03

210 34 8
                                    

ဒီသောက်ကျိုးနည်းဘဝကြီးကိုလိုချင်တော့ဘူး

---------------------

မက်သရူး ကျောင်းခန်းတွင်းသို့ဝင်လာသည်နှင့်သူ့အားတစ်မေ့တစ်မောငေးကြည့်နေသောသူများကြောင့် သူ့မှာဆက်ပဲဝင်ရတော့မှာလိုလိုပြန်ပဲထွက်ရတော့မှာလိုလိုနှင့် ကြောင်တောင်တောင်ပင်ဖြစ်သွားသေး၏။

ကြည့်လည်းကြည့်ချင်စရာ ပင်။သူကအနုပညာမေဂျာတွင် ဂီတအသား‌ပေး‌ယူထားသည်မို့ သူတို့မေဂျာတန်းတွင် ရှိသောကျောင်းသားတော်တော်များများ၏ရုပ်ရည်မှာသင့်တင့်ရုံမျှဖြစ်နေကြသောကြောင့်။
ကနေဒါသွေးတစ်ဝက်ပါသည့်အပြင် ပြေပြစ်လှသောရုပ်ရည်ကိုပိုင်ထားပြီး ဂီတပိုင်းတွင်လည်းအတော်လေး‌ထူးချွန်သောမက်သရူးကသူတို့မေဂျာတန်းတွင်ရေပန်းစားသည်မှာပုံမှန်ပင်။

မက်သရူးက ဝူဝူရှင်းပြချက်များအဆုံးတွင် နားလည်သဘောပေါက်သွားသလို ထိုသူများအားလျစ်လျူရှုလျက်သူထိုင်နေကြနေရာဆီ‌သို့ဦးတည်လိုက်ပါတော့သည်။

"မောနင်း ထယ်ရယ်"

"မောနင်း မက်သရူး၊ ဒီနေ့နောက်ကျသားပဲ မင်း"

"အေး အိပ်ရာထနောက်ကျနေလို့"

"ဖြစ်ရတယ်"

မက်သရူးကသူ၏တစ်ဦးတည်းသောသူငယ်ချင်းဖြစ်သူကင်မ်ထယ်ရယ်နှင့်စကားပြောရင်းထယ်ရယ်ဘေးကသူ့ခုံပေါ်တွင်ထိုင်လိုက်၏။

မကြာခင်မှာပင် စာသင်ချိန်ရောက်သွားပြီးဖြစ်သောကြောင့်ဆရာမလည်းဝင်နေပြီဖြစ်ကာ စာသင်ခြင်းတွင်အာရုံစိုက်လိုက်ပါတော့သည်....လို့ထင်ပါသလား။

ဘယ်ကသာ...သင်ချင်ရာသင် စိတ်ကိုမဝင်စားဘူး နားကြပ်တပ်သီချင်းနားထောင်ပြီး မှောက်အိပ်နေလိုက်တယ်။

"တီချယ် ဝင်ခွင့်ပြုပါ"

"အေး ဝင်ခဲ့လေ သား"

မက်သရူး၏သီချင်းသံတစ်ပုဒ်အဆုံးတွင်ကြားလိုက်ရသော ရင်းနှီးနေသည့်အသံကြောင့် မတ်ခနဲပင်ခေါင်းထောင်ကာ အသံလာရာဆီသို့လှမ်းကြည့်လိုက်၏။

အပြိုင်ကမ္ဘာကငါကကြာပန်းဖြူလိုနူးညံ့နေတယ်တဲ့လားWhere stories live. Discover now