•2•

591 85 6
                                    



"ကင်မ်ထယ်ရယ်.."

"ခင်ဗျား နာမည်ပေါ့! "

"ဟုတ်တယ်! ဘာလို့ပြောပြတာလဲလို့ မေးမယ်ဆိုရင် မင်းငါ့ဆီကို ဖုန်းဆက်လာလို့ပဲ"

ရစ်ခီနှင့် ထယ်ရယ်က စားသောက်ဆိုင်တစ်ခုမှာ တွေ့ဆုံနေကြသည်။ ဒါကလဲ တစ်ပတ်အကြာမှ ပြန်လည်တွေ့ဆုံခြင်း။

တစ်ပတ်အကြာမှ ရစ်ခီဆိုတဲ့ သူနဲ့ အတူ တစ်ညတာချစ်တင်းနှောခဲ့ဖူးတဲ့ ကောင်လေးက ဖုန်းဆက်လာတော့ မအံ့ဩဘူးဆိုရင် လိမ်တာပဲပေါ့။

ထယ်ရယ်ရဲ့ဖုန်းနံပါတ်ကိုလဲ မပေးခဲ့တော့ ၊ရစ်ခီက ဘယ်လိုရလာခဲ့လဲ မေးစရာတစ်ချက်ရှိနေပေမဲ့ ကလပ်ရဲ့membership ဝင်ထားတဲ့ ထယ်ရယ်ရဲ့ဖုန်းနံပါတ်ကို အသာလေးရဖို့ ကလပ်မှာအလုပ်လုပ်တဲ့ရစ်ခီအတွက်တော့အသာလေးပဲဖြစ်နေမှာ။

တကယ်လဲ ထယ်ရယ်က ရစ်ခီကို ထပ်တွေ့ရဖို့လဲ စိတ်မကူးဖူးသလို ၊အဲ့ညကတည်းကပြောခဲ့ပြီးသား သူတို့က ပတ်သတ်ဆက်နွယ်သင့်တဲ့ လူတွေမဟုတ်ဘူး။အဲ့ဒါကြောင့် လဲ ထယ်ရယ်က သူ့နာမည်ကိုမပြောပြခဲ့တာပေါ့။

ဒါပေမဲ့ ဖုန်းနံပါတ်အသစ်နဲ့ ဖုန်းဝင်လာတော့ ရစ်ခီဆိုတာ သိလိုက်ရချိန် 'ဒီကောင်လေးကို သူ့နာမည်ပြောပြရတော့မှာပဲ' ဆိုတဲ့ အတွေးဝင်လာတယ်။ ဘာလို့လဲဆိုတော့ တစ်ညတာဆက်ဆံရေးခေါင်းစဉ်အောက်ကနေ ရုန်းထွက်ချင်နေတဲ့ပုံပေါ်နေတာကြောင့်။

"လာရင်း ကိစ္စကိုပြော.."

ထယ်ရယ်က လက်ပိုက်လျက် မျက်ခုံးပင့်ကာ ရစ်ခီပြန်ဖြေလာမှာကိုစောင့်နေလိုက်တယ်။

"ကျွန်တော့် ကောင်မလေးကို ဖြတ်လိုက်ပြီ!"

"အဲ့ကိစ္စက ငါနဲ့မှမဆိုင်ပဲ.."

ထယ်ရယ်က လှောင်ရယ်သံ ရောယှက်ကာ ရယ်ရင်းပြောလိုက်တော့ ရစ်ခီက အရှက်ပြေချောင်းဟန့်လိုက်ရတယ်။

"ခင်ဗျားကို စွဲလန်းသွားလို့"

ရစ်ခီဆီက အဖြေကြောင့် ကြောင်အမ်းအမ်းသွားရတဲ့ ထယ်ရယ်က စိတ်ထဲ တစ်မျိုးတစ်မည်ဖြစ်သွားရတယ်။
ပြီးတော့ ရယ်လိုက်ချင်တယ်။ အဲ့ညက သူက ဆေးမိထားတဲ့ သူလေ။ အစကတော့ တစ်ယောက်တည်းဖြေရှင်းမလို့ပါပဲ၊ ရစ်ခီကိုတွေ့လိုက်ရတော့ စိတ်ကူးတွေ ပြောင်းကုန်တာက ဘယ်သူ့ကိုအပြစ်တင်ရမလဲ။

Treat me like a princess,Fuck me like a holeWhere stories live. Discover now