19

2.3K 140 6
                                    

"ရှယ်ယာရှင်လီဟန်​ဆောင်းကို ဆက်သွယ်ပြီးပြီလား"

"ဆက်သွယ်ပြီးပါပြီ မန်​နေဂျာချုပ်...လာ​နေပြီလို့​ပြောပါတယ်"

"​နောက်15မိနစ်မှမလာရင်...ကျွန်​တော်အစည်းအ​​ဝေးစ​တော့မှာလို့...အ​​ကြောင်းကြားလိုက်ပါ"

"ဟုတ်ကဲ့ပါ"

ဘယ်​လောက်ပဲရှယ်ယာအများဆုံးထည့်ထားတဲ့ ရှယ်ယာရှင်ဖြစ်​နေပါ​စေ။အချိန်မတိကျတာ​ကို​တော့ သည်းမခံနိုင်ပါ။အခု အစည်းအ​ဝေးခန်းထဲမှာ ထိုလူကလွဲပြီးအကုန်စုံ​နေပြီ။သူတစ်​ယောက်တည်းကို​စောင့်ပြီး အချိန်​ပုပ်မခံနိုင်တာ​ကြောင့် အ​ကြောင်းကြားခိုင်းလိုက်သည်။​15မိနစ်​ကျော်သွားတာ​နဲ့ အစည်းအ​ဝေးကိုစမှာဖြစ်သည်။

15မိနစ်ပြည့်ဖို့ 1မိနစ်နဲ့58စက္ကန့်သာလို​တော့သည်။ထိုလူက​တော့​ရောက်မလာ​သေး​ပေ။ရှင်းပြရမယ့်စာရွက်စာတမ်း​တွေကို ခဏအကြည့်ပို့ပြီးနာရီကိုပြန်ကြည့်​တော့ 15မိနစ်​ကွက်တိ​ပြည့်သွားပြီဖြစ်တာ​ကြောင့်

"အစည်းအ​ဝေးစကြရ​အောင်...ထပ်ပြီးမိတ်ဆက်ပါမယ်...ကျွန်​တော်ကglory pjကိုတာဝန်ယူသွားမယ့်ကင်မ်ထယ်​ယောင်းဖြစ်ပါတယ်...​ရှေ့​လျှောက်လည်းကူညီ​ပေးကြပါဦး...ဒါဆိုအခုကျွန်​တော်တို့ ရှယ်ယာအ​ကြောင်းအ​သေးစိတ်နဲ့လုပ်ငန်းစဥ်ကို...."

'​ချောက်'

"အဓိကရှယ်ယာရှင်ကို​တော့ ​စောင့်သင့်ပါတယ်ကွာ"

တံခါး​ခေါက်ခြင်းမရှိပါပဲ တန်းဝင်လာတဲ့လူ​ကြောင့် အားလုံးရဲ့အကြည့်​တွေကတံခါးဝဆီ​ရောက်သွားသည်။ထိုလူ​တွေထဲမှာမှ ထယ်​ယောင်းမျက်နှာက​တော့ အထိတ်လန့်ဆုံးဖြစ်မည်။

"ကျွန်​တော်ထိုင်ခုံက မန်​နေဂျာချုပ်ကင်မ်ထယ်​ယောင်း​ဘေးမှာမလား"

အတွင်း​ရေးမှူး​ဂျောင်ကို ​မေးဆတ်​မေး၍သူ့​ဘေးမှာဝင်ထိုင်တဲ့​လူကို ထယ်​ယောင်းမျက်ခုံးများကျုံ့၍ကြည့်လိုက်သည်။

"ဆက်ရှင်းပြလို့ရပါပြီ...ကားပိတ်​နေလို့နည်းနည်း​လေး​နောက်ကျသွားတာပါ"

"ဒီ​နေရာကရှယ်ယာရှင်လီဟန်​ဆောင်း​နေရာပါ"

ထယ်​ယောင်း အတတ်နိုင်ဆုံးအသံကိုထိန်း၍​ပြောလိုက်သည်။

Light(completed)Wo Geschichten leben. Entdecke jetzt