5🌚

455 41 12
                                    

ရင်ခွင်ထဲကကလေးငယ်ကငိုလို့ဝသွားပြီနဲ့တူတယ်
လက်သေးသေးလေးတွေကတင်းတင်းကြပ်ကြပ်ပွေ့ဖတ်ထားတဲ့သူ့ရင်ဘတ်ကိုဖွဖွလေးထုလာသည်

"အင့် အသက်ရူကြပ်တယ်"

"အင်းအင်း ကိုယ်တောင်းပန်တယ်နော်"

"တောင်းပန်စရာမလိုပါဘူး ရပါတယ်"

"ကိုယ်မင်းကိုချစ်တယ်"

Geminiရဲ့စကားကြောင့်Fourthရဲ့ပါးမို့လေးတွေနဲ့နားရွက်လေးတွေဟာပန်းရောင်အဖြစ်ပြောင်းလဲသွားတော့သည်ထို့နောက်

"ကျွန်တော်ကဘယ်လိုယုံရမှာလဲ
ခင်ဗျားလိုတွေ့တာဘယ်လောက်မှမကြာသေးတဲ့သူကို"

Fourthစကားကြောင့်Geminiပြုံးမိသွားပြီး

"မင်းလေးကိုယ့်ကိုရင်းနှီးအောင်လုပ်ကြည့်လေ"

"ဘယ်လိုမျိုးလဲ"

Fourthနားမလည်စွာပြန်မေးမိတော့Geminiက

"ကိုယ်နဲ့တစ်လတွဲပါ၊ကိုယ့်ချစ်သူအဖြစ်တစ်လနေပေး၊ကိုယ်မင်းကိုချစ်ပြမယ်၊တစ်လပြည့်လို့မင်းမကြိုက်ဘူးဆိုရင်ကိုယ်မင်းနဲ့မပတ်သတ်တော့ဘူး"

Geminiရဲ့စကားတွေကိုFourthသေချာစဉ်းစားမိသည်

*သူနဲ့တွဲကြည့်ရမလား၊တစ်လထဲပဲဟုတ်တာ၊ချစ်မိသွားရင်လဲအကို့Nonကိုမေ့လို့ရတာပေါ့*

"ကောင်းပြီ"

***************

အခုအခြေအနေကFotအတွက်အရမ်းကိုစိတ်လှုပ်ရှားနေမိတဲ့အချိန်ဖြစ်သည်

ပထမဆုံးရည်းစားထားဖူးခြင်းမှာFotရဲ့လူငယ်စိတ်ကလေးဝင်လာလေတော့ စမ်းကြည့်ချင်စိတ်လေးဖြစ်လာခဲ့သည်

ထို့ကြောင့်ပဲနေ့လည်ကမှအဖြေပေးထားတဲ့ရည်းစားအသစ်စက်စက်လေးကို 'ညကျအခန်းထဲလာခဲ့ပါ'လို့ပြောခဲ့မိတာလေ

အခုတောင်ညနေ၆နာရီရှိနေပြီ၇နာရီမှာချိန်းထားခဲ့ကြတာမို့နောက်တစ်နာရီဆို သူရောက်လာတော့မည်

Fotမျက်နှာထက်ခရင်မ်တစ်ခုကိုလိမ်းလိုက်သည်
ဆံပင်လေးကိုလည်းချစ်ရာအသွင်နဖူးပေါ်ဝဲဝဲလေးချထားလိုက်သေးသည်
နှုတ်ခမ်းလေးကတော့သူ့ပင်ကိုယ်အရဲမို့ဘာမှလုပ်စရာမလို

Oh My Doctor🌚(Complete)Where stories live. Discover now