီး ပိတ်ရက်ငါးရက်သာဆိုဘယ်လောက်ကောင်းလိုက်မလဲ....'
ဘယ်နှကြိမ်မြောက်ရှိပြီလဲမရေနိုင်သည့်အကြိမ်တစ်ခါထပ်သန်းလိုက်ကာ ကလေးဆန်ဆန်မကျေမနပ်စဉ်းစားမိသည်။
ထိုစဉ်လက်ထဲတွင်ကိုင်ထားသောဖုန်းမှမြည်လာတာကြောင့်ငုံ့ကြည့်လိုက်တော့.."Shen Ricky?"
ကျောင်းသွားခါနီးအချိန်ဆိုဆက်လေ့မရှိသည့်သူဖြစ်တာကြောင့်အနည်းငယ်အံ့ဩသွားကာဖုန်းအားပြန်ကိုင်လိုက်သည်။
"ဟယ်လို? အခု ဖုန်းဆက်နေတာ Shen Ricky လားမသိဘူး"
"ဘာတွေပြောနေတာလဲ Kim Gyuvin? ဟုတ်တယ် Shen Ricky...မိန်းကလေးတွေအသည်းစွဲ Shen Ricky "
"ရား..ချလိုက်တော့မယ် အပိုတွေပြောနေမယ်ဆိုရင် ကျောင်းမှတွေ့မယ်"
အမြင်ကပ်ကပ်နှင့်ဖုန်းအားနားမှခွာလိုက်စဉ် ဟိုဘက်ကပြောလိုက်သောစကားတစ်ခွန်းကြောင့်မျက်လုံးပြူးသွားရသည်။
"ငါ ဒီနေ့ကျောင်းမသွားဘူး" တဲ့။
"ဘာ-ဘာဖြစ်တယ်!?!! ကျောင်းမသွားဘူး ဟုတ်လားးးး!!!?"
"အမလေး လန့်တာ! အင်း မသွားဘူး"
"အာာာာ ဘာလို့လဲ...လာခဲ့စမ်းပါ...မင်းမရှိရင်...."
"ငါမရှိရင် ဘာဖြစ်လဲ?"
'မင်းမရှိရင် ပျင်းစရာကြီး' ဟူသောစကားမှာမှန်သော်လည်း Gyuvin ပါးစပ်ကနေမပြောချင်ပါ။အထူးသဖြင့်ပြောရမည့်သူက Shen Ricky ဖြစ်နေရင်ပေါ့။
"ဘာမှတော့..မဖြစ်ပါဘူး စာတွေဘယ်လိုလုပ်မလဲ ကူမကူးပေးနိုင်ဘူးနော်"
"စာကိုနောက်ထားစမ်းပါ ငါမတက်ဘူးဆိုတာကိုပြောလိုက်ဦး အတန်းခေါင်းဆောင်ကို"
"ဟင်း...*သက်ပြင်းချသံ* ပြီးတာပဲ ဘယ်လိုပြောလိုက်ရမလဲ..ပျက်ရတဲ့အကြောင်းရင်းကို"