Part-11

361 14 0
                                    

ဒီကနေ့ ဝိုင်း ဘုရားပန်းလဲ၊ဘုရားရှစ်ခိုးနေ၏
ဝိုင်းဘုရားရှစ်ခိုးပြီး အခန်းထဲသို့သွားရန် ပြင်သည်။

"ဝိုင်း မြေး ဒွေးလေးဆီလာပါဦးကွယ့်"

"ဒွေးလေးကျုပ်ကို ဘာခိုင်းစရာရှိလို့လဲ"

"ခိုင်းစရာရှိလို့ မဟုတ်ပါဘူးမြေးရယ် မြေးကိုပြောစရာရှိလို့ ဒွေးလေးကလဲ မကြာခနဖျားနေတော့ ‌သေသွားရင် မြေးလေးကို ဒီအကြောင်းတွေမပြောပြလိုက်ရမှာစိုးလို့"

"အို ဒွေးလေးမသေရပါဘူး နိမိတ်မရှိတဲ့စကားတွေမပြောပါနဲ့ ဒွေးလေးရယ်"

ဒွေးလေးမစန်း ခေါင်းတညိမ့်ညိမ့်ဖြင့်••••

"မြေးလေးကို မြေးလေးဘွားဘွား မမအေးကြိုင်က သိပ်ချစ်ရှာတာကွယ့် ‌ပြီးတော့သူကပြောသေးတယ် မြေးလေးကသာမန်ကလေး မဟုတ်ဘူး ထူးခြားတဲ့ကလေးတဲ့"

"ကျုပ်ကဘာထူးခြားလို့လဲ ဒွေးလေးရယ်"

"မြေး မမွေးခင် မြေးလေးအမေခါဥ အဲ့နေ့ညက ခုမြေးလေးနေတဲ့ အခန်းထဲ အိပ်နေရင်း

"ခါဥ••••ခါဥ ထစမ်း ငါနဲ့လိုက်ခဲ့"

‌ကျယ်လောင်သောအသံများ နားထဲကြားနေသဖြင့် အိပ်နေရင်းလန့်နိုး၏ ကုတင်ဘေးတွင် အမျိုးသမီးတစ်ယောက် ခပ်နွမ်းနွမ်း အငြိမ့်သမ ဝတ်စုံဖြင့် အင်္ကျီကဘယ်ဘက်လက်မောင်း၌လဲ ပြဲနေသည်ကို သတိထားမိ၏ ခေါင်းတွင် ကောက်ရင်ပန်းခက်ကို ပန်ကာ စူးရှသောအကြည့်များဖြင့် ခါဥအားကြည့်နေ၏ ကောက်ရင်ပန်းရနံ့များလဲ တစ်ခန်းလုံး မွှေးပျံ၍ထုံအီနေ၏

"ရှင်ဘယ်သူလဲ ရှင်ကျွန်မအခန်းထဲ ဘယ်လိုလုပ်ရောက်နေတာလဲ ထွက်သွားစမ်း"

ကြောက်လန့်၍ အသံများတုံရီစွာအော်နေမိ၏

"ခါဥ ငါနဲ့လိုက်ခဲ့"

"မလိုက်ဘူး မလိုက်ဘူး ရှင့်ကိုကျွန်မထွက်သွားလို့ပြောနေတယ်လေ ကျွန်မလက်ကိုလွှတ် အမေရေ ကျုပ်ကိုကယ်ပါဦး ၊ဒွေးလေးရေ ကိုထွန်းမောင် ကျုပ်ကိုကယ်ပါဦး"

အငြိမ့်မင်းသမီးဝတ်စုံနှင့် အမျိုးသမီးမှ ဆွဲခေါ်သွားသဖြင့် ရုန်းမရပဲ ခါဥလိုက်ပါသွားရ၏ ဘေးပတ်ချာလည် ခါဥလိုက်ကြည့်မိတော့ ဘာမှမမြင်ရ မှောင်မဲနေ၏

တောပန်းလေးရဲ့လွမ်းပုံပြင်(Complete)Where stories live. Discover now