ကျတော်သေဆုံးသွားပြီဖြစ်တဲ့ အန်တီခန္နာကိုယ်လေးကိုပွေ့ကာ ဆင်းရဲသားရပ်ကွက်လေးထဲ့ကိုရောက်လာခဲ့ပြန်တယ် အိမ်ပြန်ချိန်ဟာပျော်စရာတွေနဲ့မဟုတ်ပဲ ၀မ်းနည်းစရာတွေနဲ့အိမ်ပြန်ခရီးပေါ့

" ဟယ်တော် မကြည်သိန်းကြီးဘယ်လိုဖြစ်တာတုန်းတော် "

ဒေါ်ဒေါ်မော်ကြီးအမေးကိုယ်ကျတော်အပါ၀င်နိုင်းနိုင်းလေးလဲမဖြေနိုင်ခဲ့ဘူး

အန်တီတို့အိမ်ကိုယ်ယောက်ရောက်တော့ရပ်ကွက်ထဲ့ကလူတွေအတော်များများရောက်လို့နေပြီ လုပ်စရာရှိတာတွေကိုယ်၀င်လုပ်ပေးဖို့အတွက် တနေ့လုပ်မှတနေ့စားရသူတို့အဖို့ငွေအင်အားနဲ့မကူညီပေးနိုင်ကြတော့လူအင်အားလေးတွေနဲ့ပဲလုပ်ပေးနိုင်ခဲ့တယ် အပြစ်လဲမဆိုရက်ခဲ့ပါဘူး

" ကဲအခေါင်းထုပ်ဖို့အတွက်သစ်သားတွေအိမ်ရှေမှာရိုက်လိုက်ကြတော့ နေမ၀င်ခင်လုပ်ရမယ် ကျန်တဲ့လူတွေကမကြည်သိန်းကိုယ်ရေချိုးပေးလိုက်ကြအုန်း "

အုပ်ကြီးပြောလိုက်တော့ တာ၀န်ကိုယ်ဆီယူကြတဲ့လူတွေကသူတို့ရဲ့နေရာကိုယ်အသီးသီးသွားခဲ့ကြတယ်

" ကောက်ရ "

" ဗျာ "

" ဦးကြီးတို့ကိုယ်ကူညီပါအုန်းကွာ "

" မဟုတ်တာ ကျတော်ကူညီဖို့အသင့်ပါပဲ "

" အေးကွယ် ဟေ့နိုင်နိုင်ဒါဘယ်လဲ "

နိုင်းနိုင်းခေါ်သံကြောင့်ကြည့်လိုက်တော့ စံပယ်ပန်းကုံးလေးတွေကိုယ်ကိုင်ပြီးထွက်ဖို့ပြင်နေတဲ့နိုင်းနိုင်းကြည့်ရတာစျေးသွားရောင်းဖို့ထင်တယ်

" သားမှသွားမရောင်းရင် ဒီညမေမေအရမ်းစားချင်နေတဲ့ကောက်ဆွဲကြော်လေး၀ယ်မကျွေးနိုင်မှာဆိုလို့ ဟိုရက်တွေကမေမေအရမ်းစားချင်နေတဲ့ကောင်ဆွဲကြော်ကိုသား၀ယ်မကျွေးနိုင်ခဲ့ဘူး သားရင်ထဲ့မှာမကောင်းဘူးဦးကြီးရဲ့ "

ပြောလဲပြောငိုလဲငိုလာတဲနိုင်းနိုင်းလေးအသက်ခလေးနဲ့မလိုက်အောင်မိဘအပေါ်သိတတ်နိုင်လွန်းတယ် ကျောင်းတတ်ချိန်မှာလဲမိဘကမပြည့်စုံတော့မထားနိုင်ခဲ့ဘူး ကျတော်ဘ၀ကံဆိုးလှပြီထင်ထားခဲ့တာ ဒီကလေးနဲရှင်ရင် အကွာကြီးပဲ အော်ဘ၀ ဘ၀

လရေး ူ ငင် ( လူ )  ( သို့မဟုတ် ) ကျတော်မိန်းမရှာတစ်ယောက်မဟုတ်ပါWhere stories live. Discover now