အပိုင်း။ 1 ။

1.8K 102 13
                                    

အပိုင်း (၁) အာသာဖြေတဲ့ ဗီဒီယိုကြည့်ရင်း အာသာဖြေမယ်


ယဲ့ဟွိုင်ကို အရင်းမြစ်ဂရုတစ်ခုထဲသို့ တစ်ယောက်ယောက်က ထည့်သွားခဲ့တယ်။ အဲ့လူရဲ့ ပရိုဖိုင်လ်ပုံက အဖြူရောင် နောက်ခံမှာ အနီရောင်စာတွေရေးထားတဲ့ ‘အထန်ဗီဒီယိုတွေကိုကြည့်ချင်ရင် 127*456 ကို အပ်ပါ’ ဆိုတာပဲ။ အကယ်၍ သူငယ်ချင်းမလေးကသာ သူ့မှာ အရင်းမြစ်တွေရှိတယ်လို့မပြောခဲ့ရင် ယဲ့ဟွိုင်က အဲ့လူရဲ့အကောင့်က အဟက်ခံထားရတာပဲလို့ တွေးမိနေလိမ့်မှာ။

ယဲ့ဟွိုင်က အရင်းမြစ်ဂရုထဲမှာ လူသစ်လေးဖြစ်ပြီးတော့ သူ့ရဲ့ လိင်စိတ်တိမ်းညွှန့်မှုကို သိထားတဲ့ သူငယ်ချင်းမလေးက ထည့်ခဲ့ပေးတာပင်။ အစကတော့ သူ ဒီဂရုကို သူ့ရဲ့ ခန္ဓာကိုယ်လိုအပ်ချက်တွေကို ကျေနပ်စေဖို့ ဝင်ခဲ့တာဆိုပေမယ့် ဒီဂရုထဲက ကောင်မလေးတွေက တစ်ချိန်လုံး စာတွေပို့ အတင်းတွေပဲ ပြောနေကြပြီး သူတို့ ရှယ်ပေးလာကြတဲ့ ဗီဒီယိုတွေအကုန်လုံးကလည်း အာနီမဲဖန်မိတ်ဗီဒီယိုတွေချည်းပဲ။ သူ အဲ့ဒီ အာနီမဲဗီဒီယိုတွေကို ကြည့်ပြီး မာတောင်မလာဘူး ဒါပေမယ့် သူ အဲ့ဒီ့ဂရုထဲက ကောင်မလေးတွေနဲ့ တစ်နေကုန် စာတွေပို့ပြီး ချစ်ဖို့ကောင်းအောင် အီမိုဂျီကို ဘယ်လိုသုံးရမလဲဆိုတာကိုတော့ သင်ခဲ့တယ်။

ယဲ့ဟွိုင် အဲ့လူရဲ့ ပေ့ဂျ်ကို နှိပ်ကြည့်လိုက်တော့ ပေ့ဂျ်ရဲ့ အပေါ်ဘက်မှာ ကြော်ငြာအသေးတွေကိုလည်း တွေ့လိုက်ရတယ်။ သူ စာပို့တဲ့နေရာကို ဝင်လိုက်ပြီးတော့ စာရိုက်လိုက်တယ် : [ရှောင်မေ့မေ့ နီဟောင် ဟိဟိ]

တစ်ဖက်က ချက်ချင်းပဲ စာပြန်လာတယ် : [ကိုယ်က ယောင်္ကျားလေး]

ယဲ့ဟွိုင်က နည်းနည်း အံ့ဩသွားပြီး သူ့မျက်ခုံးတွေကို ပင့်လိုက်တယ်။ ဂရုထဲမှာ သူကလွဲရင် အကုန်လုံးက မိန်းကလေးတွေလို့ သူထင်ထားတာလေ။ ဒါပေမယ့် သူ့မှာ အရင်းမြစ်တွေ ရှိနေသ၍ အဲ့တစ်ယောက်က ယောင်္ကျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ကိစ္စမရှိဘူး။

သူ နောက်ထပ် မြန်မြန်လေး စာရိုက်လိုက်တယ် :  [ရှောင်ကောကော ဥလေးတွေ အလင်းပြဦး]

[စာရိုက်တာမှားတယ်၊ တောင်းဆိုလေ]

ယဲ့ဟွိုင်ရဲ့ ဖုန်းကိုင်ထားတဲ့လက်က တုန်တောင်သွားတယ်။ ဒီလူက ဘာဖြစ်နေတာလဲ? ရှေးခတ်ကလူလား? ဒါမှမဟုတ် သူက စစ်သားဟောင်း စတိုင်လ်ဖြစ်နေတဲ့ လူအိုကြီးတစ်ယောက်များလား?

သူ ရွေးချယ်စရာမရှိပဲ စာထပ်ရိုက်လိုက်ရတယ် : [ရှောင်ကောကော ဥလေးတွေ အလင်းပြပေးပါဦးနော်~]

တစ်ဖက်မှ : [အင်း]

ယဲ့ဟွိုင်က ခဏနေရင် ဟိုဘက်ကနေ ဗီဒီယိုလင့်ခ် ပို့လာမယ်လို့ ထင်ထားပေမယ့် ဒါက လှပတဲ့ စိတ်ကူးလေးသက်သက်ပဲဆိုတာ အသိသာကြီး။

အဲ့လူက ထပ်ပြောတယ် : [မပေးပါဘူး]

ယဲ့ဟွိုင် : ……

ယဲ့ဟွိုင် စိတ်တိုတိုနဲ့ စာရိုက်လိုက်တယ် : [မင်းကို ဖာ့ခ်ပစ်မယ်]

ယဲ့ဟွိုင် WeChat ကို တစ်ခါတည်း တန်းပိတ်ပစ်လိုက်တော့တယ်။ နောက်တစ်နေ့ နံနက်ခင်းမှာ သူ WeChat ကို ဖွင့်ကြည့်တော့ အဲ့လူကို သူ့ရဲ့ အကောင့်ထဲကနေ ဖျက်မပစ်ရသေးတာကို သတိရသွားတယ်။

သူ စာပို့တဲ့နေရာကို နှိပ်ပြီး ဖွင့်ကြည့်လိုက်တော့ အဲ့လူပို့ပေးထားတဲ့ ဗီဒီယိုကို မြင်လိုက်ရတယ်။ ဗီဒီယိုက ညသန်းခေါင်လောက်က ပို့ထားပြီး
နာရီဝက်စာလောက်ရှည်တယ်။

“သူက အသိစိတ်တော့ ရှိသေးသားပဲ” ယဲ့ဟွိုင် တိုးတိုး တိုးတိုးဖြင့် ညည်းညူပြောဆိုနေပြီး ဒီလူကို အကောင့်ထဲက ဖျက်သင့်မဖျက်သင့် ဆုံးဖြတ်ဖို့ ဗီဒီယိုရဲ့ အရည်အသွေးကို အရင်ကြည့်ကြည့်ဖို့ နှိပ်ကြည့်လိုက်တယ်။

ဒါက အာသာဖြေတဲ့ ဗီဒီယိုပဲ။ ယဲ့ဟွိုင် နှိပ်ပြီး ဖွင့်ဖွင့်လိုက်ခြင်းမှာပဲ ဗီဒီယိုထဲက လူက သူ့လက်တွေနဲ့ သူ့ရဲ့ လိင်အင်္ဂါကို ပွတ်သပ်နေတယ်။

အဲ့လူက ကင်မရာကို မဖွင့်ရသေးခင်ကတည်းက အာသာဖြေနေတာပဲဖြစ်ရမယ်။ ကင်မရာထဲမှာ သူ့ရဲ့ တောင့်တင်းတဲ့ ဝမ်းဗိုက်ပိုင်းနဲ့ ကြီးမားထဲ လိင်အင်္ဂါကိုပဲ ပြထားတယ်။ သူ့ရဲ့ လက်သည်းလေးတွေက ဝိုင်းဝိုင်းလေးတွေနဲ့ လက်က အရမ်းကိုလှတယ် ပြီးတော့ သူ့ရဲ့ အသက်ရှူသံ ခပ်တိုးတိုးကလည်း အရမ်းကို ဆက်စီဖြစ်တာပဲ။ ယဲ့ဟွိုင်က အိပ်ရာပေါ်မှာ ထိုင်နေပြီး သူ့ရဲ့ နောက်ကျောက အေးစက်တဲ့ နံရံကို အတင်းမှီထားရတယ်။ သူက ဂေးပွန်းတွေ သိပ်ကြည့်လေ့ကြည့်ထမရှိသလို အာသာဖြေတာလဲရှားတယ်။ ဒါက သူ့အတွက်တော့ မကြုံစဖူး လူတစ်ယောက်ရဲ့ လိင်အင်္ဂါကို ဒီလောက်ထိ နီးနီးကပ်ကပ်ကြီး မြင်ဖူးတာပဲ။

ဗီဒီယိုထဲက လူက ဆက်လုပ်နေတယ် ပြီးတော့ သူ့ပြွန်ထဲကနေ အရည်အနည်းငယ်ကလည်း စိမ့်ထွက်နေပြီး ပေကျံလို့နေတယ်။ သူ့ရဲ့ လက်မက ထိပ်ပိုင်းကို ပွတ်သပ်နေပြီး သူ့ရဲ့ လည်ချောင်းသံနဲ့ ညည်းညူကာ ပင့်သပ်ရှိုက်လိုက်တယ် ပြီးတော့ သူ့ရဲ့ ဝမ်းဗိုက်ကြွက်သားတွေကလည်း အသက်ရှူလိုက်တိုင်း မြင့်တက်သွားလိုက် နိမ့်ဆင်းသွားလိုက်နဲ့။

ယဲ့ဟွိုင်ရဲ့ အောက်ပိုင်းက အနည်းငယ် လိုချင်တောင့်တနေပြီး ထောင်မတ်လို့လာတယ်။ သူ့ ခန္ဓာကိုယ်ကလည်း မရည်ရွယ်ပါဘဲ နံရံနဲ့ ပွတ်သပ်နေမိတယ်။ သူသာ သူ့ရဲ့ ခေါင်းကို ကုတင်ခေါင်းရင်းနဲ့ မဆောင့်မိခဲ့ရင် သူ ဘယ်လိုမျိုး အိပ်ယာပေါ်ကို ပြန်လှဲနေပြီး စောင်ထဲကို ပြန်ဝင်သွားလဲဆိုတာကို သိမှာပဲ။

အခုက ဆောင်းဦးရာသီ။ ရာသီဥတု အေးလာတာနဲ့ ယဲ့ဟွိုင်ရဲ့ ခြေလက်တွေကလည်း အေးလာလိမ့်မယ်၊ အဲ့တော့ သူ့ရဲ့အောက်ပိုင်းက ထောင်နေရင်တောင် သူ့ရဲ့ လိင်အင်္ဂါကို သူ့လက်တွေနဲ့ မထိရဲဘူး။ ဒါကြောင့် ဖုန်းမျက်နှာပြင်ကို ကြည့်နေရင်း သူ့ရဲ့ ညဘက်လက်ကို သူ့ရဲ့ ခြေထောက်ကြားထဲမှာ ထည့်ပြီး နွေးအောင်လုပ်နေမိတယ်။

ဗီဒီယိုထဲက လူက သူ့ရဲ့ ကြီးမားရှည်လျားတဲ့အရာကို ပွတ်သပ်နေပြီး တစ်ခါတစ်ရံ သူ့ရဲ့ လက်ချောင်းတွေက ထိပ်ပိုင်းလေးကို ပွတ်ဆွဲသွားတတ်တယ်။ သူ ချောဆီသုံးထားတာပဲ ဖြစ်ရမယ်။ အရိုးတံနဲ့ ထိပ်ဖူးပိုင်းက အရမ်းကို ချော်ထွက်နေပြီး သူ့ထက်ဖဝါးကလည်း အရည်တွေနဲ့ စွန်းထင်းစိုစွတ်လို့နေတယ်။

ယဲ့ဟွိုင်က နောက်ဆုံး ဘယ်လိုမှ မတတ်နိုင်တော့ပဲ သူ့ ဘောင်းဘီကို ဆွဲချလိုက်ပြီး သူ့ရဲ့ အပူပေးထားတဲ့ လက်နဲ့ သူ့ရဲ့ လိင်အင်္ဂါကို ကိုင်ပြီး ဗီဒီယိုထဲက လူနဲ့အတူ လိုက် လှုပ်ရှားနေမိတော့တယ်။ ပင့်သက်ရှိုက်သံတွေက အတူတူ ရောနှောသွားပြီး အဲ့လူရဲ့ ပွတ်သပ်မှုတွေက မြန်သထက် ပိုပိုမြန်လို့လာလေတယ်။ ရာဂစိတ်ပြင်းထန်နေတဲ့အသံက ဗီဒီယိုထဲကနေ ထွက်လာတယ်။ ယဲ့ဟွိုင် သူ့ရဲ့ အေးနေတဲ့ ခြေချောင်းလေးတွေကို ကွေးလိုက်မိပြီး သူ့ရဲ့ ခန္ဓာကိုယ်မှာတော့ မီးတောက်လောင်နေသလိုကို ခံစားနေရတယ်။

သူ အဲ့ဒီ့လူရဲ့ အသံရှူရှိုက်တဲ့အသံကို ကြိုက်တယ်၊ သူ့ရဲ့ ပုံစံ ပြီးတော့ သူ့ရဲ့ ထူပြီး မာနေတဲ့ အရာ…ကိုလည်း သူကြိုက်တယ်။ အကောင်းဆုံး တွဲဖက်ကို တွေ့ဖို့ဆိုတာက ခပ်ရှားရှားပဲ။ ယဲ့ဟွိုင် သူ့ကိုယ်သူ မထိန်းနိုင်တော့ပဲ သူ့လက်ထဲမှာပဲ ထုတ်လွှတ်လိုက်တော့တယ်။ ဒါပေမယ့် ဗီဒီယိုထဲက လူကတော့ သူ့အရာကို ပြင်းပြင်းထန်ထန် ပွတ်သပ်နေဆဲပဲ။ ယဲ့ဟွိုင် အဲ့လူ လွှတ်ထုတ်တော့မယ်လို့ တွေးမိလိုက်တာနဲ့  သူ ဗီဒီယိုကို ဟိုရွှေ့ဒီရွှေ့နဲ့ နှေးချလိုက်တော့တယ်။

ကင်မရာက အနီးကပ်ရိုက်ချက်အတွက် ကောက်ယူခံလိုက်ရတယ်။ ယဲ့ဟွိုင် ပြန်ကြည့်လိုက်တဲ့အခါ အဲ့လူက ကင်မရာကို သူ့ရဲ့ အောက်ပိုင်းကို တည့်တည့်ချိန်ထားပြီး အနီးကပ်ရိုက်ပြလာတယ်။

ယဲ့ဟွိုင် သူ့ ခြေချောင်းလေးတွေကို ကုတ်ထားလိုက်မိတယ်။ သူ့လက်ထဲက စိုစွတ်ပြီး ချောနေတဲ့ ခံစားချက်က သူ့ကို ရေချိုးခန်းထဲ သွားဖို့ သတိပေးနေပေမယ့် သူ မလှုပ်မိဘူး။ သူ ဒီ ဗီဒီယိုကို ရေချိုးခန်းထဲမသွားခင် ပြီးအောင် ကြည့်သွားချင်သေးတယ်။ လူတော်တော်များများက အာသာဖြေပြီးသွားတာနဲ့ ဗီဒီယိုကို ချက်ချင်းပိတ်ပစ်လိုက်ကြတယ် ဟုတ်တယ်မလား? ယဲ့ဟွိုင် သူ့ရဲ့ အေးစက်စက် ခြေဖဝါးက ခြေထောက်ကို လာလာထိနေတော့ စောင်ထဲမှာ ကျုံ့ဝင်ပြီး တိုးကပ်နေတယ်။

ကင်မရာ မြင်ကွင်းက တဖြည်းဖြည်း ပြန်ကျဉ်းသွားပေမယ့် အားမာန်အပြည့်နဲ့ တက်ကြွနေတဲ့ မှိုကို တည့်တည့် မြင်နေရတုန်းပဲ။

“ကိုယ့်ကို မင်းအတွက် သုတ်လွှတ်ပေးစေချင်လား?”

အဲ့လူက ရုတ်တရက် စကားပြောလာပြီး သူ့ရဲ့ အသံက ရမ္မက်ကို နှိုးဆွနေတဲ့ ခပ်အက်အက်နဲ့ ဩရှရှအသံဖြစ်ပြီး ဆက်စီကျတယ်။ ယဲ့ဟွိုင်ရဲ့ စိတ်ထဲမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး သူ နောက်တစ်ခေါက်တောင် ထပ် လုပ်လို့ရလောက်တယ်လို့ကို ခံစားလိုက်ရတယ်။

ဗီဒီယိုထဲက လူက အဲ့ဒီ့စကားကို ပြောပြီးတာနဲ့ သူ့အရာကို အကြိမ်နည်းနည်းလောက် ခပ်မြန်မြန်လေး ဆောင့်ဆွဲကာ အပေါ်အောက်လှုပ်ရှားလိုက်ပြီးနောက် ကင်မရာကို သူ့အရာပေါ်ချိန်ထားလျက်နဲ့ ထုတ်လွှတ်လိုက်တော့တယ်။ ယဲ့ဟွိုင်က သူ့ဖုန်းကို အဝေးမှာ ထားထားလိုက်မိတယ်။ အဲ့ဒီ့အချိန်တုန်းက သူ့မျက်နှာပေါ်မှာ ထုတ်လွှတ်လိုက်တယ်လို့တောင် သူ ထင်ယောင်ထင်မှား ဖြစ်မိသွားတယ်…။ သူ့ ဖုန်းမျက်နှာပြင်က အမှောင်အတိ ပိတ်ကျသွားတဲ့အခါမှာတော့ သူ ဖုန်းကိုချ၊ အိပ်မက်ယောင်နေတဲ့အတိုင်း ထလိုက်ပြီး ရေချိုးခန်းထဲသွားကာ သန့်ရှင်းရေးလုပ်လိုက်တယ်။

ရေချိုးခန်းထဲက ထွက်လာပြီးတဲ့နောက်မှာတော့ ယဲ့ဟွိုင် သူ့ဖုန်းကို ကောက်ယူလိုက်ပြီး သူ့ကို ဗီဒီယိုပို့ပေးတဲ့လူရဲ့ အကောင့်ကို နှိပ်လိုက်တယ်။ သူ ခဏလောက်တော့ ချီတုံချတုံဖြစ်နေပြီး စာရိုက်လိုက်တယ် : [ကျေးဇူး ရှောင်ကောကော ဟီးဟီး]

[အင်း]

ယဲ့ဟွိုင်က ဒီလူ ဒီလောက်မြန်မြန် စာပြန်လာမယ်လို့ မထင်ထားမိဘူး။ သူ သူ့နှုတ်ခမ်းတွေကို တွန့်လိုက်ပြီး အမူအရာမဲ့နဲ့ စာရိုက်လိုက်တယ် : [ကောက အစောကြီးထတာပဲ]

[မင်း ကြည့်ပြီးပြီလား]

ယဲ့ဟွိုင် : [ဗီဒီယို? ကြည့်ပြီးသွားပြီ၊ အဲ့ထဲက ရှောင်ကောကောက အရမ်းရွှိုက်တာပဲ၊ ပြီးတော့ သူ့ရဲ့ အသက်ရှူသံကလည်း အရမ်းမိုက်တယ် (/ω\)]

[မင်းကြိုက်လား?]

ယဲ့ဟွိုင် : [ကြိုက်တယ် ဒါမဲ့ ရှောင်ကောကောက နောက်ဆုံးရောက်မှ စာတစ်ကြောင်းလောက်ပြောသွားတာကတော့ နှမြောစရာပဲ။ သူသာ ဒီထပ် ပိုပြီး များများပြောပေးရင်ကောင်းမယ် သူ့အသံက အရမ်းမိုက်တာပဲ အာ o(^▽^)o]

[ကောင်းပြီ]

ယဲ့ဟွိုင် : [???] ဘာကို ကောင်းပြီလဲ? မင်း အမြဲ “အင်း” လို့ပဲ ပြောနေကြမဟုတ်ဘူးလား? ဒါပေမယ့် ယဲ့ဟွိုင်က သိပ်မစိုးရိမ်နေပါဘူး။ သူ အမြဲ စကားတွေအများကြီး ပြောတယ်ဆိုတာကလည်း အကြောင်းရှိလို့ပဲလေ။ သူ ဆက်ပြီး စာရိုက်လိုက်တယ် : [ရှောင်ကောကော၊ ကောမှာ ဗီဒီယိုထဲက ကောကောရဲ့ တခြားဟာလေးတွေများ မရှိတော့ဘူးလား?”]

[မင်း သူ့ကို အရမ်း ကြိုက်တာပဲလား?]

ယဲ့ဟွိုင်က အထိန်းအကွပ်မဲ့လျက် : [စောက်ရမ်းကြိုက်တယ်!]

[မနက်ဖြန် ပို့ပေးမယ်]

ယဲ့ဟွိုင် : [ကျေးဇူးပါ ရှောင်ကောကော၊ အရမ်း ချစ်တာပဲ!]

[အရမ်းချစ်တယ်]

လာမည့်အပိုင်း(၂)ခေါင်းစဥ္။ မင်းကို **C*စေချင်လား??

ရှောင်ကောကော ဥလေး လင်းပါဦးWhere stories live. Discover now