မြေပြန့်သူလေး
-------------------
Part - 7
----------
ညက အကုန်လုံးမိုးလင်းပေါက်တဲ့ထိ ကဲလိုက်ကြတာ အခုမနက်ကျ တစ်ရွာလုံးတိတ်ဆိတ်လို့နေသည်
မျက်ဝန်းကတော့ အိပ်နေတဲ့ မမကဗျာကို မနှိုးချင်တာနဲ့ အကျိုးအကြောင်းမပြောတော့ဘဲ နေကြာခင်းဆီကိုထွက်လာခဲ့လိုက်သည်
အသိစိတ်ကမသွားနဲ့လို့ပြောနေပေမဲ့ မသိစိတ်ကဆောင်နေတော့ သွားလိုက်ရသည် ကိုယ့်စိတ်ကိုမထိန်းချုပ်နိုင်တာကလည်း ခက်သားပဲ
ခွန်းကတော့ သူ့ဆီလာမဲ့ တစ်စုံတစ်ယောက်ကို ပြတင်းပေါက်ကနေ မျှော်နေမိတာ မနက်ကတည်းကပင်
ထိုအချိန် ကားတစ်စီးရပ်တဲ့အသံကြားလို့ ထွက်ကြည့်လိုက်တော့ မေမေတို့ပင်
" ဦးဦး "
" ဟင် ချယ်လေး "
ကားရပ်ရပ်ခြင်း ကားပေါ်ကနေဆင်းသွားတဲ့ သမီးဖြစ်သူကို အမရာလည်း ပြုံးပြီးကြည့်နေလိုက်တယ်
" သမီးက သူ့ဦးဦးကိုတော့အရမ်းချစ်တာနော် မေမေ "
" တစ်အိမ်လုံးမှာလည်း မြေးလေးကိုအလိုလိုက်ဆုံးက သားငယ်လေးပဲလေ "
" အဟင်း ဟုတ်ပါ့နော် 
မေမေ ခဏနေရင် ဘုန်းကြီးကျောင်းကိုသွားမှာမလား "
" အင်းလေ သမီး "
" ဒါဆို ပစ္စည်းတွေအိမ်ထဲအရင်သယ်သွားလိုက်ဦးမယ် မေမေလည်းရေချိုးလိုက်ဦးနော် လန်းသွားအောင် "
" အေးအေး သမီး
ဟို ၂ယောက်ကိုတော့ လွှတ်ထားလိုက်တော့ "
" ဟုတ် "
" ဦးဦး ချယ်လေးကလေ မနေ့ကတည်းကလာမို့ကို ဖေဖေကအလုပ်မအားလို့ အခုမှလာရတာ "
" ဟုတ်လားကွ "
" အွန်း မီးမီးကလေ ဦးဦးကိုအားကြီး အားကြီးလွမ်းနေတာ "
" အာဘွားပေးပါဦး ဦးဦးကို "
" အာဝါး အာဝါး အာဝါး "
" အဟား ချစ်ဖို့ကောင်းလိုက်တာကွာ "
ဂါဝန်အဝါရောင်လေးနဲ့ ချစ်ဖို့ကောင်းနေတဲ့ တူမဖြစ်သူကို သူလည်းချစ်စနိုးနဲ့ကြည့်နေလိုက်တယ်
                                      
                                  
                                              
                                          