Chapter 5

48 5 0
                                    

[Unicode] Tawan မှာ အတန်း မတက်ပဲ အဆောင်၌ အိပ်နေ လေသည် Zee ပြန် ရောက်လာမှ စာအုပ်တချို့ ငှါားကာ ပြန်ကူးနေရင်း "Zee မင်းငါကိုပြောစရာရှိတယ် မလား?" တည်"ငြိမ်" မေးလေ သည်

"အင်း ငါကNunewကို သဘောမကျဖူး" Zeeက အကျီလဲလိုက်ရင်း ပြန် ဖြေလေသည်

Tawan မှာ ခေါင်းတချက် ငြိမ့်ပြကာ ဘာမှဆက်မေး ခြင်းမရှိ စာပြန်ကူးနေလေ သည် Tawan မှာ သိလိုစိတ် မရှိ မေးရန်လည်းမလိုဟု ခံစားရသောကြောင့်ဖြစ်သည် ( သူမှာလည်း သူ့အကြောင်းနဲ့သူရှိတယ်လို့ ပြော ချင်တာပါ)

Nunew မှာလည်း Zeeနဲ့ မျက်နှာချင်းမ ဆိုင်အောင် နေလေသည် မြင် လျင်လည်း ရှောင်လေသည် ဘယ်လိုအပြူအမူမှုမျိုးမှ Zeeကို မြင်သာ အောင်မပြချေ။

နှစ်ဝက်ကုန်ပြီး စာမေးပွဲနီးကပ် လာသည့်အပြင် ကျောင်း မှ ပွဲတချို့အားလည်း စီစဉ် နေကြသည် အထူးသဖြင့် စကားရည်လုပွဲ ထိုပွဲမှာလူကြိုက်များသည့်အပြင် Zeeက ပင်တိုင် ပါဝင်သူဖြစ်လေသည် ကောင်မလေးများမှာ Zeeနဲ့ တဖွဲ့တည်းကျရန် အသည်းအသန်တန်းစီကာ စာရင်းပေးကြသော်လည်း လူတော်"များ"ပြုတ်ကြလေ သည်။

Nunew မှာ ထိုပွဲများကို စိတ် မဝင်စား စာကြည့်တိုက်၌သာ အချိန်ပြည့်ရှိနေလေသည် Tawan ကလည်း သူအား တခါ တလေလာတွေ့လေရှိသည် (Nunew ဟာ ယခုရက်ပိုင်းအတွင်း သူ့ဆံပင်ကို နဲနဲညှပ်ပစ်လိုက်ပြီး ရွှေအိုရောင် ကာလာနဲ့ လိုက်ဖက်နေလေ သည်)

သူ့မှာ ယခုလည်း စာကြည့်တိုက်၌ စာလုပ်နေ လေသည် စီနီယာတချို့ သူ့စားပွဲဆီ ရောက်လာကာ ခုံယူကာ ထိုင် ကြလေသည် "Nunew ဟုတ် တယ်မလား?"

Nunew မှာ ခေါင်းမော့ကြည့် လိုက်ရင်း "ဟုတ်ပါတယ်""အကိုတို့က ညီမလေးကို အကို တို့ အဖွဲ့မှာပါဖို့ကမ်းလှမ်းချင် လို့ပါ ‌ညီလေးကအတန်းထဲ မှာ စာတော်တယ်လို့ကြားပြီး ဗဟုသုတလည်းကြွယ်တယ် ကြားတယ် အကိုတို့အဖွဲ့မှာ Zeeတော့ မရှိပေမယ့် ညီပါ,ပါရင်တော့ အားပိုရှိ မှာပါ"

'Zee မပါသည့်အဖွဲ့’ Nunew မှာ အမှန်တကယ်  စိတ်ဝင်စားလေသည် Zee မပါသောကြောင့် ထို အဖွဲ့မှာ မည်မျှသက်တောင့် သက်တာရှိမည်နည်း Nunew မှာ အရင်က ရှက်တတ် လွန်း၍ လူရှေ့ထွက်ရမည့် မည်သည့်ပွဲမျိုးမှမပါဖူးချေ ထိုသည်ကိုသိသဖြင့် ယခုNunewမှာ ထိုအကျင့်ဆိုးများ ဖျောက်သင့်သည်ဟု တွေးမိ လေသည်

မင်းကို ချစ်စေခဲ့သော ကံကြမ္မာ...Where stories live. Discover now