(ch 11)

1.9K 82 6
                                    

"အာ့"

မိုးမခ စာကြည့်ခန်းထဲကိုရောက် ရောက်သွားချင်း သူ့ရဲ့လက်ကောက်ဝတ်ကို ဆက်ခနဆွဲယူပြီး ဆွဲခေါ်သွားတဲ့ သီဟာကြောင့် တရွတ်တိုက်ဆွဲပါသွားသည်။ ဘယ်လောက်တောင် စိတ်တိုနေလဲဆိုတာ သူ့ရဲ့လက်ကို အားပြင်းပြင်းနဲ့ဆွဲကိုင်လိုက်တာကိုကြည့်တာနဲ့သိသာပါတယ်။ သီဟက စိတ်မတိုတဲ့အချိန်တွေ မိုးမခဘာအပြစ်မှမလုပ်ထားတဲ့အချိန်တွေမှာဆို မိုးမခအပေါ်အနူးညံတတ်ဆုံးလူတစ်ယောက်လေ။ ဒါပေမယ့် မိုးမခအတွက်ကတော့ အဲ့လိုအရာကိုကောင်းကွက်လို့မြင်ရမယ့်အစား သူ့ကိုအပြစ်ပေးတဲ့အချိန်တွေမှာ ရက်စက်လွန်းတဲ့သီဟကိုပဲ သူ့ခေါင်းထဲမှာစွဲနေသည်။ သီဟဆီက အပြ​​​စ်ပေးခံရမှာကို သေမတက်ကြောက်တာကြောင့် ဘယ်လောက်ပဲ အမှားမလုပ်မိအောင် အပြစ်မရှိအောင်နေနေ သူဟာလည်း မပြည့်စုံတဲ့လူသားတစ်ယောက်မလို့ အပြစ်နဲ့မကင်းဘူးလေ။


ရေချိုးခန်းတံခါးကိုဆွဲဖွင့်လိုက်ပြီး မိုးမခကိုပါရေချိုးခန်းထဲဆွဲသွင်းလိုက်တာမလို့ ရုတ်တရက်ကြောင်မိသွားသည်။ အဲ့နောက်မှာ ရေပန်းကိုဆွဲဖွင့်လိုက်ပြီး မိုးမခကို ရေပန်းအောက်ပစ်ထည့်လိုက်သည်။ သီဟလွှတ်ပေးလိုက်တဲ့ လက်ကောက်ဝတ်ကိုကြည့်မိတော့ နီရဲနေပြီး နာနေပေမယ့် သူ့ကိုဆွဲခေါ်လာတဲ့လမ်းတစ်လျောက်လုံးမှာ နာနေတာမလို့ လွှတ်ပေးပါလို့လည်း မတောင်းဆိုရဲခဲ့သလို အခုလွှတ်ပေးပြီးတဲ့အချိန်မှာလည်း နာနေလို့မညည်းငြူရဲပါ။ သီဟရဲ့ စာကြည့်ခန်းထဲမှာရှိတဲ့ ရေချိုးခန်းက သီဟအလုပ်လုပ်နေတဲ့အချိန်မှာ ကိုယ်လက်သန့်စင်တာလောက်ပဲ လုပ်တဲ့ရေချိုးခန်းမလို့ ရေပူစက်မထားတဲ့အတွက် ဖွင့်ချလိုက်တဲ့ရေပန်းကရေတွေက အေးစက်လွန်းပါတယ်။ နိုဝင်ဘာလအလယ်ပိုင်းလောက်က မအေးသေးဘူးဆိုပေမယ့် အချိန်က ညနေစောင်းဖြစ်တာကရော အိမ်ရဲ့ဘေးပတ်ပတ်လည်မှာ သစ်ပင်တွေရှိနေပြီး သီဟရဲ့ စာကြည့်ခန်းက Aircon ကြောင့် အေးနေတာရောနဲ့ မိုးမခရဲ့ခန္တာကိုယ်ပေါ်ကို ကျဆင်းလာတဲ့ရေအေးတွေကြောင့်ရော ရေပန်းအောက်က မိုးမခလေးခမျ တုန်တက်နေရှာပေမယ့် သီဟကတော့ နည်းနည်းလေးမှ မသနားပါ။

သူ စေလိုရာ (As Your Wish)Where stories live. Discover now