•11•

420 63 10
                                    


ဂွမ်းစောင်အကြီးကြီးထဲမှာ နစ်မြှုပ်နေတဲ့ ထယ်ရယ်ဟာ အိပ်ရာက နိုးနေပေမဲ့ အပျင်းလေးလုပ်နေတာကြောင့် ရစ်ခီ ဘယ်လိုချော့ပြောပြော ကုတင်ကနေမထပါ။

ဆံပင်ခပ်အုပ်အုပ်တွေက မှိုလုံးလေးတွေဖြစ်နေပြီး ကုတင်ပေါ်မှာ ပုံမှန်အတိုင်းအိပ်နေတာမဟုတ်ပဲ ဂွမ်းစောင်ကြားထဲမှာ အသေးဆုံးဖြစ်အောင် တမင်ကွေးအောင် အိပ်နေတာများ ပုစွန်တုတ်လေးလိုတောင်ဖြစ်နေပြီ။

ကုတင်ပေါ်မှာ တစ်စောင်းလွှဲထိုင်ပြီး သူ့ကို ထိုင်နိုးနေတဲ့
ရစ်ခီကတော့ အလုပ်တောင်သွားဖို့ အသင့်ဖြစ်နေပေမဲ့ ထယ်ရယ်ကတော့ ပေတေပြီး တမင်အရစ်ကလေးလုပ်နေတာ။

အနည်းငယ်မို့မောက်နေတဲ့ မျက်ခွံတွေကတော့ ညတုန်းက ငိုခဲ့လိုပဲဖြစ်သည်။ အကြောင်းတစ်ရားကတော့ ရစ်ခီ့ကြောင့်အပြင် ဘယ်သူ့မှမရှိပေ။

အရင်စပြီး စိန်ခေါ်တဲ့သူက ထယ်ရယ် ဖြစ်ပေမဲ့ ရစ်ခီ့ကို အမှီမလိုက်နိုင်ခဲ့ပါ။ ကျန်တဲ့နေရာမှာသာ အလိုလိုက်ခံရရင်ခံရမယ်၊ ချော့ပြောခံရမယ်၊ ဒါပေမဲ့ ဒီလိုကိစ္စမျိုးတွေမှာတော့ ထယ်ရယ်က အရှုံ့ပေးရပါတယ်။

အငြှိုးနဲ့များ အနိုင်ကျင့်နေသလားလို့တောင် တွေးမိတော့ အပေါ်စီးမှာရှိနေတဲ့ ရစ်ခီက သူ့ကို အာရုံမစိုက်လို့ဆိုပြီး ဆူခဲ့သေးတယ်။

ပီဇာကိုဒယ်လီကနေ လက်ခံယူလိုက်ပေမဲ့ မစားခဲ့ရတာကြောင့် ထယ်ရယ်က သိပ်မကျေမနပ်ဖြစ်နေတာတော့အမှန်။

"ထတော့ဆိုဗျာ..မနက်စာစားပြီးမှပြန်အိပ်.."

ရစ်ခီက သည်လိုပြောတော့ ထယ်ရယ်က ရှုံ့မဲ့ကာ တစ်ဖက်ကို လှည့်ကာ ကျောပေးသွားတာကြောင့် ရစ်ခီက ထယ်ရယ်ရဲ့ တင်လုံးလုံးလေးကို ခပ်ဖွဖွပုတ်ကာ ထပ်ချော့ပြောဖို့ကြံသည်။

"ကျွန်တော် မနက်စာ ပြင်ပေးထားတယ်လေ..အဆာလွန်ရင် မကောင်းဘူး..ထ ..ထ လိမ္မာတယ်လေ"

"မဆာပါဘူးဆိုနေမှ"

ဒါက အသံကို ဆောင့်ကြီးအောင့်ကြီးပြောလိုက်တဲ့အပြင် ခြေထောက်တစ်ဖက်ကိုတောင် လေထဲဆောင့်ပြီးပြောလိုက်သေးသည်။

Treat me like a princess,Fuck me like a holeWhere stories live. Discover now