(ch 8)

2.8K 89 9
                                    

"အာ အများကြီးကျန်သေးတာပဲ"

မိုးမခတစ်ယောက်တည်း ကိုယ့်လက်ကိုပြန်ကိုင်ရင်း တိုးတိုးလေးညည်းနေမိသည်။ သူစာမေးပွဲအမှတ်နည်းတဲ့ ကိစ္စမှာ သီဟက သူ့ကို ဒူးထောက်အပြစ်ပေးရုံနဲ့ ပြီးသွားပြီလို့ တွေးခဲ့မိတဲ့ သူ့ကိုယ်သူပြန်သာရိုက်ပစ်လိုက်ချင်တော့တယ်။ သီဟလား သူ့အပေါ်ကို သနားညင်သာနေမှာ။ အခုလည်း သူ့ကို စာမေးပွဲမှာ မှားသမျှအမှားတွေကို အမှားတစ်ခုကို 10 ခါတိတိပြန်ရေးခိုင်းနေတယ်လေ။

ခတ်ဆစ်တို့ မေးခွန်းတိုတို့ eng meaning တွေတို့ သင်္ချာပုစ္စာတွေတို့ Chemနဲ့ phys def တွေတို့က 10 ခေါက်လောက်ရေးရတာကိစ္စမရှိပေမယ့် မြန်မာစာမေးခွဲရှည်တွေကို အကြောင်းအရာနဲ့အရေးအသား နှစ်ခုစလုံးကို ဂုဏ်ထူးမှတ် 8မှတ်နားအထိ ရောက်အောင်ရေးထားတဲ့အထူးထုတ်တွေထဲကအတိုင်း အလွတ်ကျက်ခိုင်းပြီး 10 ခေါက်ရေးခိုင်းတာတို့၊ Bio တွေကို ဖတ်စာအုပ်ထဲကအတိုင်း တစ်လုံးမှမလွဲအောင်အတိအကျ အလွတ်ရေးခိုင်းထားတို့ကကျ နည်းနည်းလွန်တယ်လေ။ တချို့Bio တွေဆို တစ်ပုဒ်လုံးမှာမှ သူmeaning လေး 3 လုံးလောက်ပဲမှားတာကို တစ်ပုဒ်လုံးစာ10 ခေါက်ဆိုတာကြီးကတော့ မဖြစ်သင့်ဘူးလေ။ စာတွေကို အတိအကျ မှတ်မိအောင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တကယ်တော့ သူ့ကိုနှိပ်ဆက်နေတာပဲ မဟုတ်လား။


စာမလုပ်ချင်လို့ စာရေးခိုင်းတာကို အပြစ်မြင်နေတာလားလို့မေးရင်တော့ လုံးဝမဟုတ်ပါဘူးနော်။ အမှန်ဆိုစာရေးခိုင်းရုံအပြစ်ပေးတာကို သူကပြန်တောင်ကျေးဇူးတင်ရမှာပါ။ အခုက သူ့ကို အချိန်သတ်မှတ်ပြီးရေးခိုင်းနေတာကြောင့်ပါ။ ဘယ်ဟာရေးရင် ဘယ်အချိန်ကနေ ဘယ်အချိန်အထိပြီးကိုပြီးရမယ် ဒီဟာဆို ဒီအချိန်ကနေ ဒီအချိန်ထိ ဆိုတဲ့ သတ်မှတ်ချက်တွေက တကယ်ကိုလွန်ပါတယ်။ အထူးသဖြင့် မပြီးခဲ့ရင််ဆိုတဲ့ စကားရဲ့နောက်မှာ အပြစ်ပေးမယ်ဆိုတဲ့ စကားက ကပ်ပါနေရင်ပေါ့။ ပထမ​ပိုင်းရေးရတဲ့ စာတွေမှာကအချိန်မှီပြီးပေမယ့် နောက်ပိုင်းဟာတွေကတော့အချိန်မှီဖို့အရမ်းကိုခက်လာတယ်လေ။ ပထမကရေးခိုင်းတာတွေကို အချိန်မှီအောင် အသားကုန်ကြိုးစားရေးခဲ့ရတဲ့သူ့ရဲ့လက်ကလေးက စက်ရုပ်လက်ကလေးမှမဟုတ်ဘဲ။ အမှန်ဆိုသီဟလည်း မိုးမခ နောက်ပိုင်းဟာတွေကို အချိန်မှီပြီးမှာမဟုတိတာ ကြိုသိနေပြီးသားပဲလေ။ မိုးမခ ကို အပြစ်ပေါ်အပြစ်ဆင့်ပြီး အပြစ်ပေးချင်လို့ သက်သက်လုပ်နေတာပဲမဟုတ်လား။


သူ စေလိုရာ (As Your Wish)Where stories live. Discover now