Chapter 1

189 14 1
                                    

"နာမည်" ။

"မတော်တဆ မှန်ရဲ့လား?"

ထို‌ ကောင်လေးရဲ့အမေဟာ သူမသားရဲ့ မျက်လုံးထဲက မီးတောက်တွေကို ကြည့်လိုက် ရင်း "မတော်တဆပါ ဘာများ ထပ်ရှိရမှာလဲ?"သူမသားပုခုံးကို ပုတ်လိုက်ရင်း နှစ်သိမ့် လိုက်တယ်။

သူက ခေါင်းကိုရမ်းပြလိုက်တယ် မတော်တဆမှန်တယ်ဆို ရင် ဘာလို့ အဒေါ်က အဲ့ကား ကို မီးနီတာကို ဖြတ်တိုက်ခဲ့ မှာလဲ လူတယောက်သေသွား တာကို မတော်တဆမှန်တယ် လို့ ပြောနေသည့် သူ့အမေကို လည်း နားမလည်နိုင်။

"ကောင်းပြီ" သူ့မျက်နှာကို အခြားတဖက်ကိုလှည့်လိုက် ရင်း ထိုင်နေရာကနေ ပြန် လဲချလိုက်တယ် အမေက မတော်တဆလို့ ဆက်ပြောနေရင် သူထပ်ပြောစရာမရှိတော့ပေ။

သားကို မလိမ်လို့မဖြစ်သည့် အခြေအနေ၊ မတော်တဆဖြစ် ပြီး တပတ်ကြာမှ နိုးထလာ တဲ့ သားကို ဒီမတော်တဆဟာ သူ့အဒေါ်အကွက်ချ" စီစဉ် ထားပြီး လူတယောက်ကိုသေ စေခဲ့သည့် ထောင်ချောက်ဟုမပြောပြချင် ၊သူကိုယ်သူ လည်း ကြံရာပါလို့ အထင်ခံ ပြီး တဘဝလုံးမုန်းသွားစေမယ့် အဖြစ်မျိုး မဖြစ်မခံနိုင်သဖြင့် ဒီလမ်းကို ရွေးချယ်ခဲ့ခြင်းဖြစ်တယ် ။

ဒီမတော်တဆက ရည်ရွယ် ထားတဲ့ပုံစံမျိုးပဲ ။အဒေါ်နဲ့ ကျွန်တောါ အတူ"သွားခဲ့ကြပြီး အဒေါ်က ကားမောင်းခဲ့တယ် တနေရာရောက်တော့ တခု"ရှာ တွေ့သွားခဲ့တဲ့ပုံနဲ့ မီးနီကိုဖြတ်ပြီး ကားမောင်းခဲ့ပြီး တဦးတယောက်ရဲ့ ကားကို အရှိန်ပြင်း"နဲ့ ဝင်တိုက်ခဲ့တယ် ကျွန်‌တော်မြင်လိုက်ရတာက သွေးတွေ ပေနေခဲ့တဲ့ ကောင်မလေး တယောက်ပါပဲ အဲ့ကလေး က အခုသိရတော့ ဆုံးသွား ပြီဆိုတာကိုပဲ သူမမိသားစု ဘယ်လောက် နာကျင်နေမ လဲ အဒေါ်က ဘာလို့ဒီလိုလုပ် ခဲ့ရတာလဲ မေးခွန်းတွေအများ ကြီး ပေါ်ထွက်လာပေမယ့် ဘာကိုမှစဉ်းစားလို့မရလောက် ခေါင်းက ဗလာဖြစ်နေခဲ့တယ် ဘာမှတ်ဉာဏ်မရှိ ဘယ်သူက ဘယ်သူဆိုတာကို မသိ ဗလာန တ္တိ။

"အတိတ်မေ့ခြင်းရောဂါ တနည်းပြောရရင် မတော်တဆ ကြောင့် မှတ်ဉာဏ်ပျောက်ဆုံး ခြင်း " မှတ်ဉာဏ်ပျောက်ဆုံး ခြင်းရဲ့ အကြောင်းရင်းများကို ဆရာဝန် ရှင်းပြတာနားထောင် ရင်း သူဟာသူတချက်ပြုံးလိုက်မိတယ်။

မင်းကို ချစ်စေခဲ့သော ကံကြမ္မာ...Όπου ζουν οι ιστορίες. Ανακάλυψε τώρα