Part-2[Uni]

2.2K 133 36
                                    

မထီမဲ့မြင်အပြုံးဖြင့် ပြောလာသည့်ရစ်ကြောင့် ဦးတော်ဝင်မျိုး၏ မျက်နှာကြီးသည် ပြိုတော့မည့် မိုးအလား မဲ့ကျသွားတော့သည်။သူအမြဲတမ်း ကြောက်လန့်နေခဲ့ရသော အိမ်မက်ဆိုးကြီးသည် သူ့ရှေ့တွင် ပေါ်လာနေပြီဖြစ်၏။ဦးတော်ဝင်မျိုးသာမက သူ့၏သား တော်ဝင်ပန်းမာန်ပါ ပြောင်းလဲသွားသည့် ရစ်ပုံစံကိုကြည့်ပြီး ပါးစပ်အဟောင်းသား။

"မင်းဘာလာလုပ်တာလဲ ဆူးမာန်ရစ်ခွေ"

"သူဌေးကြီးတော်ဝင်မျိုးရဲ့ Hotelဖွင့်ပွဲကို လာချင်လွန်းလို့လေ ကျုံးကော်ကအလုပ်တွေကိုတောင် ပစ်ထားခဲ့လိုက်တာ ခုလိုကြီးကြိုဆိုတာကတော့ မဟုတ်သေးပါဘူး"

"မင်းစောက်ပိုတွေ ပြောမနေနဲ့...ဒီပွဲကမင်းနဲ့မဆိုင်ဘူး ခုထွက်သွား"

ရစ်ကို ပြေးထိုးရန် ပြင်နေ‌သော ဦးတော်ဝင်မျိုးအား ဘေးကသူဌေးများအတင်းဆွဲနေရသည်။မီဒီယာသမားများ ရှိနေသည်ကြောင့် ပြဿနာမဖြစ်စေချင်တာလည်းပါ၏။

"အိုးဟိုး...စိတ်ကလည်းကြီးလိုက်တာဗျာ...ဘာလဲ ငယ်ငယ်ကလို ကြာပွတ်နဲ့ရိုက်ဦးမလို့လား...ဟား...ဟား"

ရစ် သူ့၏ခန္တာကိုယ်အား နှိမ့်ချလိုက်ပြီး ဦးတော်ဝင်မျိုး၏ မျက်နှာတည့်တည့်ကို စိုက်ကြည့်ပြီး အားရပါးရ ရယ်ချပစ်လိုက်တာဖြစ်သည်။ဦးတော်ဝင်မျိုး၏ မျက်နှာကြီးသည် ပေါက်ကွဲတော့မည့်ဗုံးတစ်လုံးလို ဖြစ်လာပြီး သူ့အား ဆွဲထားသည့် လူများကို တွန်းဖယ်ပစ်ကာ ရစ်၏မျက်နှာအား လက်သီးဖြင့် ထိုးလိုက်သည်။သို့သော် ရစ်က လေအလျှင်ကဲ့သို့ ထိုလူ့၏ လက်အားရှောင်လိုက်ပြီး နားရင်းအား ခပ်ပြင်းပြင်းရိုက်ချလိုက်၏။ရိုက်လိုက်သည့်အရှိန်က အလွန်များသည်မို့ ဦးတော်ဝင်မျိုး မြေပြင်‌ပေါ်သို့မှောက်ရက်ထိုး လဲကျသွားသည်။

"ဆူးမာန်ရစ်ခွေ...မင်းလူကြီးကို ဘာလုပ်လိုက်တာလဲ"

တော်ဝင်ပန်းမာန်လည်း ရစ်၏ကိုယ်လုံးကြီးကို ရှိသမျှအားဖြင့်တွန်းဖယ်ပြီး လဲကျနေသည့်သူ့အဖေအား ထူလိုက်၏။ရစ် မျက်ခုံးတစ်ချက်ပင့်ကာ တော်ဝင်ပန်းမာန်အား ကြည့်ပြီး မီဒီယာတွေရှိရာဘက်သို့ မျက်နှာမူလိုက်သည်။

"Yit"Is Your HusbandNơi câu chuyện tồn tại. Hãy khám phá bây giờ