ဆေးလိပ်အငွေ့တွေကို ဖြေးဖြေးချင်းမှုတ်ထုတ်နေတဲ့
ထယ်ယောင်းကို သူမျက်တောင်တစ်ချက်တောင်မခတ်ပဲ
ကြည့်နေမိတာအတော်ကြာလောက်ပြီ။ဆေးလိပ်မသောက်တတ်ဘူးဆိုတဲ့ကောင်လေးက ခုတော့ကျွန်တော်ကြောင့်ဆေးလိပ်စွဲနေပြီလေ။ပန်းနုရောင်သမ်းတဲ့နှုတ်ခမ်းတွေကနေ ဆေးလိပ်ငွေ့တွေထွက်လာတာက အသက်ဝင်နေတဲ့ပန်းချီကားအလား ဆွဲဆောင်မှုရှိလှသည်။"နောက်တစ်လိပ်"
"တော်ပြီ...တစ်ရက်တစ်လိပ်ပဲလေ"
အိတ်ကပ်ထဲကဆေးလိပ်ဘူးကို ကမ်းပေးတော့ထယ်ယောင်းကခေါင်းခါပြရင်း ငြင်းသည်။ဖင်စီခံပဲကျန်တော့တဲ့ဆေးလိပ်ကို မြေပြင်ပေါ်ပစ်ချပြီးဖိနပ်နဲ့မီးသတ်လိုက်တဲ့ကောင်လေးက သူစစတွေ့ခဲ့တုန်းကကင်မ်ထယ်ယောင်းနဲ့တော့ အနည်းငယ်ကွဲပြားလာခဲ့သည်။
ကင်မ်ထယ်ယောင်းကိုပဲငေးကြည့်နေခဲ့တာကြောင့် လက်ကြားထဲက သူ့အလိုလိုတိုသွားတဲ့ဆေးလိပ်လေးကို မြေပြင်ပေါ်ပစ်ချပြီးမီးသတ်လိုက်သည်။
ကင်မ်ထယ်ယောင်းက ဒီလောက်တောင်သူ့ကိုညှို့ယူနိုင်တာ။
"ငါကျောင်းပြန်တက်ရတော့မယ် ဂျောင်ကု"
တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကိုဖြိုခွင်းလိုက်တဲ့ ထယ်ယောင်းလေသံတိုးတိုးကြောင့် အဝေးကိုငေးကြည့်နေတဲ့ဂျောင်ကုမျက်နှာက ထယ်ယောင်းဘက်သို့လှည့်ကြည့်လာသည်။
ဟုတ်သားပဲ...ကင်မ်ထယ်ယောင်းဆိုတာနွေကျောင်းပိတ်ရက်ရလို့ ဒီမှာခဏလာနေတဲ့လူတစ်ယောက်
မလား?အချိန်တန်ရင် သူ့နားကထွက်သွားမှာ။"မင်းဘယ်မှာကျောင်းတက်ဖို့စိတ်ကူးထားလဲ ဂျောင်ကု...UKမှာတက်ရင်ရော"
မျှော်လင့်ချက်တွေသမ်းနေတဲ့မျက်ဝန်းလေးနဲ့ထယ်ယောင်းက ဂျောင်ကုလက်ကိုအုပ်မိုးကိုင်ကာ မေးလာသည်။
ဂျောင်ကုနဲ့မခွဲနိုင်တာမို့ UKမှာသူနဲ့အတူကျောင်းလိုက်တက်စေချင်သည်။