8

245 35 5
                                    

"မင်း ဘာတွေလုပ်နေတာလဲ!"

Gameထဲအာရုံရောက်နေသည့် ဆောင်းဟန်ဘင်းမှာ ထိုမေးခွန်းအား အထူးတလည်အရေးမစိုက်မိ။

"ဆောင်းဟန်ဘင်း!အဲဒီဖုန်းကိုချပြီး ဒါတွေကို တစ်ချက်လောက်ကြည့်ပေးစမ်းပါ!!"

ဒေါသအတော်လေးထွက်နေပြီပေမယ့် အ​ထက်စီးက ပြောလို့မရမှန်းသိသည်မို့ ဦးလေးလုပ်သူက အသံကိုထိန်းကာ ​တောင်းဆိုလာ၏။

ဟန်ဘင်း နှခမ်းပါးတို့တစ်ချက်တွန့်၍ Gameဆော့နေခြင်းကို အဆုံးသတ်လိုက်သည်။
ထို့နောက် စားပွဲပေါ်သို့ အကြည့်ပို့လိုက်တော့ 10ပုံထက်မနည်းသည့် ဓာတ်ပုံတစ်ချို့တွေ့လိုက်ရ၏။

တကူးတက ယူမကြည့်သည်တောင် ကျန်းဟာနူးလ်အား လေဆိပ်သို့သွားကြိုသည့် ပုံတွေဆိုတာ ရှင်းရှင်းလင်းလင်းမြင်နေရသည်။
ဟန်ဘင်း သိပ်ဂရုမစိုက်ဟန် ပြု၍ မှတ်ချက်ပေးလာသည်။

"မဆိုးပါဘူး ပုံတွေက ကြည်သားဘဲ.."

"ဟ!မင်းကို ပုံကြည် မကြည် ​ကြည့်ခိုင်းနေတယ်ထင်နေလား ဆောင်းဟန်ဘင်းရ!ဒီမှာ မင်း ငါ့ကိုပြောထားတာ အဲဒီနေ့က အသိတစ်ယောက်နဲ့အရေးတကြီးသွားတွေ့စရာရှိတယ်ဆို အခုဒီပုံတွေက ဘာတွေလဲ ရှင်းစမ်းပါအုံး"

"ဟုတ်တယ် အရေးကြီးလို့အရေးကြီးတယ်ပြောတာ ဦးလေးက ဘာတွေမယုံသင်္ကာလာဖြစ်ပြနေတာလဲ?အသိတစ်ယောက်ရဲ့အစ်ကိုဖြစ်သူကို သွားကြိုပေးရတာ အရေးကြီးတာဘဲမဟုတ်လား?ဦးလေးလဲ အာရုံဘဲ!!"

ဟန်ဘင်း အရေးမစိုက်ဟန် ပြော၍ ရှေ့မှ စလုပ်နေသည့် Project ဖိုင် တစ်ချို့ လှမ်းယူလိုက်၏။
ထိုကိစ္စလောက်နှင့် သူ့ရုံးထိ လိုက်လာသည့် ဦးလေးဖြစ်သူအား တလေးတစား ဧည့်ခံရန်လဲ စိတ်ကူးမရှိ။

ဟန်ဘင်း မြေကွက်နဲ့ပတ်သက်၍ အလုပ် ခြေဆန့်နေသည်မို့ အိမ်သို့တောင် မပြန်ဖြစ်။အလုပ်ရှုပ်နေသည်မှာ အမှန်တရားသာ..
ခဏအနားယူနေချိန် Gameဆော့တာလောက်ကတော့ သပ်သပ်ပေါ့..

"ဟာ...မင်းပေါ့ပျက်ပျက်မတွေးစမ်းနဲ့ ဆောင်းဟန်ဘင်း!ဦးလေးက မင်းအတွက်ပြောနေတာ မင်း သဘောထားကြီးပြီး အိမ်ပေါ်ထိ ခေါ်တင်ထားတဲ့ အဲဒီကောင်လေးက ဘယ်သူလဲဆိုတာ မင်းသေချာသိလို့လား?ငါက စေတနာနဲ့.."

To My HeartWhere stories live. Discover now