Way to your heart

227 14 0
                                    

At Rangsit University

ကန်တင်းမှာ Beckyတို့သူငယ်ချင်းတွေ လူစုံတော့ ထုံးစံအတိုင်း ဟိုအကြောင်းကိုပဲ‌ ပြောကြလေသည်။

"Becky ဒီနေ့ နင်ကျောက်ရုပ်သွားမလုပ်တော့ဘူးလား ပြော"
" အယ် နင်တို့ကလဲဟာ "
" အယ် တွေ အက်တွေလုပ်မနေ နဲ့၊ freenရဲ့အတန်းရှေ့ နေ့တိုင်းသွားရပ်နေတာ 9လလောက်ရှိနေပြီ၊ အခုထိ ဘာအခြေအနေမှ မထူးသေးဘူးလား"

Becky ခေါင်းလေးငုံသွားကာရှက်နေပုံရသည်။ ပြီးမှအသံတိုးတိုးလေးဖြင့်......
" ငါ့ကိုသာ ပြောနေတာ ၊ နင်တို့ကောရည်းစား ရှိလို့လား "

Becky ပြန်ပြောလိုက်သောစကားမှာ တစ်ဝိုင်းလုံးဆွံ့အကုန်ကြသည်။ ဆွံ့အဆို သူတို့ကလဲ ရည်စားမရှိကျသေးတယ့် နှစ်ထောင်fa လေးတွေကို

Khun Sam က ဆတ်ခနဲ ခေါင်းကိုထောင်လိုက်ကာ " ငါ့မှာ ရည်စားရှိတယ်လေ"
ဟုတ်သားပဲ၊ အဲ့ရေခဲတုန်း ဘုဂလန့်မှာ ရည်းစားရှိသည်။ စီးပွားရေးမေဂျာက Queen အချောလေး Mon ၏ သဲသဲလှုပ်ချစ်ခြင်း ကိုရရှိထားသည်လေ။

Khun Sam လဲ စားပွဲသို့ လက်ထောက်ကာ
အိုက်တင်ခံလိုက်ပြီး
" Becky နင်ငါ့အကြောင်းသိတယ်မလား"

Becky လဲ နဲနဲတွန့်သွားပေမယ့် " အင်း သိပါတယ်ဟ"

"ဒါဆိုရင် ငါပြောတယ့်အတိုင်းလုပ်၊ နင့်ဟာသာနင်ဆို တစ်သက်လုံး အခန်းရှေ့ကကိုတက်မှာ မဟုတ်တော့ဘူး၊ ကျန်တယ့်သူတွေကော သဘောတူလား"

"တူတယ်၊ တူတယ် ငါတို့မှ ကြားထဲကတွန်းမပေးရင်အဲ့တစ်ယောက်ကရှေ့တက်တော့မှာမဟုတ်ဘူး"
ဒီလိုနဲ့ Samတို့ သူငယ်ချင်းတစ်စု Beckyရည်စားရရေး စီမံကိန်းများရေးဆွဲကျလေတော့သည်။

" ဒီတော့ငါပြောမယ်၊ freenရဲ့အတန်းက
12ခွဲဆိုဆင်းမှာ အခုက 15မိနစ်လိုသေးတယ်ဆိုတော့သူ့အတန်းကိုသွားကြတာပေါ့ လာ Becky သွားမယ် "

" နေပါအုန်းဟ နောက်နေ့ ..အင်း ဟုတ်တယ် နောက်နေ့မှသွားတာပေါ့ ငါ စကားစသွားမပြောရဲသေးဘူး"
" သေလိုက်ပါတော့ဟာ၊ မရဘူး ဒီနေ့သွားကိုသွားရမယ်"
Becky မှာစောစောက sam ငေါက်ထားသောအရှိန်ကြောင့်သာ မငြင်းရဲဘဲတွန့်ဆုတ်တွန့်ဆုတ်ဖြင့်ပါလာသည်။

Way to your heartWhere stories live. Discover now