- 29 -

2.5K 369 43
                                    

ဖုန်းရှန်းနန်းဆောင်ကို ရှောင်းကျန့် ရောက်တဲ့အခါ နန်းဆောင်ရှေ့မှာ အစောင့်တပ်သား တယောက်မှ ရှိမနေတာကို တွေ့လိုက်ရတယ်။ တံခါးက တဝက် ပွင့်ဟနေတယ်။ တစုံတယောက် လာမှာကို စောင့်နေသလိုပဲ။ ရှောင်းကျန့်ကို ကာကွယ်ပေးတဲ့ တပ်သားက ပြောတယ်။

"အရှင့်သား တခုခု မှားနေပါတယ်။ အရှင့်သား သွားလို့မဖြစ်ပါဘူး"

တခုခု မှားနေမှန်း ရှောင်းကျန့်လည်း သိတယ်။ ဒါပေမဲ့ တဝက်ပွင့်ဟနေတဲ့ နန်းဆောင်တံခါးဝကို ကြည့်ရင်း သူ ပိုပိုပြီး စိုးထိတ်လာတယ်။

လူတယောက် သေဆုံးပြီးတဲ့အခါ သူ့ခန္ဓာကိုယ်မှာ ကျန်နေသေးတဲ့ ရှင်းရှန်းတွေ အကုန်ထွက်သွားတတ်တယ်။ အဲ့တော့ အခုချိန်မှာ ရှောင်းဝမ်ရဲ့ ရှင်းရှန်းတွေဟာ နန်းဆောင်တဝိုက်မှာ ခပ်ဖျော့ဖျော့ ဝေ့ဝဲနေတယ်။ ရှောင်းကျန့် တံခါးဝနားမှာ လုပ်သင့်မလုပ်သင့် တွေဝေနေမိတယ်။

ကောင်းကင်မှာ နက်ပြာရောင်တိမ်တိုက်တွေ ဖြည်းဖြည်းချင်း စုစည်းလာပြီး မိုးစက်တွေ ကျလာတယ်။ အေးမြတဲ့ မိုးရေစက်တွေဟာ ကောင်းကင်နဲ့ မြေကြီးကြားမှာ တသောသော ရွာကျလာတယ်။ ခပ်ဖျော့ဖျော့သာ ကျန်နေတော့တဲ့ ရှင်းရှန်းတွေဟာ မိုးရေတွေရဲ့ တိုက်ခတ်မှုအောက်မှာ ပိုမိုဖျော့တော့လာပြီး ခပ်မြန်မြန် ပျောက်ကွယ်နေတယ်။ သူ့အစ်ကိုတော်ရဲ့ ရှင်းရှန်းတွေ တဖြည်းဖြည်း အားဖျော့လာတာကို ခံစားမိတဲ့အခါ ရှောင်းကျန့်ဟာ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးတဲ့ ထိတ်လန့်ခြင်းမျိုးနဲ့ ထိတ်လန့်လာတယ်။

သူ သူ့ကို တားမြစ်နေတဲ့ တပ်သားရဲ့လက်ကို တွန်းဖယ်လိုက်တယ်။ သူ့မျက်ရည်တွေဟာ မြေပေါ်ကို တောက်ခနဲ ကျသွားခဲ့တယ်။

"ငါ ဂရုမစိုက်တော့ဘူး။ ငါ မစောင့်နိုင်တော့ဘူး။ နန်းတော်ထဲကို ရောက်နေပြီ။ ထွက်ပြေးချင်ရင်တောင် ဘယ်လိုထွက်ပြေးလို့ ရတော့မှာလဲ? ငါ့ကို ဖမ်းဖို့ လူတွေ စောင့်နေပါစေ၊ ငါ ငါ့အစ်ကိုတော်ကို သွားရှာမယ်"

သူ ပုန်းကွယ်နေတဲ့ ထောင့်စွန်ကနေ ထွက်လို့ ဖုန်းရှန်းနန်းဆောင်ရှိရာ ပြေးသွားတယ်။ နန်းဆောင်ထဲမှာ အမွှေးတိုင်ထူထူ တချောင်း ထွန်းညှိထားလျက် ရှိနေတုန်းပဲ။ တယောက်ယောက် အခုလေးတင် လာသွားခဲ့သလိုမျိုး။

Autumn in The Osmanthus Palace ||Completed||Where stories live. Discover now