ကြည် ၏ ဖြူ (၁၄)

368 10 0
                                    

ကြည် ၏ ဖြူ
-----(၁၄)------

ကြည် ဒုတိယတစ်ကြိမ် ပြန်တက်သည့်
နောက်ဆုံးနှစ်မှာတော့ကြည် သဘောကျသော ဆရာ သင်သည့်စာသင်ခန်း  ရောက်အောင် အပ်သည်။

ဆရာ နဲ့က  ဘောလီဘော လေ့ကျင့်ပေးကတည်းက ရင်းရင်းနှီးနှီးရှိသည်မို့ကြည်  ပျော်သည်။

သမီးရေ သားရေ လို့ အခေါ်ခံရပြီ လက်တို လက်တောင် ခိုင်းခံရလို့ ကျေနပ်ရသည့် ပျော်ရွှင်မူ့မျိုးမဟုတ်။

တူ လို သူငယ်ချင်း လို ဆက်ဆံတတ်သည့် ဆရာ စိတ်ဓာတ်ကြောင့် ကြည်  ပျော် သည်။

ဖြူ လည်း ဘွဲ့ယူရတော့မယ် ။ကြည် လည်း ဘွဲ့ယူရတော့မယ်ဆိုသည့် အတွေးကလေးများက ကြည် ကို ပိုပျော်စေသည်။

ကြည် နှင့်အတူ ကျသည့်အုပ်စုသူငယ်ချင်း‌ တွေက Nuclear  Physicsကို paper ရေးဖို့ ဆုံးဖြတ်ခဲ့ကြသည်။

atomicတွေ nuclei တွေ ဆိုတာ ကိုယ့်နိုင်ငံမှာ
ကြားသာကြားဖူး မမြင်ဖူးတဲ့နတ်ဒေဝါတွေ
လိုပါပဲ။

ဒါပင်မယ့်လည်း စာသားတွေနဲ့ တင် စိတ်၀င်စားဖို့ ကောင်းပါသည်။

အီလက်ထရွန် လေးတွေ က ဘယ်လို့ ရွေ့လျား
သွားကြ။ဘယ်လို တုံ့ပြန်ကြသလဲ ဆိုတာ။

ဒီစာသင်နှစ်ကို ကြည် သဘောကျသည်။

ပထမနှစ်က သင်ပေးသည့် ဆရာမက တိုက်တိုက်ဆိုင်ဆိုင် ကျောင်းပြန်ပြောင်းလာပြီ ကြည် တို့ ဖိုင်နယ် C ခန်းကို စာသင်ပေးရသည်။

စာသင် ကောင်းသည့် ဆရာမက  မမြင်ဖူး နာမည် လေး ကြားဖူးရုံများဖြင့် သိချင်စိတ်တွေ လေးစားစိတ်တွေ တစ်ဖွာဖွာ ပေါ်လာအောင် ပညာရှင်ကြီး တစ်ယောက် အကြောင်းကိုဗဟုသုတ ပြောပြသည်။

AlBERT EINSTEIN (အဲဘက် အိုင်းစတိုင်း )

အိုင်းစတိုင်းကို 1879  ခုနှစ်  ဂျာမနီ နိုင်ငံ မှာ မွေးဖွားခဲ့သည်။

1933 ခုနှစ်မှာတော့ အာဏာရှင် ဟစ်တလာ ကြောင့် အိုင်းစတိုင်းသူ့ဇာတိမြေကို စွန့်ခွာဖို့ ဖြစ်လာသည်။
ဂျူး တွေ ကိုမုန်းသည့် ဟစ်တလာ၊ အိုင်းစတိုင်းက ဂျူးလူမျိုး ။

ကြည် ၏ ဖြူ ( Completed)Where stories live. Discover now