အပိုင်း။ 2 ။

1K 96 1
                                    

အပိုင်း (၂) ဗီဒီယိုကို ဆက်ကြည့်မယ် “မင်းကို **c* စေချင်လား?”

  နောက်တစ်နေ့ မနက်ခင်းမှာတော့ ယဲ့ဟွိုင်တစ်ယောက် မနက်ခင်း အတန်းရှိလို့ သူ့ လွယ်အိတ်ကို ကောက်ယူပြီး သွားတော့မယ့်အချိန်မှာပဲ အဲ့ဒီ့လူဆီကနေ သူ ဗီဒီယိုတစ်ခု လက်ခံရလိုက်တယ်။ သူ WeChat ကစာကို မြင်တာနဲ့ တံခါးဖွင့်နေရင်း စာရိုက်လိုက်တယ် : [ဗီဒီယို ရပြီ၊ ကျေးဇူးပါ ရှောင်ကောကော!]

ယဲ့ဟွိုင်ရဲ့ အိမ်က ကျောင်းနဲ့ သိပ်မဝေးဘူး၊ ဒါကြောင့် သူ ကျောင်းအိပ်ကျောင်းစားလုပ်စရာမလိုတော့ဘူး။ ဒါပေမယ့်လည်း သူ ဒီလို ကျောင်းအိပ်ကျောင်းစား လုပ်စရာမလိုအပ်လို့ပဲ သူနဲ့သူ့ရဲ့ အတန်းဖော်တွေရဲ့ ဆက်ဆံရေးက သာမန်ဖြစ်နေတာ။ သူ သူ့ရဲ့ အတန်းဖော်တွေနဲ့ စကားနည်းနည်းပါးပါး အပြန်အလှန် ပြောဖြစ်ကြပေမယ့် သူ့မှာ ရင်းနှီးတဲ့ သူငယ်ချင်းဆိုတာမျိုး မရှိဘူး။

ယဲ့ဟွိုင်က အတန်းထဲကို ပထမဆုံး ရောက်တဲ့သူပဲ။ ဒီအချိန်ဆို တခြားအတန်းဖော်တွေက သူတို့ရဲ့ အဆောင်မှာ အချိန်ဆွဲ အရစ်ရှည်နေတုန်းပဲရှိသေးတယ်။ သူ အလယ်တန်းက ခုံတစ်ခုံကို ရွေးပြီး ထိုင်လိုက်တယ်။ ခဏလောက်ကြာပြီးတဲ့နောက်တော့ အတန်းထဲမှာ တဖြည်းဖြည်းနဲ့ လူတွေများလာတော့တယ်။ ယဲ့ဟွိုင် သူ့ရဲ့ ဖုန်းက တုန်ခါလာနဲ့ ဖုန်းကို ထုတ်ကြည့်လိုက်တဲ့အခါ သူ့ကို အရင်းမြစ် ဗီဒီယိုတွေပို့ပေးတဲ့ သူဖြစ်နေတယ်။

[မင်း ကြည့်ပြီးပြီလား?]

ယဲ့ဟွိုင် : [မကြည့်ရသေးဘူး၊ မနက်ခင်းအတန်းရှိလို့လေ၊ နေ့လည်ရောက်မှ ကြည့်မှာ ဟီးဟီး]

[အင်း]

ယဲ့ဟွိုင် သူ့ဖုန်းကို ပိတ်တော့မယ့်အချိန်မှာပဲ တစ်ဖက်က နောက်ထပ် စာပို့လာခဲ့တယ် : [ o(^▽^)o ]

ယဲ့ဟွိုင် မျက်တောင်ခတ်လိုက်ပြီး စကားပြောထားတဲ့စာတွေကို အပေါ်ဆွဲကြည့်လိုက်တယ်၊ သံသယရှိတဲ့အတိုင်းပဲ ဒီလူက မနေ့က သူပို့ထားတဲ့ emoji ကို ကော်ပီပြီး ပြန်ပို့လာတာ။

အတန်းစဖို့ အချိန်လိုသေးတာနဲ့ ယဲ့ဟွိုင် မေးကြည့်ကြည့်လိုက်တယ် : [ကော၊ ကောရော ဗီဒီယိုထဲက တစ်ယောက်ကို ကြိုက်တာလား?]

ရှောင်ကောကော ဥလေး လင်းပါဦးWhere stories live. Discover now