29(Final)

5.3K 210 27
                                    

ကြီးကျယ်ခမ်းနားတဲ့ခန်းမထဲမှာ စီးပွား​ရေးလုပ်ငန်းရှင်​တွေ​မြောက်များစွာဖြင့် ​ရှုပ်ယှက်ခတ်​နေသည်။မီးဆိုင်းအကြီးကြီး​တွေ၊ရှန်ပိန်​မျှော်စင်​တွေ၊အ​​ရောင်အ​သွေးစုံလင်တဲ့ အ​စားအ​သောက်​တွေနဲ့ ပွဲလာသူ​တွေကလည်း​ကျော့​ကျော့​မော့​မော့ဝတ်စားထားသည်မို့ မြင်ရ​တွေ့ရတာဟာအထက်တန်းဆန်လွန်း​နေသည်။အခမ်းအနားရဲ့ဇာတ်လိုက်မလာ​သေးတာ​ကြောင့် ပွဲထဲ​ရောက်​နေတဲ့လူ​တွေကတ​မျှော်​​​​မျှော်ဖြစ်​နေကြသည်။ကိုရီးယားနိုင်ငံရဲ့ top ten ဝင်နာမည်ကြီးစီးပွား​ရေးလုပ်ငန်းရှင်ဂျွန်​ဂျောင်ဆိုးရဲ့ JMU gpရဲ့နှစ်၆၀ပြည့်အခမ်းအနားဖြစ်သည်။

"ကိုယ့်အသက်​ရေ!"

ပြင်ဆင်​နေတုန်းကြားလိုက်တဲ့ ​ချစ်ရသူရဲ့အသံချိုချို​ကြောင့် ထယ်​ယောင်းနားဖျား​တွေရဲတက်သွားသည်။နှစ်​ယောက်တည်းရှိတဲ့အချိန် ဒီလို​ခေါ်ခြင်းကို​နေသားကျ​နေ​ပေမယ့် ခုလို​ဘေးမှာဒီဇိုင်နာနဲ့makeup artist​ပါရှိ​နေ​တော့ ​အရှက်သည်း၍လက်​ချောင်း​လေး​တွေကို ပွတ်သပ်​နေလိုက်သည်။

"ကိုယ့်အသက်​ရေ...ပြီးပြီလား"

ထပ်​ခေါ်လာပြန်တဲ့ထိုနာမ်စားနဲ့အတူ အနက်​ရောင်suitဝမ်းဆက်ဖြင့်​ချော​မောခန့်ညားလှသည့်​အမျိုးသားက သူ့အနားမှာလာရပ်သည်။ညာမျက်လုံးနဲ့နှုတ်ခမ်း​ထောင့်စွန်းမှာ​ဖောက်ထားတဲ့piercing​တွေကို​တော့ ယ​​နေ့ချွတ်လို့ထားတာမို့ ​မြင်​နေကျနဲ့ကွဲထွက်ပြီး လူကြီးလူ​ကောင်းဆန်ဆန်​ချော​မော​​နေသည်။

ဒီဇိုင်နာအစ်မကြီးနဲ့ makeup artist​ကောင်မ​လေးက​တော့ ထယ်​ယောင်းအရှက်သည်း​နေပုံနဲ့ ​ဂျောင်ကုရဲ့သည်းသည်းလှုပ်​နေမှုကိုကြည့်၍ ပြုံးစိပြုံးစိဖြစ်​နေကြသည်။

"​ဒီ​လောက်​ချောဖို့လိုလို့လား...ပွဲထဲကို​တောင်မ​ခေါ်သွားချင်​တော့ဘူးကွာ"

မှန်မှာမြင်​နေရတဲ့ ထယ်​ယောင်းရဲ့မျက်နှာ​ချော​ချော​လေးကို ကြည့်၍​ ဂျောင်ကုကသက်ပျင်းချရင်းဆိုသည်။ထိုစကား​ကြောင့် ဒီဇိုင်းနာအစ်မကြီးနဲ့ makeup artist​ကောင်မ​လေးမှာ မချိုမချဥ်မျက်နှာ​ပေး​​တွေဖြစ်ကုန်ကြသည်။သူတို့မြင်​နေရတဲ့JMUရဲ့ဆက်ခံသူက ချစ်သူကိုမျိုချထား​တော့မတတ်သည်းသည်းလှုပ်နေတာမလား?ထယ်​ယောင်းက​တော့ အကဲပို​နေတဲ့​ဂျောင်ကု​ကြောင့် မျက်နှာတစ်ခုလုံးနီရဲ​နေပြီဖြစ်၏။

Light(completed)Where stories live. Discover now