အပိုင်း ( ၄၈ )

2.8K 86 2
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Part - 48
~~~~~~~
ထို့နောက်ကိုကိုက ငွေရောင်လိုက်ကာဘလင်းဘလင်းလေးတွေနဲ့ကာထားတာကိုဖွင့်လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အံ့သြမှင်သက်သွားမိသည်

လိုက်ကာကိုဖွင့်လိုက်တယ်ဆိုရင်ပဲ " Nothing Gonna Change My Love For You " သီချင်းက ပျံ့နှံ့လာပြီး Screen အသေးစားထက်မှာလည်း ကိုကိုနဲ့သူမရဲ့ပုံများက စာလေးတွေနှင့်ပေါ်လာလေသည်

ပထမဆုံးထွက်လာတဲ့ပုံက မျက်ဝန်း ကိုကို့ရဲ့နေကြာခင်းကိုစရောက်တုန်းက ပုံလေး
၁၉နှစ်ပဲရှိသေးတော့ သူမက ကလေးလေးလိုပါပဲ
ကိုကိုရေးထားတဲ့စာလေးကြောင့်လည်း ရင်ခုန်မိပြန်သည်

" ဒီပုံလေးက ကလေးကိုကို့ဘဝထဲကို ပထမဆုံးစတင်ဝင်ရောက်လာပြီး ကိုကို့ရဲ့မြင်ကွင်းထဲကို ကလေးက တဖြေးဖြေးချင်းရောက်လာခဲ့တယ်
ဟင်း....အရာအားလုံးစတင်ခဲ့တာဒီအချိန်လေးမှာပေါ့ "

နောက်တစ်ပုံကတော့ မျက်ဝန်းနဲ့ကိုကိုနဲ့ Switzerland မှာ ရည်းစားစဖြစ်တုန်းက တောင်တန်းတွေကိုနောက်ခံရိုက်ထားတဲ့ပုံလေး
မျက်ဝန်းက ကိုကို့ပခုံးထက်မှာမှီနေပြီး ကိုကိုက မျက်ဝန်းခေါင်းလေးကို ဖွဖွလေးပုတ်ပေးနေတဲ့ပုံလေး

" ဒါကတော့ ကိုကိုတို့ချစ်သူဖြစ်တဲ့အချိန်လေးပေါ့ ကလေးလေးက ကိုကို့ကိုအဖြေပြန်ပေးတော့ ကမ္ဘာပေါ်မှာအပျော်ဆုံးလူက ကိုကိုပဲလို့ယုံကြည်ခဲ့တယ် ကလေးက ကိုကို့ရဲ့ပျော်ရွှင်မှုအရင်းအမြစ်တစ်ခုဖြစ်လာခဲ့တယ် "

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now