intro

371 42 3
                                    

မူလဘဝအဆုံးသတ်ခြင်း၊systemနှင့်ချိတ်ဆက်မိခြင်း

------------------

ကားစီယာတိုင်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားရင်း မျက်ရည်စတို့ကဝေ့တက်လာ၏။ ချစ်ရသူကသစ္စာဖောက်ခြင်းအားမျက်မြင်တွေ့လိုက်ရတဲ့အခါ သူ့နှလုံးသားတစ်ခုလုံးကကျွမ်းထိုးမှောက်ခုန်ဖြစ်ကုန်၏။

နောက်ကနေပြေးလိုက်လာသောအသံတွေကိုလျစ်လျူရှုလျက် ကားရှိရာသို့ပြေးလာပြီး အရှိန်ပြင်းပြင်းမောင်းထွက်လာသည့်အပြင် အဆက်မပြတ်စီးကျနေသောမျက်ရည်တို့ကြောင့်အမြင်တို့ကဝေဝေဝါးဝါး...

*ဒိန်းး * *ဝုန်း*

ရှေ့တည့်တည့်ကဝင်လာသောဆယ်ဘီးကားနှင့်တိုက်မိပြီး သူ့ကားလေးကသုံးလေးပတ်လောက်လိမ့်ကာလွင့်ထွက်သွား၏။

*ဟျာင့်ရေ ငိုရုံပဲငိုတာလေ မသေချင်သေးဘူးကွ*

ဟုတွေးလိုက်မိသော်ငြားလည်း နောက်ကျသွားပြီဖြစ်ကြောင်း
ခေါင်းထက်ကစီးကျလာသောအနီရင့်ရောင်ခပ်ချွဲချွဲအရည်တို့ကသွေးတွေမှန်းသိလိုက်ရသည့်နောက်တွင်အသိစိတ်တို့ကလွင့်ထွက်လုနီးပါးပင်...

လောကကြီးအားမနှုတ်ဆက်ခင်မြင်လိုက်ရသည့်ပုံရိပ်ဝါးဝါးကသူ့စီသို့‌ အလောတကြီးပြေးလာသောချစ်ရသူ...

ကားထဲမှသူ့အားဆွဲထုတ်ကာပွေ့ဖက်လျက်ရိုက်ကြီးတငင်ငိုနေသောချစ်ရသူအသံကြောင့် စိတ်ထဲတွင်နှာခေါင်းရှုံ့ကာကဲ့ရဲ့ပြီးတဲ့နောက် သူလည်းဒီလောကကြီးအားအပြီးအပိုင်နှုတ်ဆက်ခဲ့လိုက်ရတော့သည်။

*ကားတိုက်ပြီးမှလာရသလား နာယိုးဘဲကြီးရဲ့*

---------

'System space ကနေကြိုဆိုပါတယ်'

သူ့ရှေ့တွင်ရှိနေသောဟမ်းစတားတစ်ကောင်နဲ့မြေခွေးတစ်ကောင်ကိုမက်သရူးကကြောင်တောင်တောင်ကြည့်၏။

ကားအက်စီးဒန့်ဖြစ်ပြီးတဲ့နောက်အဆုံးသတ်သွားဟုထင်လိုက်ကာမှရုတ်တရတ်ဆိုသလိုအသံတို့ကြားနေရသဖြင့် သူမျက်လုံးတို့ကအလိုအလျောက်ဖွင့်လာခဲ့သည်။မည်သည့်နာကျင်မှုမှမရှိတာမို့အထူးအဆန်းဖြစ်နေသည့်အပြင်သန့်ရှင်းလှပသောအဖြူရောင်အဝတ်အစားတို့လည်းပြောင်းနေသဖြင့်နတ်ပြည်ရောက်နေသည်ဟုထင်လိုက်၏။

အပြိုင်ကမ္ဘာကငါကကြာပန်းဖြူလိုနူးညံ့နေတယ်တဲ့လားWhere stories live. Discover now