(8)

121 18 6
                                    

အနားမှာဘယ်သူမှရှိမနေသည့် မနက်ခင်းဟာခြောက်ကပ်ကပ်ဆန်စွာ။ ဧည့်ခန်းအတွင်း ချက်ချက်ညံနေသောနာရီသံကကြီးစိုးလို့နေပြီး အန်တီလေးချက်ထားတဲ့ဟင်းရည်အိုးအားပြန်နွှေးနေသည့်အသံသာရှိမနေခဲ့ပါလျှင် အိမ်အတွင်းလေထုသည်ကားခြောက်ခြားဖွယ်ရာပင်ကောင်းလှသည်။

ထိုသို့အခြေအနေမှာ ဘောမ်ဂယူတစ်ယောက်ပျင်းလွန်းလို့ အော်မငိုမိသည့်အကြောင်းအရင်းလေးတစ်ခုသာရှိသည်။

" ကီဝီ ဒီကိုလာ "

နံရံနားကပ်ထိုင်နေသည့်ကြောင်လေးဟာ ခေါ်သံကိုကြားသည်နှင့် ဆိုဖာပေါ်ကဘောမ်ဂယူ့ဆီကိုအပြေးလေးရောက်လာသည်။ ဒါဟာ ဒီရက်တွေအတွင်းသူ့ကိုအနည်းငယ်အပျင်းပြေစေသည့်အကြောင်းအရင်းလေး။

ကီဝီဟာ မျက်လုံးအပြာလေးနှင့်အလွန်ကိုလှသည့်ပါရှန်းကြောင်မလေးပင်။ ယခုဘောမ်ဂယူ့ဆီရောက်ရှိနေရသည်မှာ တခြားကြောင့်မဟုတ်။ အလှုပ်အရှားမရှိနားနေရမည့်လက်ကျန်ရက်‌တွေမှာ အဖော်အဖြစ် ယောန်ဂျွန်းဟျောင်းအစားတာဝန်ထမ်းဆောင်ပေးရန် ဟျောင်းရဲ့အစ်မဝမ်းကွဲဆီမှခေါ်ထားသည့်ကလေးလေးဖြစ်သည်။

အနေအေးတဲ့ကြောင်ကလေးဖြစ်ကာ လူကိုလည်းခင်တွယ်တတ်တာကြောင့် ရောက်တဲ့နေ့မှစ၍တစ်နေ့တစ်ခြားအချစ်ပိုရသည်။ လိမ္မာပြီး လူစကားလည်းနားလည်တာကြောင့် ဘောမ်ဂယူ့အတွက်အဖော်ရသည်ဆိုတာကိုတော့ ငြင်းမရပါပေ။

" ဟင်းရည်အိုးကဒီလိုနဲ့တူးတော့မှာပဲ။ ငါထပိတ်လိုက်ရမလား ကီဝီ "

ပေါင်ပေါ်ရောက်လာသည့်ကီဝီ့ကိုခပ်ဖွဖွပွတ်သပ်ပေးရင်း မီးဖိုခန်းရှိရာသို့လှည့်ကြည့်ကာပြောမိသည်။

သူပြောတာကိုနားလည်နေသလို ကီဝီဟာတစ်ချက်မော့ကြည့်လာ၍ အသံပိစိလေးနှင့်အော်သံပြုပြီးနောက် ဘောမ်ဂယူ့ရဲ့လက်ဖျားတွေကိုတိုးဝှေ့ရင်း ဇိမ်ခံနေရှာ၏။ အချွဲလေးလုပ်နေသည့်ကြောင်မလေးရဲ့ချစ်ဖို့ကောင်းနေမှုမှာ ကျရှုံးသွားရသည့်အတွက်ကြောင့် သူပြုံးလိုက်ပါရင်း တစ်ချက်ငုံ့ကာနမ်းလိုက်သည်။

" ဒီလိုပုံစံနဲ့ဆို ကီဝီကတော့ အိမ်ပြန်ရမဲ့ရက်ရောက်လာရင်‌တောင် ပြန်ချင်ပါဦးမလား "

𝑳𝒐𝒗𝒆 𝒑𝒐𝒆𝒎Where stories live. Discover now