Part 2

150 18 0
                                    

"အဲ့ဒါဆိုဒီနေ့သင်ခန်းစာကိုဒီလောက်နဲ့ပဲရပ်လိုက်မယ်နော်"

ဆရာမ၏စကားသံအဆုံးအခန်းထဲရှိကျောင်းသူ၊ကျောင်းသားများစာအုပ်တွေသိမ်းသူကသိမ်း၊အချို့ကလည်းသိမ်းပြီးလို့ Canteen သို့သွားရန်ခြေလှမ်းများပြင်၊တချို့သောကျောင်းသားများကလည်းမပြီးသေးသောစာများလက်စသတ်ကာကိုယ်စီအလုပ်ရှုပ်သွားကြရင်းဆူညံသွားသည်။
Gyuvin လည်းအကြောဆန့်ကာပျင်းရိစွာနေရာမှထလိုက်၏။ဘေးရှိ Gunwook အားလှည့်ကြည့်လိုက်တော့စာအုပ်တစ်အုပ်ပေါ်တွင်‌တစ်ခုခုရေးမှတ်နေ‌ကာအလုပ်ရှုပ်နေသည်။
ကြည့်ရတာအတန်းပိုင်ဆရာမခိုင်းထားတဲ့အလုပ်တွေထဲကတစ်ခုအားအပြီးသတ်နေပုံ။

"Yah..Park Gunwook..Canteen?"

စာရေးနေသူ၏ပုခုံးကာတို့လိုက်ကာမေးလိုက်တော့ဟိုကခေါင်းတောင်မော့မလာဘဲပြန်ဖြေလာသောစကားမှာ...

"တော်‌ပြီ..လုပ်စရာတွေရှိသေးတယ် မင်းပဲသွားတော့" တဲ့။

"အိုခေ အတန်းခေါင်းဆောင်ကြီး ဖိုက်တင်းပါခင်ဗျာ.."

ဇွတ်အတင်းခေါ်ဖို့အားအင်မရှိသလိုကိုယ်တိုင်ကလည်း Canteen သို့သွားချင်စိတ်မရှိတာကြောင့်စကားတစ်ခွန်းသာမြန်မြန်ပြန်ပြောလိုက်ပြီးအတန်းထဲမှထွက်လာလိုက်သည်။
ထို့နောက်အစ်ကိုဖြစ်သူ Kim Taerae ရှိရာအပေါ်ထပ်အထက်တန်းတတိယနှစ်ထက်သို့တက်လာလိုက်ခဲ့သည်။

'အာာ...ကောင်းကောင်းအနားယူနေရဲ့လား သခင်လေး Shen Ricky ရေ..'

အိမ်တွင်ကုတင်ပေါ်လှဲကာအနားယူနေမည့် Ricky အားတွေးကာစိတ်ထဲမှမကျေမနပ်အော်နေမိသည်။
နည်းနည်းစောစောသာသူ့ကိုမလာမှန်းအသိပေးခဲ့ရင်သူလည်းကျောင်းမလာပါဘူး..။
အခုတော့...။

"တစ်ယောက်တည်းပျင်းနေရပြီလို့!!"

အစ်ကို၏အခန်းထဲတွင်စိတ်ရှိလက်ရှိအော်လိုက်တော့အရှေ့ရှိ Taerae မှသူ့အားဘောပင်ဖြင့်‌ခေါင်းအားခေါက်လိုက်ကာတိတ်တိတ်နေရန်ပြန်အော်လိုက်သည်။

"ရားးး! မင်းအခန်းမဟုတ်ဘူး တိုးတိုးနေစမ်း မဟုတ်လည်းကိုယ့်အခန်းထဲသာပြန်လစ်လိုက်‌တော့ နားညည်းတယ်"

•OBSESSION•Opowieści tętniące życiem. Odkryj je teraz