ကြည် ၏ ဖြူ (၁၅)

481 12 0
                                    

ကြည် ၏ ဖြူ
-----(၁၅)-----

“ကြည် “

“အင်း..ပြောလေ ဖြူ”

“ ဝဲကမ်းနေ့  စောစော လာခဲ့လို့ ပြောမလို့”

“ကြည် နဲ့ လျှောက် လည် ချင်လို့လား”

“လျှောက်လည် တာက အခြေအနေအရပါ၊
ဖြူ ဆုရတယ် လေ ၊ ဒါ့ကြောင့်မို့ ကြည် စောစောလာခဲ့နော်”

“အင်းပါ.. ကွန်ကရက်ကျူးရေးရှင်း ပါ... ကြည် ရဲ့ ဖြူ “

ဖုန်းထဲကနေ လည်း ပြော မက်ဆေ့ကနေပါ ကြည် ကပြောပေးသည်။

အရောင်တောက်တောက်ကလေးတွေ များ ၀တ်လိုက်လျှင် သူမအသားရေဖြူဖြူဖွေးဖွေးကလေးနှင့် သိပ်လှသော ဖြူပါ။

ဒီနေ့ သူမ ဆုရသည်မို့ ထင်ပါရက် ဖြူ က အရင်ရက်တွေကထက်ပြင်ထားသည်။

ကြည် မခေါ်တတ်သော ချည် ၀မ်းဆက် ပန်းဆီးရောင် တောက်တောက် ကလေး ၀တ်ဆင်ထားပြီ

သူမဆံပင်အရှည်ကို တစ်ထပ်ချည် ပြီး ဖားလျားချထားပုံက ရိုးရိုးကလေးနှင့် အလွန်လှ၏။

ဒီနေ့ ဖြူသိပ်ပျော် နေသည် ။ကြည် ကိုလည်း
အရင်ရက်တွေကထက်ပိုချွဲပိုနွဲ့ပြသည်။

အထူးသဖြင့် မျိုးသဒ္ဒါမောင်တို့ လို သူငယ်ချင်းတွေ ရှေ့မှာပေါ့။

အခုထိ ကြည် က ဖြူ မှ ဖြူ ဖြစ်နေဆဲ ဆိုတာ အားလုံးသိကြပါသည်။

ဖြူ တမင်တကာ ကြည် အပေါ် နိုင်စားမ ပြ ကြရင်တောင် မြင်ပါသည်။

ဖြူ့ မှာမိန်းကလေးအချင်းချင်း ပြန်အားကျရသည့် အလှ လည်းရှိသလိုအချစ်လည်း ရှိသည်။

ပညာရေးဆိုသည် မှာလည်း ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ် ၏မဟာတန်း သို့ သူမတက်ရောက်နေသည်လေ။

ဒ့ါအပြင်ဌာနရဲ့  ကထိကတွေ က‌စလို့ဌာနမှူး ၊
ပါမောက္ခ ထိ ဖြူ့ကို သမီးရေ ဆိုပြီး လက်တို ၊
လက်တောင်း ခေါ်ခိုင်း ထမင်းလက်ဆုံ စားကြသည့် အခြေအနေတွေထိ ဖြူကသွက်လက်သည်။

ကြည် ကတော့ သူသိခဲ့သော ဖြူ  အ၀တ်စား ဒီဇိုင်းတွေပြောင်း၊စကားပြောဆိုပုံတွေ ပြောင်း ဟန်ပန်တွေ ပြောင်း ..အစရှိသော
ပြောင်းလဲ မူ့မှန်သမျှ အကုန်ချစ်နိုင်သည်။

ကြည် ၏ ဖြူ ( Completed)Where stories live. Discover now