အပိုင်း(၁)

3.3K 239 13
                                    


    ညနေစောင်းအချိန် မိုးကောင်းကင်ကြီးသည် ပုဇွန်ဆီရောင်သန်း၍ လှပနေသည်။
ရှန်းကျေးရွာ၏အစွန်ရှိ ခြံဝန်းတစ်ဝန်း၏ အိမ်ရှေ့ကွပ်ပျဉ့်တွင် လူတစ်ယောက်သည်
စိတ်ဝိဉာဉ်မဲ့နေသည့်အလာ မလှုပ်မရှက်ထိုင်နေသည်။
             ထိုသူမှာ လွန်ခဲ့သော ၁နာရီခန့်က အထပ်20တိုက်ခန်းမှပြုတ်ကျသေပြီး အဖွားမုန့်၏ မေ့လျော့ခြင်းစွပ်ပြုပ်ကိုသောက်ရခါနီးမှ ဘယ်နေရာမှန်းမသိတဲ့ နေရာတစ်ခုကို ဝိဉာဉ်ကူးပြောင်းလာသော ရှောင်ရှင်းယွီ ပင်ဖြစ်သည်။ပြုတ်ကျရခြင်းအကြောင်းအရင်းမှာ........
       
           ရှောင်ရှင်းယွီ ဟာ ရှောင်မိသားစုရဲ့ အငယ်ဆုံးသခင်လေးဖြစ်သည်။သူသည် ကောလိပ်ကျောင်းသားတစ်ယောက်ဖြစ်သည်။ရှောင်အိမ်‌ေတာ်ကကျောင်းနှင့်‌ေဝးတာကြောင့် ကျောင်းနားက တိုက်ခန်းကို ငှားပီးနေသည်။သူ့ဝါသနာကတော့ ချက်ပြုတ်ရတာ၊bl fic ဖတ်ရတာပဲ့ဖြစ်သည်။ဒီနေ့လည်းကျောင်းပိတ်ရက် ဖြစ်‌သောကြောင့် အခန်းအောင်းပီး fic ဖတ်နေခြင်းဖြစ်သည်။ထိုစဉ်..

         တီးး ‌   တီးး    တီးး

         တီးး    တီးး     တီးး

   "ဂါးး ကောင်းခန်းရောက်ပီဆို မာန်နတ်ကဝင်လာပီ"┻┻︵ヽ('Д´)ノ︵┻┻

  "ဘယ်သူလဲ"

  "ငါပါ ယန်ယန် လေ တံခါဖွင့်ပေးပါအုံး"

   "ဪ.. "

ယန်ယန် ဟာ အထက်တန်းကျောင်းတုန်းကသူ့ရဲ့ ရည်းစားဟောင်းဖြစ်ပြီး သူ့ကိုရက်ရက်စက်စက်အသည်းခွဲကာ ထားခဲ့သူလည်းဖြစ်သည်။ထားခဲ့ခံရတုန်းက သူ့မှာ milk tea သောက်ပီးသုံးရက်လောက်အသည်းကွဲခဲ့ရသည်။အခုတော့ သူ့ဘဝလေးတည်ငြိမ်နေတာ ဘာလာလုပ်ပြန်ရတာတုန်း...

            တံခါးဖွင့်ပေးလိုက်ပီးနောက် ယန်ယန် ဟာ သူ့ရင်ခွင်ထဲခုန်ဝင်လာပီး
     
          "အဟင့် ရှင်းယွီ  ငါတောင်းပန်ပါတယ်~ ငါနင်နဲ့လမ်းခွဲခဲ့တာနောင်တရနေပါပြီ~ ငါတို့ပြန်တွဲရအောင်နော်‌~"

  "နင်  နင်ငါ့ကိုလွတ်ပါအုံး"

   "ငါတို့ပြန်တွဲရအောင်လေ‌ေနာ်~"

     "အမ်   အဲတာက..."

ယန်ယန် အတေွးထဲတွင်...သူမသိတာပေါ့ ရှောင်ရှင်းယွီ ကစကားနည်းနည်းလောက်ပြောလိုက်ရုံနဲ့ သူမဘက်ပါလာမဲ့ သူမှန်း
သူမ အထက်တန်းတုန်းက သူ့ကိုလမ်းခွဲခဲ့တာက ရှောင်အိမ်တော်က သခင်‌ေလးမှန်းမသိခဲ့လို့ အခုတော့သူ့ကိုလုံးဝလက်လွတ်မနိုင်ပါ။ ဒီလောက် ချမ်းသာပြီးအဆင့်အတန်းမြင့်တဲ့အိမ်တော်ကို သူမဝင်ကိုဝင်နိုင်ရမည်။
        ရှောင်ရှင်းယွီတစ်ယောက် ကျောချမ်းလာသလိုခံစားရတော့သည်။ဘယ်သူကများ ငါ‌ေလးကို အကောက်ကြံနေပါလိမ့်?

ရှေးခေတ်သို့ကူးပြောင်းပြီးနောက်ပေါက်စီလေးများအားပြုစုပျိူးထောင်ခြင်းWhere stories live. Discover now