"ဟ..ဟ"
Gyuvin အသက်ရှုသံများမြန်လာပြီ ဖြစ်သည်။နောက်အားတစ်ချက် ခေါင်းလှည့်ကြည့်လိုက်တော ဘယ်သူမှလိုက်မလာတော့ဘဲ မျက်ခြေပျက်သွားဟန်။
ထို့ကြောင့် ပြေးနေတာကိုရပ်ကာ ကျောင်းအဆောက်အအုံ၏နံရံအနောက်ဘက်သို့ လိုက်ပါလာသောကောင်လေးအားဆွဲလိုက်ရင်း အမောဖြေနေမိသည်။"အဆင်ပြေရဲ့လား.."
ကျောင်းနံရံအားမှီကာ အမောဖြေနေသော ကောင်လေးအား Gyuvin မေးလိုက်ခြင်း။
ရင်ဘတ်အားဖိကာ အသက်ရှူမြန်နေဆဲမို့ ဟိုဘက်မှ မေးခွန်းအား ချက်ချင်းမဖြေနိုင်။
အသက်ရှူသံပြင်းပြင်းများ တဖြည်းဖြည်းတည်ငြိမ်သွားမှ စကားသံ တိုးတိုးကလေးထွက်လာလေသည်။"အင်း..."
"Mask ချွတ်လိုက်လေ..အသက်ရှူကျပ်နေဦးမယ်..."
ထိုကျောင်းသားလေး၏မျက်နှာတစ်ဝက်အား ဖုံးထားသော Mask အဖြူကြောင့် စိတ်ပူ၍ ပြောမိတော့ကောင်လေးမှာ ခေါင်းခါပြသည်။
ပါးစပ်ကတော့ ဘာမှပြန်မပြော။"အိုကေ~ အာ့ဆိုလည်းဒီအတိုင်းတပ်ထားလိုက်..ကိုယ်ကအသက်ရှူကျပ်နေမှာစိုးလို့.."
ထိုကျောင်းသားမှာ စကားအားနားသာထောင်နေပြီး ပြန်ဖြေသည့်အသံတော့ ထွက်မလာသည်မို့ စကားနည်းသူတစ်ဦးဟု Gyuvin ယူဆမိသည်။
နှစ်ဦးကြားလေထုမှာ တိတ်ဆိတ်လျက်။Gyuvin ဘက်မှလည်း ဘာမှမပြောသလို၊ကောင်လေးမှာလည်း စကားတစ်ခွန်းတောင်မဟလာ။
ဒီအတိုင်း နှစ်ယောက်လုံးထိုနေရာ၌သာ ငြိမ်ငြိမ်လေးရပ်နေမိသည်။Gyuvin ရဲ့အကြည့်တွေက ကောင်လေးဆီ၊ကောင်လေး၏ မျက်ဝန်းများကတော့ မြေပြင်ပေါ်သို့ဦးတည်၍။"ဟို..ဗိုက်မဆာဘူးလား.."
စက္ကန့်ပိုင်းကနေ မိနစ်ပိုင်းသို့မပြောင်းခင် Gyuvin ပျင်းဖို့ကောင်းသော နှစ်ဦးကြားလေထုအား မေးခွန်းတစ်ခုနှင့်ဖြိုခွဲမိသည်။
"နည်းနည်း.."
"နည်းနည်း? ကိုယ်လည်းဗိုက်ဆာနေပြီ တစ်ခုခုစားကြမလားဟင်..?"
Gyuvin မေးခွန်းအား ထိုကောင်လေးမှာချက်ချင်းမဖြေဘဲ တစ်ခုခုအားတွေးနေပုံ။