1🌚

545 50 16
                                    

ကောင်းကင်ကြီးကအရမ်းကိုလှပနေခဲ့သည်
တိမ်ဖြူတွေဟာလည်းလေနှင်ရာသို့တရွေ့‌ေရွ့သွားနေကြသည်
တချို့တွေက တိမ်တောင်အကြီးကြီးတွေမို့လေဟာသူတို့ကို ရွေ့သွားအောင်မတိုက်ခတ်နိုင်ခဲ့ဘူး

သူဘဝဟာတော့တစ်စုတစ်စုကွဲကာ လေနှင်ရာသွားနေရတဲ့ မိသားစုမရှိတဲ့တိမ်တောင်လေးတွေလိုပဲ

ကံကြမ္မာနှင်ရာသွားနေရသည် သူ့ဘဝကြီးဟာ တကောင်ကြွက်မိဘမဲ့ မွေးကတည်းကကိုယ့်ဝမ်းကိုကျောင်းဖို့ကြုံရာအလုပ်ကိုရှာလုပ်ခဲ့ရသည်

ကျောင်းစရိတ်အတွက်ပင်ပင်ပန်းပန်းလုပ်ခဲ့ရပြီးအထက်တန်းအောင်လာခဲ့ရသည်

အခုလည်း Uniအတွက်ဆက်လက်ကြိုးစားနေရပြန်သည်

LION ဆေးရုံရဲ့ သန့်ရှင်းရေး အမိုက်သိမ်းသမားလေးအဖြစ်နဲ့ပေါ့

ဒီအလုပ်ဟာ သူများတွေအမြင်တော့ အမိုက်တွေကိုင်ရတာကိုညစ်ပတ်တယ်၊ရွံတယ် တွေးကြမှာပေါ့

သူကတော့ဒီအလုပ်ဟာ မွန်မြတ်တယ်၊သန့်ရှင်းတယ်လို့ပဲမြင်သည်

[အမှိုက် တစ်စမြင်တစ်စကောက်] ဆိုတဲ့ ကျောင်းအုဈပ်ကြီးသင်ပေးလိုက်တဲ့ဆောင်ပုဒ်ကိုသူကတော့မှတ်သားထားသည်

တချို့တွေရှိသည်
[အမှိုက် တစ်စမြင်တစ်စချ] ဆိုပြီးကျောင်းအုပ်ကိုပြောင်ဆိုကြသေးသည်

သူဟာတော့ လူလိမ္မာလေးမို့ကျောင်းအုပ်စကားကိုနားထောင်ပါသည်

"Fourth အမှိုက်တွေစုနေပြီ သွားသိမ်းကြစို့ဟေ့ ထတော့ Nong"

Fourth‌တစ်ယောက်သစ်ပင်အောက်မှာလှဲပြီးကောင်းကင်ကြီးကို့မော့ကြည့်ကာ သူ့ဘဝအကြောင်းသူတွေးနေတုံး
သူနဲ့အလုပ်တူစီနီယာ
ကိုရီးDunkက နားချိန်ကုန်ကြောင်းလှမ်းပြောတာမို့
ထလာခဲ့ရတော့သည်

"လာပြီ ကိုရီး"

"မင်းမယ်လည်းနော်
မင်းအတွက်နားဖို့‌ေရမီးအပြည့်စုံနဲ့ အခန်းကောင်းကောင်းရှိရဲ့နဲ့
ဆေးရုံနောက်ကသစ်ပင်မှာပဲလာလာအိပ်နေရတယ်လို့ကွာ"

Fourthအနားကိုရောက်တော့ကိုရီးDunkကသူ့ကိုအားမရစွာဆီးကာပြောလာခဲ့သည်

Oh My Doctor🌚(Complete)Where stories live. Discover now