Chapter 4

61 8 2
                                    

Zee မှာ ထွက်လာ ခဲ့ပြီးမှ Tawan စကား 'Nunew ကို ကြည့်ပေးပါဦး' ဆိုသော ကတိမတည်နိုင်သဖြင့် အားနာမိလေသည် သို့သော် သူ သည် Nunewဆီ ပြန်သွား လိမ့်မည်မဟုတ် သို့သော် သူ သည် နီးရာအဝတ်ဆိုင်မှ သူ့အတွက်သင့်တော်မည့် အဝတ်အစားအချို့ဝယ်ပေး ကာ သူ့အတွက် ဟိုတယ် ဝန်ထမ်းအားပေးရန် ထားခဲ့ လေသည် (သူ၏ဖုန်းလည်း Nunewသုံးရန် ထားခဲ့လေ သည်)

Nunewမှာ ရေကူးကန်ထဲမှ မနည်းကုန်းရုန်းထွက်ခဲ့ရလေ သည် သူ့ပုံစံမှာလည်းကြွက်စုတ်ဖြစ်လေပြီ 'ဒီ ဟိုတယ်က ဘယ်လိုထွက်ရ မှာလဲ? ငါ့စွန်း‌ေနတဲ့အကျီကြီးနဲ့ ရေတွေလည်းစိုလို့အိ နေပြီ ဖုန်းကလည်းကောက် လို့မမှီဖူး ဘယ်သူကိုမှလည်း ခေါ်မရတော့ဖူး' Nunewမှာ ထိုင်ငိုပစ်လိုက်ချင်သည် 'အ့ တာအားလုံး Zee ကြောင့်ပဲ'

ထိုအချိန်၌ အမျိုးသား ဝန်ထမ်းတဦးဝင်လာကာ "ဧည့်သည်ခင်ဗျ အမျိုးသားတ ယောက်က ဧည့်သည်အတွက် ဒီပစ္စည်းထုပ်နဲ့ ဖုန်းပေးသွားပါတယ် ခင်ဗျ"

"ဘယ်သူကလဲမသိဖူးခင်ဗျ" Nunewမှာ သူ့အကျီအား လက်နှစ်ဖက်ဖြင့်ကာရင်း ပြန် မေးလိုက်လေသည်

"နာမည်မပြောသွားပါဖူးခင်ဗျ" ထိုဝန်ထမ်းကို သူ့ပုံစံအား အ ကြာကြီးလည်း မကြည့်ခိုင်းစေ ချင်လို အားလည်နာသဖြင့် Nunewမှာ အထုပ်နဲ့ဖုန်းအား ယူလိုက်ရင်း "ကျေးဇူးတင်ပါ တယ် "

"ဟုတ်ကဲ့ ပြီးတော့ သူကဧည့်သည်အတွက် အင်္ကျီလဲဖို့ ဆိုပြီး အခန်းတခန်းငှားပေး သွားပါတယ်ရှင်"

"ဗျာ အခန်း!!" Nunew မှာ လန့်သွားလေတော့သည်

"ဟုတ်ကဲ့ လိုက်ပြပေးပါမယ် " ဆိုကာ ထိုဝန်ထမ်းက လမ်းပြ ပေးလေသည်

Nunew pov:ဘယ်သူက ငါ ကိုငှားပေးသွားတာလဲ ဘယ် သူကလဲ ဘယ်သူကလဲ

ထိုသူငှားပေးလိုက်သော အခန်းမှာ ရေကူးကန် ၏အောက်တထပ် ပထမဆုံးမြင် ရသော အခန်းပင်ဖြစ်သည် 'သူဌေးသား' Nunewမှာ ချက်ချင်းတွေးမိသွားလေ သည်

ထိုဝန်ထမ်းမှာ အခန်းသော့ပေး ပြီး ထွက်သွားလေသည် Nunewမှာ အခန်းထဲရောက် သည့်အခါ ပါလာသောဖုန်းကို ခုံပေါ်တင်ကာ အဝတ်ထုပ်ကို သွန်လိုက်လေသည်။

မင်းကို ချစ်စေခဲ့သော ကံကြမ္မာ...Dove le storie prendono vita. Scoprilo ora