ကြည် ၏ ဖြူ (၁၀)

359 14 0
                                    

ကြည် ၏ ဖြူ
------(၁၀)------

ကားစီးလာသည့် တစ်လျှောက်လုံး ဖုန်းခေါ် နေတာကို မကိုင်သည့်ဖုန်းကြောင့် ဖြူ ရင်တုန်မိသည်။

ဖြူ့မိဘတွေက ၀န်ထမ်းတွေဖြစ်တာမို့ နေ့ခင်းဖက် အိမ်မှာမရှိ။

အလည်ရောက်နေသည့် အဘွား တစ်ယောက်သာ အိမ်မှာ ရှိသည်။

အဘွားကို အိမ်ပြန်ရောက်ကြောင်း ၊အတန်းမရှိတာကြောင့် ‌ပြန်လာကြောင်းခေါင်းနည်းနည်းကိုက်နေတယ်လို့အခန်းထဲ၀င်အိပ်တော့မည့်အကြောင်းတွေ  ပြောပြပြီ ဖြူ အခန်းတံခါးကို လောခ့်ချလိုက်သည်။

ခေါ်လို့မရသည့် ဖုန်းကို ဆက်မခေါ်တော့ပဲ အိပ်ရာပေါ် မျက်လုံးခဏ မှိတ်

“ဘုရား. ဘုရား. ဘုရား ကြည် မဟုတ်ပါစေ နဲ့ “

ဆုတောင်းလိုက်သည်..

ခဏ အကြာ မှာ ပြန်ခေါ်လာသည့် ဖုန်းသံကြောင့်
ဖြူ အော်ငိုသည်။ ငိုရင် ဆဲ လည်း ဆဲမိသည်။ အော်လည်း အော်မိသည်။

“အရူးကောင် ဖုန်းခေါ် နေတာ ကိုင်ပါ့လား..

ဒီလောက်အကြာကြီးခေါ်နေတာ.. နင့် နားကန်းနေလား..

နင်ဘယ်တုန်းက ငါ့ဖုန်းကို မကိုင်ပဲ နေလို့လဲ… မသာ ကောင်

အက်ဆီဒင့် ဖြစ်တဲ့ မြင်ကွင်းမြင်ပြီ ငါ..
ဘယ်လောက်ကြောက်သွားလဲ..
သွား…ဖုန်းမဆက်နဲ့… ဘယ်တော့မှ ဖုန်းမဆက်နဲ့ …”

<<<<<

ဖြူက သူမပြောချင်ရာတွေ ငိုပြီ ပြောရင် ဖုန်းချသွားသည်။

ကြည်ကလည်း ထပ်ထပ်ခေါ်သည်။

ကြည် ကျောင်းကပြန်ပြန်လာချင်း ဖုန်းအားသွင်းခဲ့ပြီ ဦးလေး နှင့် အလုပ်ကိစ္စတစ်ခု အဖော်လိုက်သွားသည်။

ပြန်ပြန်လာချင်း ရေချိုး လိုက်သည်။ပြီးခါမှ ဖုန်း ကို ယူကြည့်မိသည်။

တစ်ခါမျှ အကြိမ်ကြိမ်ရေ များများ မခေါ်ဖူးသည့် ဖြူ့ဆီက မစ်စ်ကောတွေကြောင့် ချက်ချင်း ဖုန်းပြန်ခေါ်လိုက်သည်။

ကြည့်ဖုန်း၀င်သွားသည် နှင့် ဖြူ့ ငိုသံ ဆဲသံ အော်သံတွေက အရင်ရောက်လာသည်။

ကြည် ၏ ဖြူ ( Completed)Onde histórias criam vida. Descubra agora