•9•

315 50 8
                                    


ထယ်ရယ်က တစ်ကိုယ်လုံး အဖြူရောင်ကိုမှ အပေါ်ကုတ်အင်္ကျီမှာ ဘော်ကြယ်လေးတွေထိုးထားတာကြောင့် ကြယ်တစ်ပွင့်လို တစ်လဲ့လဲ့ဖြစ်နေသည်။ တစ်ဖက် ပါတနာ မိန်းကလေးရဲ့ ခါသိမ်သိမ်းကို ကိုင်မြှောက်ပြီး လေ့ကျင့်ထားသလို စင်အောက်မှာကြည့်နေတဲ့ ပရိတ်သတ်တွေ စိတ်မပျက်အောင် ဖျော်ဖြေနေတယ်။

ကွေးမြှောက်လိုက်တဲ့ ခြေထောက်တွေဟာ မျဉ်းဖြောင့်တစ်ကြောင်းလို။ ထယ်ရယ်က သူ့ရှေ့က ပါတနာမိန်းကလေးက လေး၊ငါး ကြိမ်မက လှည့်ပတ်နေတဲ့ အတွက် ခါးကိုလက်တစ်ဖက်နဲ့ ထိန်းကိုင်ပေးပြီးနောက် လက်တစ်ဖက်ကိုလဲ သူမ၏လက်နဲ့ ရောယှက်ကာ ကပြနေသည်။

နောက်ဆုံးကကွက်ဖြစ်တဲ့ မိန်းကလေးရဲ့ မျက်နှာဖုံးကို ချွတ်ဖို့ကြိုးစားရမှာဖြစ်တဲ့ အတွက် ထယ်ရယ်ဟာ ပါတနာမိန်းကလေးရဲ့ ပုခုံးကို တစ်ပတ်လှည်တဲ့အက ကပြီးမှ သူမ မျက်နှာအနားကို လက်လှမ်းသွားတဲ့အချိန်မှာပဲ လိုက်ကာအနီဟာ တစ်ဖြေးဖြေးကျလာသည်။

တစ်ပြိုင်နက်တည်း ပရိတ်သတ်တွေဆီမှ လက်ခုတ်ဩဘတွေဟာ ပြဇာတ်ရုံတစ်ခွင်လုံးဟိန်းသွားတော့တယ်။
ချထားတဲ့ လိုက်ကာအနီကို ဖယ်ပြီး ထွက်လာတဲ့ ထယ်ရယ် နှင့် သူ့အကဖော် ပါတနာမိန်းကလေးတို့ဟာ လက်တွဲထားပြီး ပရိတ်သတ်တွေကို ၉၀ဒီဂရီဦးညွှတ်ကာ ကျေးဇူးတင်ကြောင်းပြသပေးလိုက်သည်။

ထယ်ရယ်က စင်အောက်က လူအုပ်ထဲကို မျက်စိကစားကာ လိုက်ကြည့်နေမိတယ်။

လူအုပ်တွေထဲမှာ သူ့ကောင်လေးက တော့ ထင်းထွက်နေရမယ်မဟုတ်လား။

ရစ်ခီ ဘယ်နားမှာ များလဲ..။ အမှန်ဆို ပန်းတစ်စည်းနဲ့ ဂုဏ်ပြုကြောင်း စောင့်ဆိုင်းနေရမယ်မဟုတ်လား။

ပွဲပြီးပြီးချင်း တွေ့ချင်နေတဲ့သူကို မတွေ့ရတဲ့အတွက်
ထယ်ရယ်က အလိုမကျစွာ နူတ်ခမ်းက တစ်ဖြေးဖြေးဆူလာတာကို သတိထားမိတဲ့ အလုပ်အတူတူတွဲလိုက်တဲ့ ပါတနာ မိန်းကလေး ဆူယောင်းက ရယ်သည်။

"ကောင်လေးကိုမတွေ့လို့လား"

ထိုအခါ ထယ်ရယ်က နှာခေါင်းလေးရှုံ့ကာ ခေါင်းညိမ့်ပြသည်။ အမ ဆူယောင်းလက်ထဲမှာတော့ သူ့ချစ်သူကောင်လေး ပေးထားတဲ့ ပန်းတစ်စည်း။ အမ ဆူယောင်းဘေးနားမှာ သူမရဲ့ ချစ်သူကောင်လေး။

Treat me like a princess,Fuck me like a holeWhere stories live. Discover now