(1)

291 23 0
                                    

" ချွဲဆူဘင်း ငါရောက်ပြီ "

အခန်းထဲသို့ဝင်ရန်ဖိနပ်ချွတ်နေရင်း အော်သံတစ်ခုကိုပြုလိုက်တဲ့ဘောမ်ဂယူအား အိမ်ထဲမှသူငယ်ချင်းဖြစ်သူသည် မည်သည့်တုန့်ပြန်မှုမှပေးမလာခဲ့ပေ။

ဧည့်ခန်းထဲဝေ့ဝိုက်ကြည့်ပြီးလူရိပ်မမြင်တာကြောင့် မီးဖိုခန်းထဲဝင်လိုက်တဲ့အခါ မနက်စာကိုအေးဆေးစွာစားသုံးနေသူကိုတွေ့လိုက်ရသည်။

စိတ်ရှိတိုင်းသာဆိုအနောက်ကနေတစ်ချက်လောက်ရိုက်လိုက်ချင်သော်ငြား သီးသွားခဲ့ရင်သူပဲဗျာများရမှာမို့မလုပ်ဖြစ်လိုက်။

" ရှိနေရဲ့သားနဲ့ မထူးတဲ့အကျင့်လေးလည်းပြင်ဦး "

ဆူဘင်းကိုလည်းပြောရင်း သူ့ခြေလှမ်းတွေဟာ ရေခဲသေတ္တာဆီသို့ဦးတည်လျက်။

" မင်းလည်းငါ့အိမ်ရောက်မှမနက်စာစားတဲ့အကျင့်ကိုပြင်ဦး "

ဖြတ်ခနဲ ပြန်ပြောလာတဲ့ဆူဘင်းစကားမှာ ဘောမ်ဂယူတစ်‌ယောက်ကိတ်လေးတစ်ဖဲ့စားမလို့ဟန်ပြင်နေတာတောင်ရပ်တန့်သွားရတယ်။

ထွေထွေထူးထူးပြန်ပြောမနေပါပဲ မကျေနပ်သလိုတစ်ချက်ကြည့်ပြီး ချွဲဆူဘင်းဘေးသို့ဝင်ကာ ခပ်တည်တည်ပဲမုန့်စားနေလိုက်သည်။

သူတို့နှစ်ယောက်ကမတည့်အတူနေဆိုသလိုပါပဲ။ တည့်တယ်လို့မရှိပေမဲ့ တစ်ယောက်အကြောင်းတစ်ယောက်အသိဆုံးသူတွေပင်။

ဘောမ်ဂယူကိတ်ကြိုက်တတ်မှန်းသိလို့ မနက်သူလာရင်စားဖို့ရာ ဆူဘင်းက ကိတ်တွေဝယ်ဝယ်ပေးထားတတ်တာပဲကြည့်လေ။

" ကော်ဖီဖျော်ပေးရဦးမလား "

ကိတ်ချည်းပဲစားနေတဲ့သူ့ကိုကြည့်ကာ ဆူဘင်းကမေးသည်။ သူပြောပါတယ်။ သူ့ရဲ့နှစ်ယောက်မရှိသူငယ်ချင်းလေးကသူ့ကိုချစ်ပါတယ်လို့။

" ရတယ် ကျောင်းပဲမြန်မြန်သွားရအောင် "

" ကျောင်းပျော်ကြီး "

ဆူဘင်းရဲ့ရေရွတ်သံတိုးတိုးထွက်လာတယ်။ ဘောမ်ဂယူကကျောင်းပျော်ဆိုတာအမှန်ပင်။ ကျောင်းမှာဆို အသိတွေများတဲ့သူကပျင်းချိန်ပင်မရ။

𝑳𝒐𝒗𝒆 𝒑𝒐𝒆𝒎Where stories live. Discover now