သီတင်းကျွတ်လဆန်း(၁၃)ရက်နေ့
ဒီနေ့မနက်ထဲက ဝိုင်းတို့ကျုံတုံးကလေးရွှာ တစ်ရွှာလုံး မီးခိုးတစ်လူလူဖြင့် မုန့်များလုပ်နေကြသည်၊မနက်ဖန် လဆန်း(၁၄)ရက်နေ့ မနက်စောစော ကျုံတုံးမဟာမြတ်မုနိကြေးသွန်း ဘုရားကြီးအား ဆွမ်းတော်ကြီးကပ်ရန်အတွက် နှစ်စဉ်နှစ်တိုင်း ရွှာထဲရှိ အိမ်တိုင်းအိမ်တိုင်းမှာ မြန်မာမုန့်မျိုးစုံ ပြုလုပ်ကြသည်။
ဒွေးလေးကလည်း နေမကောင်းသည့်ကြားမှ ဘွားဘွားလက်ထပ်ထဲက အိမ်တွင်လုပ်နေကြ ပလဝါကြီးမုန့်အား ကိုယ်တိုင်လုပ်နေ၏
ဝိုင်းကတော့ အုန်းကြော်လုပ်ရန် အိမ်ရှေ့ခုံပေါ်တွင်အုန်းသီးထိုင်ခြစ်နေ၏ ဒွေးလေးကတော့ မီးဖိုနားမှာ ချွေးတစ်သီးသီးကျလျှက်၊"ဝိုင်း!! အုန်းသီးခြစ်နေတာလား"
"အိမ်များမှားဝင်လာတာလား ဇီဇဝါ"
ဇီဇဝါတောင် ဝိုင်းတို့အိမ်မရောက်တာ ကြာခဲ့ပြီ၊"အိမ်မှားဝင်လာတာမဟုတ်ဘူး ရှင့်ဆီကိုပဲ တမင်လာတာ"
"ဒွေးလေး ပြောတော့နေမကောင်းဘူးဆို ကိုယ်တိုင်မုန့်လုပ်နေပါလား"
"တစ်နှစ်တစ်ခါ အစဉ်အလာမပျက် ပလဝါကြီးမှ မကျိုရရင် မနေတက်လို့ပါ!! မောင်နှမနှစ်ယောက် စကားပြောနှင့်ကြ ဒွေးလေး နောက်ဖေးသွားလိုက်ဦးမယ် !! ဝိုင်း မီးလေးကြည့်ပေးထားဦး"
"ဟုတ်ကဲ့ ဒွေးလေး"
"ဇီဇဝါ နင်တို့အိမ်ကော ဘာမုန့်လုပ်လဲ"
"ကရေကရာ ဒါနဲ့ ငါ့အဖေကနင့်ကို ခုထိသူ့တို့ကို စိတ်ဆိုးမပြေသေးဘူးလားတဲ့"
"ဘာကိုလဲ ဇီဇဝါ ကျုပ်ကဘာကိုစိတ်ဆိုးရမှာလဲ"
"အကိုဝန်းရံနဲ့ ပြဿနာဖြစ်ပြီးထဲက အိမ်ကိုတောင်မလာလို့တဲ့"
"အော်!! ဇီဇဝါရယ် နင်လဲသိသားနဲ့ ငါရင်မဆိုင်ချင်ဘူး ဇီဇဝါ"
"ငါနားလည်ပါတယ် မနက်ဖန်မနက်တော့ ဘုရားကြီးကို အတူတူသွားမယ် မဟုတ်လား"
"ကျုပ်ဘာကျုပ်ပဲ သွားပါရစေ နင်ပါရင် ဟိုလင်မယားလဲ ပါမှာပဲလေ"
YOU ARE READING
တောပန်းလေးရဲ့လွမ်းပုံပြင်(Complete)
Romance"ကျုပ်ကြားဖူးတာ ဝါးပင်တွေက တစ်သက်မှာတစ်ခါပဲ အပွင့်ပွင့်၊အသီးသီးကြပြီးသေဆုံးသွားကြတယ်၊ ကျုပ်နှလုံးသား ကလဲ တစ်သက်မှာတစ်ခါပဲ ချစ်ချင်တယ် အဲ့လူရင်ခွင်ထဲမှာပဲ သေဆုံးသွားချင်တယ်"