Part-18[Zawgyi]

500 14 1
                                    

"တော်ဝင်ပန်းမာန်ကိုသွားခေါ်လာခဲ့စမ်း..."

ရစ်အပြင်က ပြန်ပြန်လာချင်း တော်ဝင်ပန်းမာန်ကို မတွေ့တာကြောင့် ‌သွားခေါ်ရန် အလုပ်သမားများအား ခိုင်းစေနေခြင်းဖြစ်သည်။လုံးလုံးရောက်လာကတည်းက တော်ဝင်ပန်းမာန်တစ်ယောက် စံအိမ်မှာထက် အစေခံတန်းလျားမှာ အနေများခြင်းကို ရစ်နည်းနည်းလေးမျှ ဘဝင်မကျချေ။

"ဒါကိုလွှင့်ပစ်လိုက်တော့"

"ဗျာ...အကောင်းကြီးကို"

"...."

"ခုလွှင့်ပစ်လိုက်ပါ့မယ်"

လှလှပပနှင့်သေချာထုတ်ပိုးထားသော ဗူးတစ်ခုအား လွှင့်ပစ်ခိုင်းသည်ကြောင့် ကိုယ်ရံတော်က စောဒကတက်မိတော့ မျက်လုံးစူးကြီးများဖြင့် ကြည့်ခံလိုက်ရသည်။ကိုယ်ရံ‌တော်ခမျာ ထိုအကြည့်အား ကြောက်လန့်ကာ အထုတ်အား အမြန်ပစ်ရန် ထွက်သွားရ၏။

"ငါ့ကိုခေါ်တယ်‌ဆို"

"ခင်ဗျားကိုကျုပ်ဘာမှာထားလဲ"

"ဘာကြီးလဲ"

ရစ်မေးခွန်းအား တော်ဝင်ပန်းမာန်က အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် ပြန်မေးနေသေးသည်။

"ခင်ဗျားကို အစေခံတန်းလျားမသွားဖို့ ပြောထားလား မပြောထားဘူးလား"

"ငါပျင်းရင် အစေခံတန်းလျားကို သွားမယ်လို့ မင်းကိုပြောထားလား မပြောထားဘူးလား"

မိမိစကားဖြင့် မိမိအား ပြန်ပြော‌နေ၍ ရစ်ပြောစရာ စကားများပင် စွံ့အသွားရသည်။တော်ဝင်ပန်းမာန် သူ့ကို ကြောက်ပြီး သူ့စကားနားထောင်အောင် အမျိုးမျိုးလုပ်ကြည့်ဖူးသော်လည်း ယခုထိ အောင်မြင်တယ်ဟူ၍ မရှိသေးပေ။

"ကျစ်...ခင်ဗျားကကျုပ်ရဲ့အစေခံဆိုတာလည်း ခေါင်းထဲထည့်ထားဦး"

"ဘာကိုအစေခံလဲ...မင်းနဲ့ငါက မိတ်ဆွေတွေလေ"

"အဟား...ဘယ်တုန်းက မိတ်ဆွေဖြစ်သွားတာလဲပြောပါဦး"

"ဟင်...ဟိုးတစ်ခေါက်က မုန့်ဟင်းခါး တူတူစားတုန်းကလေ"

အတည်ပေါက်ကြီးဖြင့် ပြောနေသော အရှေ့ကလူအား ရစ်တော်ဝောာ် လက်လန်နေပြီ။သူနှင့်ဘာအကြောင်းကြောင့်များ မိတ်ဆွေအတင်းဖြစ်ချင်နေသလဲတော့ မသိ။ရစ် ထင်တာတော့ သူ့အဖိုးလုပ်ခိုင်းတာပဲ ဖြစ်လိမ့်မည်။ဒါဆို သူ့ရဲ့စိတ်ခံစားချက်အစစ်ကရော ဘာများဖြစ်နေမလဲ။

"Yit"Is Your HusbandWhere stories live. Discover now