"မဖြစ်ဘူး!!!"
ရုတ်တရက် ထအော်လာသည့် ကျန်းဟာအိုအား ရစ်ခီရှန်က နားမလည်သလိုကြည့်၏။
"မင်းနဲ့အတူ မခေါ်ထားနိုင်ဘူးဆိုရင်လဲ ပြန်ရုံပေါ့"
ရုပ်တည်နှင့် လှည့်ထွက်ဖို့ လုပ်လာသည့် ကျန်းဟာအိုကြောင့် ရစ်ခီတစ်ယောက် အသိဝင်လာခဲ့သည်။
သူမှားတာ..
အရာရာ သူဘဲမှားတာ သူ ကျန်းဟာအိုကိုခေါ်လာမိတာကိုကမှားနေခြင်း။
ဟူး..သက်ပြင်းကို ခပ်လေးလေးချ၍ ခါးထောက်ကာ အစ်ကိုဖြစ်သူအားကြည့်ရသည်။
တကယ်ဆို သူ ကိုးရီးယားနိုင်ငံအား ကောင်းကောင်းသိတာမဟုတ်။
ထို့အတူ ကျန်းဟာအိုလဲ သူ့နည်းတူဖြစ်နိုင်သည်။
ထို့ကြောင့် ကိုယ့်နိုင်ငံမဟုတ်သည်မို့ တစ်စိမ်းတစ်ယောက်နှင့်အတူ မနေနိုင်သည်မှာ ဖြစ်သင့်သည်ထင်ရ၏။ဒါပေမယ်..
သူ ဒီကို ဘာကြောင့်ရောက်လာတာလဲ?
သေချာပေါက် ကင်ခ်ဂျီအွန်းနဲ့ရင်းနှီးမှုရယူဖို့ဖြစ်သည်။
ဒါကို သူသေချာ နားလည်ထားရမည်။ ပြီးတော့ ကျန်းဟာအိုရောဘဲ.."ဟျောင်း..."
"ဘာလဲ!"
"သူလာနေပြီတဲ့.."
"ဘယ်သူ?"
"ဆောင်းဟန်ဘင်း!အဲဒါကြောင့် ကျွန်တော် သွားပြီ!"
ချက်ခြင်း ရောက်လာသည့် တက္ကစီအား ကျေးဇူးတွေ ထိုင်တင်နေတော့သည့် ရစ်ခီရှန်။
အနောက်တွင် ကြောင်တောင်တောင်လေး ရပ်လျက်ကျန်ခဲ့သည့် ဟျောင်းအား နည်းနည်း အားနာပေမယ့် မတတ်နိုင်။အခုမှ ဟန်ဘင်းဟျောင်းအား ဖုန်းဆက်ပြောရမည်ဖြစ်၍ အမြန်ဖုန်းထုတ်ကာ ထိုလူပေးထားသည့် နံပါတ်အား နှိပ်၍ ဆက်သွယ်လိုက်၏။
"ဟယ်လို.."
တစ်ဖက်မှ ဖုန်းချက်ခြင်း ကိုင်လာသည်ကြောင့် ရစ်ခီ အကြောင်းစုံရှင်းပြ၍ အကူအညီတောင်းရန် ပြင်ရသည်။
"ဟန်ဘင်းဟျောင်း ကျွန်တော် ရစ်ခီရှန်ပါ"
"သိတယ်!"
ရစ်ခီ ဖုန်းနံပါတ်အား သေချာပြန်ကြည့်လိုက်သည်။
သူ့အသံကို အဲလောက်ထိ မှတ်မိနေလိမ့်မယ် မထင်ထားသည်မို့။
![](https://img.wattpad.com/cover/351710789-288-k611808.jpg)
YOU ARE READING
To My Heart
Fanfictionမင်းနဲ့ကိုယ့်ရဲ့ တွေ့ဆုံမှုကြောင့် ဆိုးဝါးတဲ့အရာတွေဖြစ်လာမယ်ဆိုရင်တောင် သေချာပေါက် ကိုယ် မင်းအနားကိုရောက်အောင်လာခဲ့မှာမို့ မင်းသာ ကြိုဆိုနေရင် သိပ်ကောင်းမှာဘဲ....။