အပိုင်း ( ၄၄ )

5.9K 148 2
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Part - 44
~~~~~~~
" မျက်ဝန်းဘာမှမကြောက်နဲ့နော် "

" ဟုတ်တယ် မမကြီး ဖိုက်တင်း "

" နင်အဲ့ထဲကပြန်ထွက်လာ​တာနဲ့ ဟော့ပေါ့သွားစားကြမယ် "

" You can do it my dear "

" Thanks Emma, I will never forget for your helping "

" No thanks my dear "

မျက်ဝန်းလည်း အကုန်လုံးကိုပြုံးပြပြီးတာနဲ့ ခွဲခန်းထဲကိုဝင်ခဲ့လိုက်သည်

ကိုကိုသာရှိနေခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ ဒါပေမယ့်လည်း ဒီလူတွေကလည်းသူမကို အားဖြစ်စေ၏

ခွဲခန်းအပြင်မှာတော့ အကုန်လုံးက စိုးရိမ်စိတ်တွေနဲ့စောင့်စားနေကြလျက်

" ကိုကို မကြီး အဆင်ပြေမှာပါနော် "

" ပြေမှာပါ ကလေးရဲ့ ဘာမှစိတ်မပူနဲ့နော် "

" ဟုတ် "

ဝလ္လာလည်းရင်ခွင်ထဲက ကလေးလေးရဲ့ခေါင်းကို တယုတယလေးပွတ်ပေးနေမိသည်

မျက်နှာခွဲစိတ်တာက စိုးရိမ်မှုမရှိဘူးဆိုတာသိ​ပေမယ့်လည်း ဆယ်စုနှစ်တစ်ခုကြာအောင်ပေါင်းလာခဲ့တဲ့သူတို့အဖို့တော့ စိုးရိမ်မှုကိုတားလို့မရပေ

နာရီတွေတရွေ့ရွေ့ကျော်လွန်သွားပေမယ့်လည်း သူတို့တွေကဒီနေရာမှာရှိနေဆဲပါပဲ

မင်းသုခလည်း အကြီးပီသစွာ သူ့ညီငယ် ညီမငယ်လေးတွေကို တစ်ခုခုကျွေးရသည်

နောက်မို့ဆို မျက်ဝန်းကဘာမှမဖြစ်ဘဲ ဒီအဖွဲ့က အစာရေစာပြတ်ပြီး တစ်ခုခုဖြစ်နေမှ

" ကျွီ "

အချိန်တစ်ခုထိကြာပြီးတဲ့နောက်မှာတော့ ခွဲခန်းတံခါးကပွင့်လာခဲ့ပြီဖြစ်သည်

" ဒေါက်တာ သူ့ရဲ့အခြေအနေ "

" အကုန်အဆင်ပြေပါတယ်ခင်ဗျ အခုကတော့မေ့ဆေးအရှိန်နဲ့အိပ်ပျော်နေတာမို့ မနက်လောက်ဆိုသတိရလာပါပြီ "

" ပတ်တီးဖြည်ရမယ့်ရက်ကရော ဒေါက်တာ "

" နောက်တစ်လလောက်ဆိုရပါပြီခင်ဗျ
ညီလေးတို့လည်းအနားယူကြဦးပေါ့ "

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now